နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 17 ရက်

1027 Operations

1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အပြစ်မဲ့အရပ်သားတွေကို မတရားဖမ်းဆီးသတ်ဖြတ်ဟု AA က သတင်းထုတ်ပြန်

ဖေဖော်ဝါရီလ (၁၂) ရက်

ရက္ခိုင်နဲ့ ချင်းပြည်နယ် ပလက်ဝ စစ်မျက်နှာတွေမှာ စစ်စခန်းတစ်ခုပြီးတစ်ခု နေ့စဉ်ရက်ဆက် လက်လွှတ်ဆုံးရှုံးနေတဲ့ စစ်ရှုံးစစ်ကောင်စီဟာ ရက္ခိုင်ဒေသတွင်းရှိ မြို၊ ရွာတွေနဲ့ အဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းတွေအပါအဝင် လုပ်ကြံစွပ်စွဲချက်အမျိုးမျိုးနဲ့ အပြစ်မဲ့ အရပ်သားပြည်သူများအား မတရားဖမ်းဆီး သတ်ဖြတ်ခြင်း၊ လူသားဒိုင်းများ ပြုလုပ်ခြင်း၊ မတရားဖမ်းဆီးချုပ်နှောင်ထားတဲ့ အချုပ်သားတွေကို သတ်ဖြတ်ခြင်း စတဲ့ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း လက်ရဲဇက်ရဲ ကျုးလွန်နေတယ်လို့ AA က ဖေဖော်ဝါရီလ (၁၁) ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

မြောက်ဦးအခြေစိုက် စစ်ကောင်စီ၏ ခမရ (၃၇၈) တပ်ရင်းက စစ်ကောင်စီတပ်ဖွဲဝင်နှစ်ဦးဟာ မတရားဖမ်းဆီးချုပ်နှောင်ထားတဲ့ မြောက်ဦးမြိုနယ်မှအရပ်သား ပြည်သူတွေဖြစ်ကြတဲ့

(၁) ကိုကျော်ဇံဝေ (ခ) ဖိုးလပြည့် (ခ) ရင်ဆို

(၂) သတင်းသမား ကိုမြတ်သူထွန်း (ခ) ဖိုးသီဟ

(၃) ကိုကျော်သိန်းလှိင်

(၄) ကိုကျော်ဝင်းလှိင်

(၅) ကိုကိုညွန့်

(၆) ကိုဝင်းနိုင်

(၇) ကိုပြည့်စုံဝင်း တို (၇) ဦးကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ (၃၁) ရက်နေ့၊ နေ့လယ် (၂) နာရီခန့်မှာ မြောက်ဦးအခြေစိုက်၊ ခမရ (၃၇၈) တပ်ရင်း အချုပ်ခန်းထဲမှာ ရက်ရက်စက်စက် မသေမချင်း သေနတ်နဲ့ ပစ်သတ်ခဲ့ကြပြီး ရုပ်အလောင်းများအား (၃၇၈) တပ်ရင်းဆေးရုံအနီး ဗုံးခိုကျင်းထဲ၌ မြှုပ်ကာ အလောင်းဖျောက်ဖျက်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် မင်းပြားအခြေစိုက် စစ်ကောင်စီရဲ့ ခမရ (၃၇၉) တပ်ရင်းမှ တပ်ဖွဲဝင်တွေကလည်း လုပ်ကြံစွပ်စွဲချက်မျိုးစုံဖြင့် ပုဒ်မအမျိုးမျိုးတပ်ကာ မတရားဖမ်းဆီး ချုပ်နှောင်ထားတဲ့ ရသေ့တောင်မြိုနယ်က ကိုညီညီအောင် (ခ) အောင်ဇော်ဝင်းနဲ့ မင်းပြားမြိုနယ်မှ ဦးကျော်ညွန့် တို (၂) ဦးကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်နေ့၊ ညနေ (၃) နာရီ (၄၅) မိနစ်ဝန်းကျင်မှာ ခမရ (၃၇၉) အချုပ်ခန်းထဲမှာ မသေမချင်း သေနတ်နဲ့ ပစ်သတ်ခဲ့ကြတယ်လို့ ပြောပြထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ အပြစ်မဲ့ပြည်သူတွေကို မတရားဖမ်းဆီးသတ်ဖြတ်တဲ့ စစ်ရာဇဝတ်မှု ကျူးလွန်မှုပေါင်း မြောက်မြားစွာကို ရက္ခိုင်နဲ့ ပလက်ဝဒေသတွေမှာသာမက မြန်မာနိုင်ငံအနှံ့မှာ စစ်ကောင်စီဟာ ဆက်တိုက် ကျူးလွန်နေတယ်လို့ ဖော်ပြထားပါတယ်။

