မက်လ (၃) ရက်။
နေပြည်တော်ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိမြိုနယ်၊ဧရာဝတီလမ်းရှိ Ordinary Bar and Restaurant တွင် Sexy Dancer Ada Wong က ရင်သားပေါ်တွင် တိပ်ကပ်ပြီး ဖျော်ဖြေခဲ့ရာ ဝိုင်းဝန်းဝေဖန်ခံခဲ့ရသဖြင့် ဆိုင်၏လူမှုကွန်ရက်စာမျက်နှာမှ ပြန်လည်တောင်းပန်ခဲ့ရပြီး ဆိုင်ကို တစ်လတိတိ ပိတ်သိမ်းသွားမယ်လို့ ကြေညာထားပါတယ်။
တနိုင်ငံလုံး စစ်မျက်နှာပြင်ဖွင့်ပြီး တိုင်းရင်းသားနယ်မြေတွေမှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ သူထိန်းချုပ်ထားတဲ့ နေပြည်တော်မှာ ဒီလို အခြေအနေ ဖြစ်နေတာဟာ စိတ်ပိုင်းဆိုင်ရာအရ ငါတို့ကတော့အေးအေးဆေးဆေးပဲဆိုပြီး ပြနေတာမျိုးလည်း ဖြစ်နိုင်တယ်လို့ နိုင်ငံရေးသုံးသပ်သူတဦးက ဆိုပါတယ်။
၁၉၆၂ ခုနှစ်ကတည်းက စစ်အုပ်စုလက်အောက် ကျရောက်ခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ၁၉၆၂ ခုနှစ် နေဝင်းအစိုးရမှာဆိုရင် ပါတီလုပ်တာတောင် ထောင် ၆ လကျတာမျိုးတွေ၊ စာစောင်တွေမှာ ရင်ကြားပေါ်ရင်တောင် အမဲလိုင်းတားပြီး ဆင်ဆာဖြတ်တာမျိုးတွေ လုပ်ခဲ့ပေမယ့် အခုနောက်ဆုံး မင်းအောင်လှိုင်လက်ထက်မှာတော့ အပေါ်ထိပ်လေးကို တိပ်ကပ်ပြီး ရင်သားအလုံးလိုက် ဖော်ပြီးကနေတာမျိုးအထိ ဖြစ်လာနေတယ်လို့ သူက ဆက်ပြောပါတယ်။