နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

လုံခြုံရေးတင်းကြပ်တဲ့ ရန်ကုန်မှာ ပြောက်ကျားသပိတ်တိုက်ပွဲပေါင်း (၉၁)ကြိမ်အထိ ဆင်နွှဲခဲ့၊ ရေဘဝဲရဲဘော် (၁)ဦးကျဆုံးကာ (၁၂)ဦးဖမ်းဆီးခံရ

ဖေဖော်ဝါရီလ (၂၈)ရက်။

(၃)နှစ်ထဲ လုံခြုံရေးတင်းကြပ်တဲ့ ရန်ကုန်မြို့မှာ ပြောက်ကျားသပိတ်တိုက်ပွဲပေါင်း (၉၁)ကြိမ်အထိ ဆင်နွှဲခဲ့တယ်လို့ ရေဘဝဲ(ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့)ရဲ့ (၃)နှစ်ပြည့် အစီရင်ခံစာမှာ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီလ (၂၈)ရက်ဟာ ရေဘဝဲတည်ထောင်တဲ့ (၃)နှစ်ပြည့်တဲ့နေ့ဖြစ်ပြီး နွေဦးတော်လှန်ရေးလုပ်ငန်းစဉ် (၄)ရပ်ကို ပြုလုပ်ဆင်နွှဲခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲ့ဒီလုပ်ငန်းစဉ် (၄)ရပ်ဟာ သပိတ်တိုက်ပွဲဆင်နွှဲတာ၊ လှုံ့ဆော်စာတန်းချိတ်ဆွဲတာ၊ စည်းရုံးလှုံ့ဆော်တာနဲ့ အခမဲ့ ပညာရေးသင်တန်း ဖွင့်လှစ်သင်ကြားတာတို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ရေဘဝဲအနေနဲ့ (၃)နှစ်ထဲ ပြောက်ကျားသပိတ်တိုက်ပွဲပေါင်း (၉၁)ကြိမ်အပါအဝင် လှုံ့ဆော်စာတန်းချိတ်ဆွဲတာ (၁၅)ကြိမ်နဲ့ လူထုစည်းရုံးလှုံဆော်မှုပေါင်း (၁၄၀)ကြိမ် ပြုလုပ်ခဲ့တယ်လို့ ရေးသားထားပါတယ်။

သပိတ်တိုက်ပွဲတွေကို လုံခြုံရေးတင်းကျပ်စစ်ဆေးတာတွေနဲ့ အသွင်ယူဖမ်းဆီးတာတွေကြားက ဆင်နွှဲခဲ့သလို အထင်ကရနေရာတွေနဲ့ သမိုင်းဝင်အဆောက်အဦးအနီးမှာ လှုံ့ဆော်စာတန်းချိတ်ဆွဲတာတွေ ပြုလုပ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့ပြင် မြေပြင်နဲ့ အွန်လိုင်းဆက်သွယ်ရေးပလက်ဖောင်းတွေမှာ လူမှုရေးပြစ်ဒဏ် စီးပွားရေးပြစ်ဒဏ်နဲ့ ကမ်ပိန်းတွေမှာ ပြည်သူတွေပါဝင်လာဖို့ ပြုလုပ်ခဲ့ကာ လူငယ်ဗဟိုပြု အခမဲ့ပညာရေးဖွံ့ဖြိုးမှု ခေတ်လူငယ်သင်တန်းဖွင့်လှစ်သင်ကြားတာ (၆)ကြိမ်ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ရေဘဝဲတည်ထောင်တဲ့ (၃)နှစ်ထဲမှာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေချိန် အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်တာကြောင့် ကျဆုံးရဲဘော် (၁)ဦးနဲ့ ဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဉ်းသား ရေဘဝဲရဲဘော် (၁၂)ဦးအထိရှိခဲ့တယ်လို့ ဆိုပါတယ်။

(၃)နှစ်ပြည့်တဲ့ အခါသမယမှာ စစ်အာဏာရှင်စနစ် အလုံးစုံပျက်သုဉ်းဖို့၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတော်သစ် တည်ဆောက်ဖို့အတွက် ရေဘဝဲအလံတော်ကို လက်ဆင့်ကမ်းလွှင့်ထူကာ သယ်ပိုးထမ်းရွက်မယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့အတူ ဂန့်ဂေါခရိုင်အမှတ် (၁၈)တပ်ရင်းထံ အလင်း၀င်လာ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 24 ရက်
  • 4 Views
စက်တင်ဘာလ (၂၃)ရက်။ စက်တင်ဘာလ (၁၁)ရက်နေ့က ထီးလင်းမြို့က စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်း၀င်လာခဲ့တယ်လို့ Yaw Revolution Force-Htilin ရဲ့
မြန်မာသတင်း

