နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

KIA ထိုးစစ်ဆင်နေတဲ့ လိုင်ဇာအနီးတိုက်ပွဲတွေမှာ AA က ပူးတွဲစစ်ရေးလှုပ်ရှားနေ

မတ်လ (၈)ရက်။

မနေ့က နံနက်ပိုင်းကစပြီး လိုင်ဇာမြို့အနီးနဲ့ မြစ်ကြီးနား-ဗန်းမော်လမ်းက စစ်ကောင်စီစခန်းတွေကို မဟာမိတ် KIA နဲ့အတူ AA က ပူးတွဲထိုးစစ်ဆင်နေတယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

KIA အနေနဲ့ ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးနဲ့ မြစ်ကြီးနား-ဗန်းမော်လမ်းရှိ စစ်ကောင်စီတပ်စခန်းတွေအပြင် ခါရာဘွမ်၊ အင်တပ်ဘွမ်၊ ဖုန်ပျံဘွမ်၊ ဘွမ်ရယ်ဘွမ်၊ ပွိုင့် (၉၃၆) ကုန်း၊ ခမ်းကိုင်ဘွမ်၊ ပွိုင့်(၂၅၉) လေယာဉ်ကွင်းစခန်း စတာတွေကို တစ်ပြိုင်နက်ထဲ တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

အဲ့ဒီတစ်ချိန်ထဲမှာ ရက္ခိုင့်တပ်တော်(AA)ကလဲ မိုးမောက်မြို့နယ်အနီးရှိ စစ်ကောင်စီရဲ့ တပ်မ (၈၈)လက်အောက်ခံ ခလရ (၁၀၃)တပ်ရင်း၊ ပွိုင့် (၂၅၉) လေယာဉ်ကွင်းစခန်းကုန်းနဲ့ ဒေါ့ဖုန်းယန်မြို့နယ်အနီးက စစ်ကောင်စီရဲ့ ပွိုင့် (၆၁၁) (Ntap Bum) စခန်းကုန်းကို ဆက်လင်ထိုးစစ်ဆင်နေတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ရင်းတွေက လက်နက်ကြီးတွေနဲ့အပြင် လေကြောင်းကပါ တစ်ရက်လုံး ပစ်ခတ်တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တဲ့အတွက် လိုင်ဇာမြို့ ပြည်သူ့ဆေးရုံအနီးကို လက်နက်ကြီးထိမှန်ကျရောက်ခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် စစ်ကောင်စီတပ်ရင်းတွေက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးအချို့ဟာ လိုင်ဇာမြို့နဲ့ ထိစပ်နေတဲ့ တရုတ်နယ်စပ်မြို့ဘက်ကိုလဲ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ပြောဆိုထားပါတယ်။

KIA အနေနဲ့ တစ်ပြိုင်ထဲ ထိုးစစ်ဆင်တိုက်ခိုက်တာကြောင့် လိုင်ဇာမြို့အနီးက စစ်ကောင်စီရဲ့ ဖွန်းပကန်ဘွမ့်တပ်စခန်းအပါအ၀င် ရှေ့တန်းစခန်း (၁၀)ခုခန့်ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဗိုလ်မှူးကြီး နော်ဘူရဲ့ အတည်ပြုပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြန်မာနိုင်ငံတွင်း စစ်တပ်က လူသစ်စုဆောင်းနေစဉ် တော်လှန်ရေးတပ်ဖွဲ့ နယ်မြေများ လက်လွှတ် ဆုံးရှုံးနေရ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 5 Views
BBC- ကွမ်တင် ဆွန်မာဗေးလ်(Quentin Sommerville) သတင်းပေးပို့သည်။ BBC-၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၀ရက် ပဲခူးနှင့် ကရင်ပြည်နယ်၊ မြန်မာနိုင်ငံ။ တောတောင်ထူထပ်သော
မြန်မာသတင်း

အပစ်ရပ်(၇)ဖွဲနဲ့ စစ်ကော်မရှင်ငြိမ်းချမ်းရေးကော်မတီတို နေပြည်တော်မှာ တွေ့ဆုံ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 7 Views
ဇွန်လ (၉)ရက်။ ဒီကနေ့ နေပြည်တော်မှာ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲနဲ့ စစ်ကော်မရှင်ငြိမ်းချမ်းရေးကော်မတီတို တွေ့ဆုံခဲ့တယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်ငြိမ်းချမ်းရေးကော်မတီရဲ့ ဖိတ်ကြားတာကြောင့်
မြန်မာသတင်း

