နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 10 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရေဦးနယ်မှာ စစ်ကောင်စီစစ်ကြောင်းက အရပ်သားလူငယ်နှစ်ဦးကို ဖမ်းဆီးလည်လှီးသတ်ဖြတ်ခဲ့

ဖေဖော်ဝါရီလ (၇) ရက်။

စစ်ကောင်စီစစ်ကြောင်းဟာ ရေဦးနယ်တောင်ဘက်ခြမ်းက ကုက္ကိုစုရွာကို ဝင်ရောက်ပြီး အပြစ်မဲ့ပြည်သူလူငယ် (၂)ဦးကို ဖမ်းဆီးကာ လည်လှီးသတ်ဖြတ်ခဲ့တယ်လို့ ရေဦးအခြေပြု People’s Defence Comrade(အမေ့သား)ထံက သိရပါတယ်။

ခင်ဦးနယ်အနောက်ခြမ်းမှာ မီးရှို့သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်ကြောင်းဟာ မူးမြစ်ကိုဖြတ်ကူးလာပြီး ရေဦးနယ်တောင်ဘက်ခြမ်းက ကုက္ကိုစုရွာကို ဖေဖော်ဝါရီလ (၆)ရက်နေ့ ည (၁၁)နာရီခွဲအချိန်မှာ အလစ်အငိုက်ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

“ အဲ့ဒီခွေးဘီလူးတပ်က မနက်အစောပိုင်း (၁)နာရီလောက်မှာ ကုက္ကိုစု/မူးသာရွာတွေဘက်ကနေ ရေဦးတိုင်းရင်းက ထွက်ကြိုတဲ့ ကားကြီးနှစ်စီးနဲ့ ရေဦးမြို့ထဲက အထက(၁)ကို ဝင်သွားခဲ့ပါတယ်” လို့ ၎င်းက ပြောဆိုထားပါတယ်။

ဒီကနေ့ နံနက် (၆)နာရီလောက်မှာတော့ ရေဦးမြို့ထဲရှိ အထက(၁)ကနေ အနောက်ဘက်ခြမ်းရွာတွေဘက်ကို ထပ်မံစစ်ကြောင်းထိုးကာ အခုအချိန်မှာတော့ ငြုတ္တုံရွာနဲ့ အနီးဝန်းကျင်မှာ ဝင်ရောက်တပ်စွဲထားတယ်လို့ သိရပါတယ်။

ခလရ(၇၁)နဲ့ ခမရ(၇၀၈)တို့ ပူးပေါင်းထားတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာ ဇန်နဝါရီလကစပြီး ဒီကနေ့အထိ ရေဦးနယ်၊ ခင်ဦးနယ်နဲ့ ဒီပဲယင်းနယ်တို့က ကျေးရွာတွေကို ညပိုင်းအချိန် အလစ်အငိုက်ဝင်ပြီး အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးကာ PDF ခေါင်းစဉ်တပ်ပြီး ရက်ရက်စက်စက် သတ်ဖြတ်နေတာလို့ ဆိုထားပါတယ်။

ဒါ့ပြင် ဒေသခံတောင်သူတွေရဲ့ စပါးကျီတွေ၊ စပါးတွေနဲ့ နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေပြီး အဲ့ဒီစစ်ကြောင်းတပ်စွဲထားတဲ့ ငြုတ္တုံရွာအနီးရှိ ရွာတွေ ဘေးလွတ်ရာ တိမ်းရှောင်ပေးဖို့ People’s Defence Comrade(အမေ့သား)က သတိပေးထားပါတယ်။

အခုလို စစ်ကောင်စီက စစ်ကြောင်းထိုးနေတဲ့အတွက် ရေဦးနယ်အနောက်ဘက်ခြမ်းက ကျေးရွာ (၁၁)ရွာရှိ ပြည်သူ (၅၀၀၀)ကျော်မှာလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ထီးချိုင့်နယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၀)ဦးကျော် သေဆုံးပြီး (၂၀)ကျော် ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 2 Views
မတ်လ (၁၀)ရက်။ အခုရက်ပိုင်းထဲ ထီးချိုင့်မြို့ရှိ ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ ဂျက်ဖိုက်တာတွေနဲ့ (၁၀)ကြိမ်နီးပါး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Tigyaing Revolution
မြန်မာသတင်း

ညောင်လေးပင်လူသတ်မှု စစ်ကောင်စီအတွက် ပထမဆုံးမဟုတ်ဘဲ အာဏာမသိမ်းခင်ကထဲက ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 3 Views
မတ်လ (၁၀)ရက်။ ညောင်လေးပင်မှာ စစ်ကောင်စီရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာဟာ ပထမဆုံးအကြိမ်မဟုတ်ဘူးလို့ ဗကသများအဖွဲ့ချုပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

