နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 11 ရက်

1027 Operations

1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အပြစ်မဲ့အရပ်သားတွေကို မတရားဖမ်းဆီးသတ်ဖြတ်ဟု AA က သတင်းထုတ်ပြန်

ဖေဖော်ဝါရီလ (၁၂) ရက်

ရက္ခိုင်နဲ့ ချင်းပြည်နယ် ပလက်ဝ စစ်မျက်နှာတွေမှာ စစ်စခန်းတစ်ခုပြီးတစ်ခု နေ့စဉ်ရက်ဆက် လက်လွှတ်ဆုံးရှုံးနေတဲ့ စစ်ရှုံးစစ်ကောင်စီဟာ ရက္ခိုင်ဒေသတွင်းရှိ မြို၊ ရွာတွေနဲ့ အဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းတွေအပါအဝင် လုပ်ကြံစွပ်စွဲချက်အမျိုးမျိုးနဲ့ အပြစ်မဲ့ အရပ်သားပြည်သူများအား မတရားဖမ်းဆီး သတ်ဖြတ်ခြင်း၊ လူသားဒိုင်းများ ပြုလုပ်ခြင်း၊ မတရားဖမ်းဆီးချုပ်နှောင်ထားတဲ့ အချုပ်သားတွေကို သတ်ဖြတ်ခြင်း စတဲ့ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း လက်ရဲဇက်ရဲ ကျုးလွန်နေတယ်လို့ AA က ဖေဖော်ဝါရီလ (၁၁) ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

မြောက်ဦးအခြေစိုက် စစ်ကောင်စီ၏ ခမရ (၃၇၈) တပ်ရင်းက စစ်ကောင်စီတပ်ဖွဲဝင်နှစ်ဦးဟာ မတရားဖမ်းဆီးချုပ်နှောင်ထားတဲ့ မြောက်ဦးမြိုနယ်မှအရပ်သား ပြည်သူတွေဖြစ်ကြတဲ့

(၁) ကိုကျော်ဇံဝေ (ခ) ဖိုးလပြည့် (ခ) ရင်ဆို

(၂) သတင်းသမား ကိုမြတ်သူထွန်း (ခ) ဖိုးသီဟ

(၃) ကိုကျော်သိန်းလှိင်

(၄) ကိုကျော်ဝင်းလှိင်

(၅) ကိုကိုညွန့်

(၆) ကိုဝင်းနိုင်

(၇) ကိုပြည့်စုံဝင်း တို (၇) ဦးကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ (၃၁) ရက်နေ့၊ နေ့လယ် (၂) နာရီခန့်မှာ မြောက်ဦးအခြေစိုက်၊ ခမရ (၃၇၈) တပ်ရင်း အချုပ်ခန်းထဲမှာ ရက်ရက်စက်စက် မသေမချင်း သေနတ်နဲ့ ပစ်သတ်ခဲ့ကြပြီး ရုပ်အလောင်းများအား (၃၇၈) တပ်ရင်းဆေးရုံအနီး ဗုံးခိုကျင်းထဲ၌ မြှုပ်ကာ အလောင်းဖျောက်ဖျက်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် မင်းပြားအခြေစိုက် စစ်ကောင်စီရဲ့ ခမရ (၃၇၉) တပ်ရင်းမှ တပ်ဖွဲဝင်တွေကလည်း လုပ်ကြံစွပ်စွဲချက်မျိုးစုံဖြင့် ပုဒ်မအမျိုးမျိုးတပ်ကာ မတရားဖမ်းဆီး ချုပ်နှောင်ထားတဲ့ ရသေ့တောင်မြိုနယ်က ကိုညီညီအောင် (ခ) အောင်ဇော်ဝင်းနဲ့ မင်းပြားမြိုနယ်မှ ဦးကျော်ညွန့် တို (၂) ဦးကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်နေ့၊ ညနေ (၃) နာရီ (၄၅) မိနစ်ဝန်းကျင်မှာ ခမရ (၃၇၉) အချုပ်ခန်းထဲမှာ မသေမချင်း သေနတ်နဲ့ ပစ်သတ်ခဲ့ကြတယ်လို့ ပြောပြထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ အပြစ်မဲ့ပြည်သူတွေကို မတရားဖမ်းဆီးသတ်ဖြတ်တဲ့ စစ်ရာဇဝတ်မှု ကျူးလွန်မှုပေါင်း မြောက်မြားစွာကို ရက္ခိုင်နဲ့ ပလက်ဝဒေသတွေမှာသာမက မြန်မာနိုင်ငံအနှံ့မှာ စစ်ကောင်စီဟာ ဆက်တိုက် ကျူးလွန်နေတယ်လို့ ဖော်ပြထားပါတယ်။

အာရက္ခပြည်သူ့အစိုးရအနေနဲ့ အဲ့ဒီစစ်ရာဇဝတ်မှုကျူးလွန်သူတွေကို ၎င်းတို ကျူးလွန်ခဲ့တဲ့ ပြစ်မှုနဲ့အညီ ပြစ်ဒဏ်ပေးသွားမှာဖြစ်ပြီး ကျူးလွန်ခံရတဲ့ကာယကံရှင်နဲ့ မိသားစုတွေအတွက် တရားမျှတမှုရရှိအောင် ထိရောက်ပြတ်သားစွာ ဆောင်ရွက်သွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

