နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 13 ရက်

မြန်မာ့နိုင်ငံရေး

မြန်မာ့နိုင်ငံရေး

နွေဦးတော်လှန်ရေးကို ဦးဆောင်နေတဲ့ အစိုးရအနေနဲ့ လေးကန်နှေးကွေးလို့ မရဘူးလို့ NUG ယာယီသမ္မတပြော

ဖေဖော်ဝါရီလ (၂၇)ရက်။

နွေဦးတော်လှန်ရေးကို ဦးဆောင်နေတဲ့ အစိုးရတစ်ရပ်အနေနဲ့ လေးကန်နှေးကွေးလို့မရဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့မှာပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“အခု ၂၁ ရာစုဟာ အပြောင်းအလဲတွေက သိပ်မြန်ဆန်နေပါတယ်။ နွေဦးတော်လှန်ရေးထဲက [Generation Z] လို့ ခေါ်တဲ့ လူငယ်တွေရဲ့ စွမ်းရည်နဲ့ ကိုယ်ရည်ကိုယ်သွေးတွေကလည်း ခေတ်နဲ့အညီ သိပ်မြန် / သိပ်သွက်တာကို တွေ့ရပါတယ်။ ဒါ့ကြောင့် နွေဦးတော်လှန်ရေးကို ဦးဆောင်နေကြတဲ့ အစိုးရတစ်ရပ်ဟာ လေးကန် နှေးကွေးနေလို့မရဘူး”လို့ ၎င်းက ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးကဲ့သို့ တော်လှန်စစ်ရေး အောင်ပွဲရလဒ်တွေကို အလားတူနယ်မြေဒေသတွေမှာ တိုးချဲ့ရရှိနိုင်အောင် အစိုးရအဖွဲ့ဝင်အားလုံးက ခွန်စိုက်အားစိုက် လုံ့လထုတ်ကြဖို့ တိုက်တွန်းထားပါတယ်။

ခုခံတော်လှန်စစ်ရလဒ်တွေကို လက်တွေ့မြေပြင်မှာ ထင်ထင်ရှားရှား ပြသနိုင်မှသာ လူထုရဲ့ဘေးဒုက္ခတွေဟာ အမြန်ကင်းလွတ်မှာဖြစ်တာကြောင့် အကြမ်းဖက် စစ်အုပ်စုကို အလျင်အမြန် ဖယ်ရှားနိုင်ဖို့ အင်မတန် အရေးကြီးတယ်လို့ အထက်ပါပုဂ္ဂိုလ်က ထပ်မံပြောပါတယ်။

ဒါ့ပြင် တော်လှန်ရေးအင်အားစုအချင်းချင်း ပေါင်းစည်းမလုပ်နိုင်တာကြောင့် လူထုကို ကူညီထောက်ပံ့တဲ့ လုပ်ငန်းတွေမှာ နှောင့်နှေးတာမျိုးတွေ ရှိနေတဲ့အတွက် တော်လှန်ရေးအင်အားစု အချင်းချင်းအကြား နိုင်ငံရေးအရ ပိုပြီး ကပ်အားကောင်းအောင် ကြိုးစားလုပ်ဆောင်ကြဖို့ကိုလဲ ယာယီသမ္မတက တိုက်တွန်း‌ထားပါတယ်။

NUG အစိုးရအနေနဲ့ မြေပြင်က တော်လှန်ရေးအင်အားစုတွေနဲ့ နိုင်ငံရေးအရ ပိုမိုအစေးကပ်အောင် ဆက်လက်ကြိုးစားဖို့ လိုနေကာ မြေပြင်က အင်အားစုတွေနဲ့ နားလည်မှု ကျယ်ကျယ်ပြန့်ပြန့် ရရှိထားမှ လူထုအရေးကိစ္စတွေကို ပိုပြီး ထိထိရောက်ရောက်လုပ်နိုင်မှာဖြစ်တယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် မြန်မာ့နိုင်ငံရေး

“တရုတ်အာဏာစက်အောက် အတုအယောင်ငြိမ်းချမ်းရေး”

  • 2026 ခုနှစ်၊ ဇွန်လ 21 ရက်
  • 56 Views
ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ကြည့်ခြင်း (၅၂)မှာဆွေးနွေး ကြမဲ့ ခေါင်းစဥ်ကတော့ “တရုတ်အာဏာစက်အောက် အတုအယောင်ငြိမ်းချမ်းရေး” ဘဲ ဖြစ်ပါတယ်၊ ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကို စစ်အာဏာသိမ်းပြီး ဖြုတ်ချ
တရုတ် မြန်မာ့နိုင်ငံရေး မြန်မာသတင်း

တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပံ့ပိုးကူညီသွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 74 Views
ဇွန်လ (၁၈)ရက်။ တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပံ့ပိုးကူညီသွားမယ်ဆိုပြီး မနေ့က နှစ်နိုင်ငံပူးတွဲကြေညာချက်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ပူးတွဲကြေညာချက်ထဲ စစ်ကော်မရှင်က
နိုင်ငံတကာသတင်း မြန်မာ့နိုင်ငံရေး အရှေ့တောင်အာရှ

အာဆီယံနိုင်ငံအချို့က ခွဲခြားဆက်ဆံတယ်ဆိုပြီး စစ်ကော်မရှင်နိုင်ငံခြားရေးပြော

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 94 Views
မေလ (၁၁)ရက်။ ပြီးခဲ့တဲ့ (၅)နှစ်ထဲ အာဆီယံနိုင်ငံအချို့ရဲ့ သဘောထားနဲ့ မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံတာတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အာဆီယံနိုင်ငံတွေထဲက နိုင်ငံအနည်းငယ်ဟာ ကန့်သတ်တာတွေ၊ ခွဲခြားဆက်ဆံတာတွေနဲ့ တန်းတူကိုယ်စားပြုတာကို ချန်လှပ်ထားတာတွေကို ‌ဆက်လက်ပြုလုပ်ဖို့
တရုတ် မြန်မာ့နိုင်ငံရေး

မြန်မာနိုင်ငံထဲ ပဋိပက္ခတွေ မြင့်တက်လာမှာ မလိုလားဘူးလို့ တရုတ်အထူးကိုယ်စားလှယ်ပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 16 ရက်
  • 294 Views
အောက်တိုဘာလ (၁၆)ရက်။ မြန်မာနိုင်ငံထဲ ပဋိပက္ခတွေ မြင့်တက်လာမှာ မလိုလားဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် Mr. Deng Xijiun က မနေ့က NCA (၁၀)နှစ်ပြည့်အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “မြန်မာပြည်သူတွေဟာ ငြိမ်းချမ်းရေးကို လိုအပ်နေပါတယ်။
မြန်မာ့နိုင်ငံရေး

အကြောင်းအမျိုးမျိုးကြောင့် MOD အောက်ကနေ ထွက်သွားကြတဲ့ တပ်ရင်းအချို့ရှိတယ်လို့ NUG ဝန်ခံ

  • 2025 ခုနှစ်၊ မတ်လ 4 ရက်
  • 468 Views
မတ်လ (၄)ရက်။ အကြောင်းအမျိုးမျိုးကြောင့် MOD ရဲ့ CoC အောက်ကနေ နှုတ်ထွက်သွားကြတဲ့ တပ်ရင်းအချို့ရှိတယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့မှာပြုလုပ်တဲ့ Press Briefing အစီအစဉ်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “တနိုင်ငံလုံးလွတ်မြောက်ဖို့
မြန်မာ့နိုင်ငံရေး

စစ်အာဏာသိမ်းတာကို ဘယ်လိုကာကွယ်မလဲ ?

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 542 Views
စစ်အာဏာသိမ်းတာကို ဘယ်လိုကာကွယ်မလဲ။ ဦးထွန်းအောင်ကျော်နဲ့ ဦးကြီးမြင့်တို့ရဲ့ ဆွေး‌နွေးမှု ဒုတိယပိုင်းကို တင်ဆက်လိုက်ပါတယ်။ ဒီဆွေး‌နွေးမှုမှာ စစ်အာဏာသိမ်းတာကနေ ဘယ်လိုကာကွယ်သင့်သလဲဆိုတာကို သူတို့နှစ်ဦးရဲ့အမြင်တွေကို တင်ပြကြသလို ဒုတိယမေးခွန်းဖြစ်တဲ့ ဒီမိုကရေစီစနစ် ခိုင်မာအောင်ဘာတွေလိုအပ်မလဲဆိုတာကို သူတို့ရှုထောင့်တွေကနေ တဆက်တည်း ဆွေး‌နွေး ထားကြပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာ့နိုင်ငံရေး

(၄)နှစ်တာထဲ အကြမ်းဖက်စစ်အုပ်စုကြောင့် ကလေးငယ် (၇၀၀)နီးပါးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 457 Views
ဇန်နဝါရီလ (၁၈)ရက်။ အာဏာသိမ်း (၄)နှစ်တာကာလထဲ အကြမ်းဖက်စစ်အုပ်ကြောင့် နိုင်ငံတဝန်းရှိ အသက် (၁၈)နှစ်အောက် ကလေးငယ် (၆၉၃)ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ အသက် (၁၈)နှစ်အောက် ကလေးငယ်သေဆုံးခဲ့တာမှာ
မြန်မာ့နိုင်ငံရေး မြန်မာသတင်း

အောင်ပန်းမြို့ရဲစခန်းက‌ အချုပ်ဖောက်ထွက်ပြေးသူတွေကို ဖမ်းမိတယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 549 Views
ဇန်နဝါရီလ (၁၇)ရက်။ ‌အောင်ပန်းမြို့ရဲစခန်းကနေ အချုပ်ခန်းဖောက် ထွက်ပြေးသွားသူတွေအားလုံးကို ပြန်လည်ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီချန်နယ်တွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “အောင်ပန်းရဲစခန်းရဲ့ အချုပ်ခန်းကနေ ထွက်ပြေးသွားသူတွေထဲက (၂)ဦးကို ဖြစ်တဲ့နေ့မှာပဲ ဖမ်းမိခဲ့တာ။ နောက်ပြီးတော့ (၁၄)ရက်မှာ (၂)ဦးနဲ့ မနေ့က