အတွေးအခေါ် တော်လှန်‌ရေး စဖို့လိုနေပြီ

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 28 Views
နွေဦးတော်လှန်ရေးဟာ လက်နက်ကိုင်တော်လှန်‌ရေးဖြစ်တယ်၊ လက်နက်ကိုင်တော်လှန်ရေး အောင်မြင်ပြီးမှ ခေတ်နောက်ပြန်ဆွဲနေတဲ့ ထုံးတမ်းစဥ်လာတွေ၊ မိန်းမယောက်ျား ခွဲခြားမှုတွေ၊ ဘာသာရေးခေါင်းတွေက မလိုလားအပ်တဲ့ အမိန့်စည်းကမ်းတွေကိုပြုပြင်မယ်ဆိုရင်အချိန်အများကြီးယူရအုံးမယ်၊ စစ်အုပ်စုအဆက်ဆက် အောက်မှာ မြန်မာလူ့အဖွဲ့အစည်းဟာ အတွေးအခေါ်အလွန်နိမ့်ကျလာခဲ့သလို လူငယ်တွေတွေးခေါ်မြှော်မြင်မှုတွေအားနဲလာခဲ့တယ်၊ အုပ်ချုပ်သူတွေကအစ လူတန်းစားအလွှာအသီးသီးဟာ အကျင့်ပျက်ခြစားလာခဲ့ကြတယ်၊ နောက်ဆုံး
မြန်မာသတင်း

သံလွင်မြစ်ကြောင်းထဲ လက်နက်ကြီးလေ့ကျင့်ပစ်ခတ်ဖို့ စစ်တပ် စီစဉ်

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 22 Views
ဇွန်လ (၉)ရက်။ မနက်ဖြန် ဇွန်လ (၁၀)ရက်နေ့ ဘားအံမြို့ရှိ သံလွင်မြစ်ကြောင်းထဲ စစ်တပ်က လက်နက်ကြီးလေ့ကျင့်ပစ်ခတ်ဖို့ စီစဉ်ထားတယ်လို့ အကြောင်းကြားချက်တွေအရ သိရပါတယ်။ အဲ့ဒီအစီအစဉ်ကို သံလွင်မြစ်ကြောင်းထဲ စစ်ဆင်ရေး၊ လုံခြုံရေးနဲ့ မြစ်ကြောင်းပိတ်ဆို့တဲ့တာဝန်တွေ ထမ်းဆောင်နေတဲ့ မြစ်တွင်းတိုက်ရေယာဉ်(၃၀၃)က ပြုလုပ်သွားမှာဖြစ်တယ်လို့
မြန်မာသတင်း

အာဆီယံဘုံသဘောတူညီချက် (၅)ရက်ကို တတ်နိုင်သလောက် ဆောင်ရွက်နေတယ်ဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 22 Views
ဇွန်လ (၉)ရက်။ မနေ့က နေပြည်တော််မှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Mr. Sugiono ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ သမ္မတတုမင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ တွေ့ဆုံပွဲထဲ မင်းအောင်လှိုင်က အာဆီယံဘုံသဘောတူညီချက် (၅)ရပ်အပေါ် တတ်နိုင်သလောက် ဆောင်ရွက်ပေးနေပြီး အကောင်းဆုံး ပူးပေါင်းဆောင်ရွက်နေတယ်လို့
မြန်မာသတင်း

ကနေဒါနိုင်ငံမှာ SCEF ကိုယ်စားလှယ်အဖွဲ့ လူထုတွေ့ဆုံပွဲပြုလုပ်

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 22 Views
ဇွန်လ (၉)ရက်။ ဇွန်လ (၆)ရက်နေ့က ကနေဒါနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF) ကိုယ်စားလှယ်အဖွဲ့က လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ SCEF ကိုယ်စားလှယ်အဖွဲ့ဟာ လူထုတွေ့ဆုံပွဲကို ကနေဒါနိုင်ငံအရှေ့ပိုင်းမှာ (၂)ကြိမ်နဲ့ အနောက်ပိုင်းရှိ ဗန်ကူးဗားမြို့မှာ
မြန်မာသတင်း

IPDF ရဲဘော်(၂)ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးရမိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 21 Views
ပတ်သက်ဆက်နွယ်သူတွေ၊ ကျေးရွာတာဝန်ခံတွေနဲ့ ရဲဘော်တွေ အရေးပေါ်ရှောင်ရှားကြဖို နှိးဆော်ထား ဇွန်လ (၈)ရက်။ ဒီကနေ့ ရွာမကျေးရွာမှာ ရဲဘော် (၂)ဦးကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(IPDF)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ ဖမ်းဆီးခံရသူတွေဟာ ရဲဘော် အငယ်ကောင်(ခ)ကျော်ဖြိုးလင်းနဲ့
မြန်မာသတင်း

ရွှေကူမြို့အဝင်နဲ့ လမ်းမကြီးတွေကို KIA သွားလာခွင့်ပိတ်

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 19 Views
မြို့ထဲနေပြည်သူတွေ ထွက်ခွာတိမ်းရှောင်ဖို့ သတိပေးထား ဇွန်လ (၈)ရက်။ ရွှေကူမြို့အဝင်လမ်းနဲ့ လမ်းမကြီးတွေကို ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်ထားတယ်လို့ KIA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တပ်မဟာ(၁၁)၊ အမှတ်(၁၂)တပ်ရင်းနယ်မြေဖြစ်တဲ့ ရွှေကူမြို့အဝင်လမ်းမကြီးနဲ့ ငါးအိုး-ရွှေဘိုလမ်းမကြီးတွေကို KIA က