မြန်မာရေဘေးအတွက် ကန်ဒေါ်လာ (၁.၇)သန်း ဩစတြေးလျ ထပ်တိုးကူညီ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 24 ရက်
  • 6 Views
စက်တင်ဘာလ (၂၃)ရက်။ မြန်မာနိုင်ငံရှိ ရေဘေးသင့်ပြည်သူတွေအတွက် အမေရိကန်ဒေါ်လာ (၁.၇)သန်း ထပ်တိုးကူညီတယ်လို့ ဩစတြေးလျသံရုံးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဩစတြေးလျနိုင်ငံက
မြန်မာသတင်း

ချင်းတွင်းမြစ်ထဲ စုန်ဆင်းလာတဲ့ စစ်ကောင်စီသင်္ဘောတွေ တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က အကျအရှုံးတွေရှိခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 24 ရက်
  • 4 Views
စက်တင်ဘာလ (၂၃)ရက်။ အလုံဆိပ်ကမ်းကနေ ချင်းတွင်းမြစ်ထဲ စုန်ဆင်းလာတဲ့ စစ်သင်္ဘောတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Salingy Revolution Army ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စက်တင်ဘာလ (၂၃)ရက်နေ့နဲ့ (၂၀)ရက်နေ့တို့မှာ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာတဲ့
မြန်မာသတင်း

ရေစကြိုမြို့ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတာကြောင့် ညီအမ (၂)ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 16 Views
စက်တင်ဘာလ (၂၃)ရက်။ မနေ့က နံနက် (၈)နာရီခွဲခန့်မှာ ရေစကြိုမြို့ရှိ မအူအောက်ဆိပ်တိုက်နယ်ထဲ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ မအူအောက်ဆိပ်တိုက်နယ်ဆေးရုံနဲ့ ရွှေကျင်ဘုန်းကြီးကျောင်းကို စစ်ကောင်စီက အကြောင်းမဲ့ လေကြောင်းကနေ ဗုံးကြဲသွားတာ၊
မြန်မာသတင်း

မွန်ပြည်သူနဲ့ ညီနောင်တိုင်းရင်းသားတွေ အားကိုးရတဲ့ ပြည်သူ့တပ်တော်ဖြစ်ဖို့ တော်လှန်ကြိုးစားနေတယ်လို့ MLA ထုတ်ပြန်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 13 Views
စက်တင်ဘာလ (၂၃)ရက်။ မွန်ပြည်သူတွေနဲ့ ညီနောင်တိုင်းရင်းသားတွေ အားကိုးလေးစားရတဲ့ ပြည်သူ့တပ်တော်ဖြစ်ဖို့ တော်လှန်ကြိုးစားနေတယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)ရဲ့ ဒီကနေ့ ကျရောက်တဲ့ တပ်တော်တည်ထောင်တာ (၂)နှစ်ပြည့်မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ MLA အနေနဲ့ ပြည်သူ့ဆန္ဒနဲ့အညီ အာဏာရှင်စနစ်ပျက်သုဉ်းဖို့၊ တန်းတူညီမျှရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်
မြန်မာသတင်း

ရေဘေးကြောင့် မြို့နယ် (၅၄)မြို့နယ်မှာ ရေကြီးရေလျှံခဲ့ပြီး လူ (၃၈၄)ဦးသေဆုံးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 10 Views
စက်တင်ဘာလ (၂၃)ရက်။ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနစ်မြုပ်တာကြောင့် လူဦးရေ (၁၄၀၀၀၀)ကျော် ရေဘေးသင့်ကာ (၃၈၄)ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နိုင်ငံတ၀န်းရှိ နေပြည်တော်အပါအ၀င် တိုင်းနဲ့ ပြည်နယ် (၉)ခုက မြို့နယ် (၅၄)မြို့နယ်
မြန်မာသတင်း

ငါန်းမြာကြီးရွာကို စစ်‌ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတာကြောင့် ပြည်သူ (၁၂)ဦးနဲ့ ကာကွယ်ရေးရဲဘော် (၂)ဦး သေဆုံးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 15 Views
စက်တင်ဘာလ (၂၃)ရက်။ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ (၁၂)ဦးသေဆုံးပြီး ကာကွယ်ရေးရဲဘော် (၂)ဦး ကျဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ငါန်းမြာဘက်ကို တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီက (၂)ရက်ဆက်တိုက် ဗုံးကြဲတာ၊
မြန်မာသတင်း

ချောင်းဦးမြို့ရှိ ကံဇီးပျူရွာစခန်းသိမ်းတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၁၅)ဦးသေဆုံးပြီး (၃၀)ကျော်ဖမ်းမိခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 15 Views
စက်တင်ဘာလ (၂၃)ရက်။ စက်တင်ဘာလ (၁၉)ရက်နေ့က ချောင်းဦးမြို့ရှိ ကံဇီးရွာပျူစောထီးစခန်းသိမ်းတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၁၅)ဦးသေဆုံးပြီး (၃၀)ကျော် ဖမ်းမိခဲ့တယ်လို့ မုံရွာခရိုင် အမှတ်(၈)တပ်ရင်းရဲ့ မနေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲနဲ့ ပျူစောထီးတွေ အထိုင်ချတပ်စွဲထားတဲ့