နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား ဝါဒဖြန့်ချိရေးသမား အိုလီဗစ်ချ် ရုရှားနိုင်ငံမှ ထွက်ပြေးခဲ့ပြီး အမေရိကန် ပြည်ထောင်စုထံ အကူအညီတောင်းခံ

၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၀ရက်

ယခင်က အနောက်နိုင်ငံဆန့်ကျင်ရေး ဝါဒဖြန့်ချိရေး အစီအစဉ်များတွင် တက်ကြွစွာ ပါဝင်ခဲ့သူနှင့် “ကျွမ်းကျင်သူ” တစ်ဦးဖြစ်သည့် ဗစ်တာ အိုလီဗစ်ချ် (Victor Olevych) သည် ရုရှားဖက်ဒရယ်လုံခြုံရေးအဖွဲ့ (FSB) ၏ ဖိအားပေးမှုများကြောင့် ရုရှားနယ်မြေအတွင်းမှ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။

၎င်း၏ ပြောကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဒီဇင်ဘာလနှင့် ဖေဖော်ဝါရီလဆန်းပိုင်းတို့တွင် ၎င်း၏နေအိမ်သို့ နှစ်ကြိမ်တိုင်တိုင် လာရောက်ကာ တိုက်ရိုက်ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ဖြစ်ရသည့် အကြောင်းရင်းမှာ FSB နှင့် ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်ခြင်းနှင့် ရုရှားနိုင်ငံသားအဖြစ် ခံယူရန် ဆန္ဒမရှိခြင်းတို့ကြောင့်ဟု ဆိုသည်။

အိုလီဗစ်ချ်က ၎င်းတွင် “နိုင်ငံတော်အတွက် အရေးကြီးသော အချက်အလက်များ” ရှိနေလင့်ကစား ဖိအားပေးမှုများမှာ ဆက်ရှိနေပြီး စနစ်တကျ ပစ်မှတ်ထားလာခြင်း ခံခဲ့ရသည်ဟု ပြောကြားခဲ့သည်။

လက်ရှိတွင် ၎င်းသည် ဂရိနိုင်ငံသို့ ရောက်ရှိနေပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနထံ အကူအညီတောင်းခံထားသည်။

ယခင်က အိုလီဗစ်ချ်သည် ရုရှားဝါဒဖြန့်ချိရေး အစီအစဉ်များဖြစ်သည့် “Time Will Tell” နှင့် “Meeting Place” တို့တွင် ပုံမှန်ပါဝင်လေ့ရှိပြီး၊ “ရုရှားကို မုန်းတီးသော အနောက်အုပ်စု” အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်မှုများကြောင့် လူသိများသည့် လက်ရှိနိုင်ငံရေးဗဟိုဌာန (Center of Current Politics) ၏ ကျွမ်းကျင်သူတစ်ဦးအဖြစ် ရပ်တည်ခဲ့သူ ဖြစ်သည်။

ဗစ်တာ အိုလီဗစ်ချ် (Victor Olevych)နောက်ကြောင်းရာဇဝင်။

ဗစ်တာ အိုလီဗစ်ချ် ဟာ အမေရိကန်ပြည်ထောင်စု နိုင်ငံသား ဖြစ်ပါတယ်။

၎င်းကို ၁၉၇၈ ခုနှစ်တွင် ယူကရိန်းနိုင်ငံ၊ အိုဒက်ဆာ (Odesa) မြို့၌ မွေးဖွားခဲ့သော်လည်း နောက်ပိုင်းတွင် အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့အခြေချခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် ဖီလာဒဲလ်ဖီးယားရှိ တန်ပယ်တက္ကသိုလ် (Temple University) မှ ရုရှားစာပေနှင့် သမိုင်း ဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ပြီးနောက်၊ ၂၀၁၀ ပြည့်နှစ်တွင် မော်စကိုမြို့သို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။

၎င်း၏ နောက်ခံသမိုင်းကြောင်းနှင့် အမေရိကန်နိုင်ငံသားဖြစ်မှုတို့ကြောင့် ရုရှားအစိုးရပိုင် မီဒီယာများသည် ၎င်းအား “အမေရိကန်ရေးရာ ကျွမ်းကျင်သူ” တစ်ဦးအဖြစ် ရုပ်သံလိုင်းများ တွင် ဖိတ်ခေါ်ကာ အနောက်နိုင်ငံများ၏ မူဝါဒများကို ဝေဖန်ခိုင်းလေ့ရှိပြီး၊ ယခု FSB နှင့် ပြဿနာမဖြစ်ပွားမီအချိန်အထိ ထိုသို့ အသုံးချခဲ့ခြင်း ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 61 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 64 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 66 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 68 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက