ဖေဖော်ဝါရီလ (၂၆)ရက်။
ဒီကနေ့ နံနက် (၅)နာရီ (၁၀)မိနစ်အချိန်က ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ကုတင်(၁၀၀၀)စစ်ဆေးရုံရှိ လုံခြုံရေးဂိတ်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Dark Shadow ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲ့ဒီလို ဒရုန်းနည်းပညာအသုံးပြုပြီး စစ်ကောင်စီလုံခြုံရေးဂိတ်ကို ဖောက်ခွဲတိုက်ခိုက်ရာမှဦ ထိခိုက်မှုအခြေအနေကို မသိရှိရဘဲ တော်လှန်ရေးရဲဘော်တွေအနေနဲ့ ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီစစ်ဆေးရုံမှာ ရှေ့တန်းပြန်ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အခုအချိန်အထိ ဆေးကုသနေတယ်လို့ ကြားသိရတာကြောင့် သတိပေးတဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
နောက်ထပ်ပစ်မှတ်တွေကိုလဲ ဆက်တိုက် တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့နေရာတွေ၊ စုဝေးရာနေရာတွေကို မသွားကြဖို့နဲ့ ဝေးဝေးက ရှောင်ရှားသွားလာဖို့ မေတ္တာရပ်ခံထားပါတယ်။
ဒါ့ပြင် မနေ့က ညပိုင်းကလဲ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်တဲ့အနေနဲ့ မြောက်ဥက္ကလာပမြို့နယ်ရှိ (ဇ)အုပ်ချုပ်ရေးမှူးရုံးနဲ့ တောင်ဒဂုံမြို့နယ်တို့မှာ ဗုံးပေါက်ကွဲတာတွေရှိခဲ့တယ်လို့ သိရပါတယ်။