Source/Photo: သတင်းနှင့်ပြန်ကြားရေး, ရက္ခိုင့်တပ်တော်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ညောင်လေးပင်မှာ စစ်တပ်က ဖမ်းဆီးခဲ့တဲ့ ပြည်သူ (၃၀၀)ကျော်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို ပဲခူးတိုင်းစစ်ဌာနထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 10 Views
မတ်လ (၁၀)ရက်။ ညောင်လေးပင်မြိုမှာ စစ်တပ်က ဓါးစာခံအနေနဲ့ ဖမ်းဆီးထားတဲ့ ပြည်သူ (၃၀၀)ကျော်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို ပဲခူးတိုင်းစစ်ဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ထီးချိုင့်နယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၀)ဦးကျော် သေဆုံးပြီး (၂၀)ကျော် ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 9 Views
မတ်လ (၁၀)ရက်။ အခုရက်ပိုင်းထဲ ထီးချိုင့်မြို့ရှိ ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ ဂျက်ဖိုက်တာတွေနဲ့ (၁၀)ကြိမ်နီးပါး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Tigyaing Revolution
မြန်မာသတင်း

ညောင်လေးပင်လူသတ်မှု စစ်ကောင်စီအတွက် ပထမဆုံးမဟုတ်ဘဲ အာဏာမသိမ်းခင်ကထဲက ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 9 Views
မတ်လ (၁၀)ရက်။ ညောင်လေးပင်မှာ စစ်ကောင်စီရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာဟာ ပထမဆုံးအကြိမ်မဟုတ်ဘူးလို့ ဗကသများအဖွဲ့ချုပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အခု ညောင်လေးပင်လူသတ်မှုဟာ စစ်ကောင်စီအတွက်တော့ ပထမဆုံး မဟုတ်ပါဘူး။ စစ်ကောင်စီဟာ အာဏာမသိမ်းခင်ကာလများတည်းက ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအပါအဝင်
မြန်မာသတင်း

PDF ထိန်းချုပ်ထားတဲ့ရွာကို သွားဖျော်ဖြေတာကြောင့်ဆိုပြီး အဆိုတော် လမင်းကဗျာကို စစ်တပ် ဖမ်းဆီး

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 7 Views
မတ်လ (၁၀)ရက်။ မနေ့က နံနက်ပိုင်းအချိန်က ရန်ကုန် လှိုင်မြို့နယ်ရှိ နေအိမ်မှာ အဆိုတော် လမင်းကဗျာကို စစ်တပ်က ဖမ်းဆီးစစ်ဆေးနေတယ်လို့ သတင်းထုတ်ပြန်ချက်‌တွေအရ သိရပါတယ်။ “ သူက PDF ထိန်းချုပ်ထားတဲ့ မြိုင်မြို့နယ်ဘက်က ဝယ်တောင်ရွာကို သီချင်းသွားဖျော်ဖြေလို့ဆိုပြီး
မြန်မာသတင်း

လယ်ကဆောနယ်ထဲ စစ်တပ်နဲ့ KNLA တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က (၄)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 10 Views
မတ်လ (၁၀)ရက်။ မနေ့က နံနက် (၁၀)နာရီအချိန်က လယ်ကဆောမြို့နယ်ထဲ စစ်ကြောင်းထိုးဝင်လာတဲ့ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ တပ်ရင်း (၅၅၉)၊ (၅၆၀)၊ (၃၅၈)နဲ့
မြန်မာသတင်း

တော်လှန်ရေးဦးဆောင်အဖွဲ့တွေနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးတာတွေ လုပ်ဆောင်နေတယ်လို့ NUG ဝန်ကြီးချုပ်ပြော

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 19 Views
မတ်လ (၁၀)ရက်။ NUG အနေနဲ့ တော်လှန်ရေးဦးဆောင်အဖွဲ့တွေအကြား နိုင်ငံရေးအရ ကျေလည်မှုရှိစေဖို့အတွက် အချိန်ပေး တွေ့ဆုံဆွေးနွေးတာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့က ရန်ကုန်ဖက်ဒရယ်ယူနစ်လွှတ်တော်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဒီလို အားကောင်းတဲ့ စုဖွဲ့မှုကနေ အာဏာရှင်စနစ်
မြန်မာသတင်း

ထရမ့်အစိုးရ ရင်ဆိုင်နေရသော ဆိုးရွားသည့် ရွေးချယ်မှု- စီးပွားရေး ပျက်ကပ်လား သို့မဟုတ် ရေတပ် ပြိုကျမှုလား?

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် ထရမ့်အစိုးရသည် လက်ရှိတွင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှုနှင့် ရေတပ်ဆိုင်ရာ ကပ်ဘေးတစ်ခုကြားတွင် ပိတ်မိနေသည်။ အီရန်နှင့် ပဋိပက္ခ ပြင်းထန်လာသည်နှင့်အမျှ ကမ္ဘာ့အရေးပါသော စွမ်းအင်လမ်းကြောင်းများသည် “
မြန်မာသတင်း

ညောင်လေးပင်မှာ စစ်တပ်က ကိုယ်ဝန်ဆောင်အပါအဝင် ပြည်သူ (၄၀)ကျော် သတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 27 Views
ညောင်လေးပင်မှာ စစ်တပ်က ကိုယ်ဝန်ဆောင်အပါအဝင် ပြည်သူ (၄၀)ကျော် သတ်ဖြတ်ခဲ့ မတ်လ (၉)ရက်။ မတ်လ (၅)ရက်နေ့ နံနက် (၅)နာရီခန့်က ညောင်လေးပင်မြို့ရှိ ကျေးရွာတွေကို စစ်ကြောင်း (၄)ကြောင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