အာရက္ခပြည်သူ့အစိုးရအနေနဲ့ အဲ့ဒီစစ်ရာဇဝတ်မှုကျူးလွန်သူတွေကို ၎င်းတို ကျူးလွန်ခဲ့တဲ့ ပြစ်မှုနဲ့အညီ ပြစ်ဒဏ်ပေးသွားမှာဖြစ်ပြီး ကျူးလွန်ခံရတဲ့ကာယကံရှင်နဲ့ မိသားစုတွေအတွက် တရားမျှတမှုရရှိအောင် ထိရောက်ပြတ်သားစွာ ဆောင်ရွက်သွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

Source/Photo: သတင်းနှင့်ပြန်ကြားရေး, ရက္ခိုင့်တပ်တော်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဗန်းမောက်မြို့မှာ SNA ကင်းစခန်း တိုက်ခိုက်ခံရပြီး (၃)ဦးထက်မနည်း သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 16 ရက်
  • 15 Views
ဇူလိုင်လ (၁၆)ရက်။ ဇူလိုင်လ (၁၄)ရက်နေ့က ဗန်းမောက်မြို့ မြစ်သေးချင်းရွာအနီး ရှမ်းနီအမျိုးသားတပ်မတော်(SNA)ရဲ့ ကင်းစခန်းကို တိုက်ခိုက်ခဲ့တယ်လို့ ကသာခရိုင်အမှတ်(၄)တပ်ရင်းရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
1027 Operations

နောင်ချိုတိုက်ပွဲ ဆက်လက်ပြင်းထန်နေမှာဖြစ်တဲ့အတွက် ပြည်သူတွေ သတိထားနေထိုင်ဖို့ TNLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 16 ရက်
  • 16 Views
ဇူလိုင်လ (၁၆)ရက်။ နောင်ချိုမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေမှာဖြစ်တဲ့အတွက် ပြည်သူတွေ လုံခြုံရေးသတိထားပြီး နေထိုင်သွားလာကြဖို့ TNLA က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့
မြန်မာသတင်း

ဝန်ကြီးအများစု ပြည်တွင်းမှာ အလုပ်လုပ်နေကြပြီလို့ NUG ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 16 ရက်
  • 20 Views
ဇူလိုင်လ (၁၆)ရက်။ ပြည်တွင်းက တော်လှန်ရေးလှုပ်ရှားနယ်မြေတွေမှာ ဝန်ကြီးအများစုဟာ အလုပ်လုပ်နေကြပြီလို့ NUG ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးရဲ့ အခုရက်ပိုင်းထဲ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ အများက ပြောကြတယ်။ NUG ကို အားမရဘူးဆိုပြီး။ ကျနော်တို့လည်း အစွမ်းကုန်
1027 Operations