PDF ထိန်းချုပ်ထားတဲ့ရွာကို သွားဖျော်ဖြေတာကြောင့်ဆိုပြီး အဆိုတော် လမင်းကဗျာကို စစ်တပ် ဖမ်းဆီး

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 3 Views
မတ်လ (၁၀)ရက်။ မနေ့က နံနက်ပိုင်းအချိန်က ရန်ကုန် လှိုင်မြို့နယ်ရှိ နေအိမ်မှာ အဆိုတော် လမင်းကဗျာကို စစ်တပ်က ဖမ်းဆီးစစ်ဆေးနေတယ်လို့ သတင်းထုတ်ပြန်ချက်‌တွေအရ သိရပါတယ်။ “ သူက PDF ထိန်းချုပ်ထားတဲ့ မြိုင်မြို့နယ်ဘက်က ဝယ်တောင်ရွာကို သီချင်းသွားဖျော်ဖြေလို့ဆိုပြီး
မြန်မာသတင်း

လယ်ကဆောနယ်ထဲ စစ်တပ်နဲ့ KNLA တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က (၄)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 3 Views
မတ်လ (၁၀)ရက်။ မနေ့က နံနက် (၁၀)နာရီအချိန်က လယ်ကဆောမြို့နယ်ထဲ စစ်ကြောင်းထိုးဝင်လာတဲ့ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ တပ်ရင်း (၅၅၉)၊ (၅၆၀)၊ (၃၅၈)နဲ့
မြန်မာသတင်း

တော်လှန်ရေးဦးဆောင်အဖွဲ့တွေနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးတာတွေ လုပ်ဆောင်နေတယ်လို့ NUG ဝန်ကြီးချုပ်ပြော

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 19 Views
မတ်လ (၁၀)ရက်။ NUG အနေနဲ့ တော်လှန်ရေးဦးဆောင်အဖွဲ့တွေအကြား နိုင်ငံရေးအရ ကျေလည်မှုရှိစေဖို့အတွက် အချိန်ပေး တွေ့ဆုံဆွေးနွေးတာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့က ရန်ကုန်ဖက်ဒရယ်ယူနစ်လွှတ်တော်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဒီလို အားကောင်းတဲ့ စုဖွဲ့မှုကနေ အာဏာရှင်စနစ်
မြန်မာသတင်း

ထရမ့်အစိုးရ ရင်ဆိုင်နေရသော ဆိုးရွားသည့် ရွေးချယ်မှု- စီးပွားရေး ပျက်ကပ်လား သို့မဟုတ် ရေတပ် ပြိုကျမှုလား?

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် ထရမ့်အစိုးရသည် လက်ရှိတွင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှုနှင့် ရေတပ်ဆိုင်ရာ ကပ်ဘေးတစ်ခုကြားတွင် ပိတ်မိနေသည်။ အီရန်နှင့် ပဋိပက္ခ ပြင်းထန်လာသည်နှင့်အမျှ ကမ္ဘာ့အရေးပါသော စွမ်းအင်လမ်းကြောင်းများသည် “
မြန်မာသတင်း

ညောင်လေးပင်မှာ စစ်တပ်က ကိုယ်ဝန်ဆောင်အပါအဝင် ပြည်သူ (၄၀)ကျော် သတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 27 Views
ညောင်လေးပင်မှာ စစ်တပ်က ကိုယ်ဝန်ဆောင်အပါအဝင် ပြည်သူ (၄၀)ကျော် သတ်ဖြတ်ခဲ့ မတ်လ (၉)ရက်။ မတ်လ (၅)ရက်နေ့ နံနက် (၅)နာရီခန့်က ညောင်လေးပင်မြို့ရှိ ကျေးရွာတွေကို စစ်ကြောင်း (၄)ကြောင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

KTLA တပ်ဖွဲ့ဝင်တွေက KNLA ရဲဘော်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 25 Views
မတ်လ (၉)ရက်။ မတ်လ (၇)ရက်နေ့ နံနက် (၂)နာရီအချိန်က ကစယ်ဒိုမြို့မှာ KTLA တပ်ဖွဲ့ဝင်တွေက KNLA ရဲဘော်တဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကစယ်ဒိုမြို့ ဘန်းချောင်းရွာအုပ်စုမှာ ဗိုလ်စောအယ်ခွီး(ခ)ကော်လားဖိုး