နောင်ချိုမြို့ကို စစ်တပ်က ထိန်းချုပ်ထားနိုင်ပြီဆိုပြီး စစ်လော်ဘီတွေပြောနေ

  • 2025 ခုနှစ်၊ ဇူလိုင်လ 16 ရက်
  • 17 Views
ဇူလိုင်လ (၁၆)ရက်။ နောင်ချိုမြို့ တစ်မြို့လုံးနီးပါးကို စစ်တပ်က ထိန်းချုပ်ထားနိုင်ပြီဆိုပြီး စစ်တပ်‌ထောက်ခံတဲ့ လော်ဘီချန်နယ်တွေက ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး ပြောဆိုနေကြတယ်လို့ သိရပါတယ်။ နောင်ချိုမြို့ တမြို့လုံးနီးပါးအထိကို စစ်တပ်က ပြန်လည်ထိန်းချုပ်ထားနိုင်ပြီဆိုတာကို စစ်လော်ဘီချန်နယ်တွေက သတင်းဓါတ်ပုံတွေနဲ့အတူ ဖော်ပြထားကြပါတယ်။ “
မြန်မာသတင်း

နိုင်ငံရေးပါတီ (၁၉)ခုအထိ တည်ထောင်ခွင့်ပြုထားတယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 16 ရက်
  • 11 Views
ဇူလိုင်လ (၁၆)ရက်။ ဒီကနေ့အချိန်အထိ နိုင်ငံရေးပါတီ (၁၉)ခုအထိ တည်ထောင်ခွင့်ပြုထားတယ်လို့ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နိုင်ငံရေးပါတီ တည်ထောင်လိုသူတွေဟာ သူတို့တည်ထောင်လိုတဲ့ ပါတီအမည်ကို ဖော်ပြပြီး လာရောက်လျှောက်ထားနေကာ ပါတီတည်ထောင်ခွင့် လျှောက်ထားတဲ့အဖွဲ့ (၂၇)ဖွဲ့ရှိတယ်လို့
၁၁၁၃ ရခိုင်စစ်ပွဲ

အလင်းဝင်ဘက်ပြောင်းချင်သူတွေရဲ့ အသက်နဲ့ လုံခြုံရေးကို အာမခံတယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 18 Views
ဇူလိုင်လ (၁၅)ရက်။ စစ်ကောင်စီတပ်ဆီမှာ အဓမ္မစုဆောင်းခံရတဲ့ လူငယ်တွေအနေနဲ့ အလင်းဝင်ဘက်ပြောင်းချင်ရင် အသက်နဲ့ လုံခြုံရေးကို အာမခံတယ်လို့ အာရက္ခတပ်တော်(AA)က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မြန်မာပြည်အနှံက လူငယ်တွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းတာကို ခံရပြီး အမျိုးမျိုး
မြန်မာသတင်း

အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များကို လေ့လာသုံးသပ်ကြည့်ခြင်း (၃)

  • 2025 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 19 Views
အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များကို လေ့လာသုံးသပ်ကြည့်ခြင်း (၃) အပတ်စဥ် တနင်္ဂနွေနေ့တိုင်း မြန်မာစံတော်ချိန် ည ၇ နာရီခွဲမှာ Era’s Eye YouTube ချန်နယ်ကနေ တိုက်ရိုက် (LIVE) ထုတ်လွှင့်နေတဲ့အစီအစ်အရ ပင်တိုင်ဆွေး‌နွေးသူများဖြစ်ကြတဲ့ ဦးထွန်းအောင်ကျော်နဲ့ ဦးထွန်းကြည်တို့က ဆွေးနွေးတင်ပြကြမှာ
မြန်မာသတင်း

ထရန့်နှင့် ရှီသည် ယခုနှစ်တွင် တွေ့ဆုံနိုင်ခြေ မြင့်မားဟု ရူဘီယိုက ပြောကြားခဲ့သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 15 Views
၂၀၂၅ ခုနှစ် ၊ ဇူလိုင် ၁၁ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် နှင့် တရုတ်ခေါင်းဆောင် ရှီကျင်းဖျင့်တို့သည် ယခုနှစ်အတွင်း တွေ့ဆုံရန် ဖြစ်နိုင်ခြေ မြင့်မားသည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက သောကြာနေ့တွင် ပြောကြားခဲ့သည်။