နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကမ္ဘာကျော် Dragon Ball ဇာတ်လမ်းဖန်တီးသူ ဂျပန်ကာတွန်းဆရာ တိုရီယာမ အာကီရာ ရုတ်တရက် သေဆုံး

မတ်လ (၈) ရက်။

ကမ္ဘာကျော် Dragon Ball နဲ့ Dr. Slump တို့လို ဂျပန်မန်းဂ (ကာတွန်း) လောကမှာ နာမည်ကြီးတဲ့ ကာတွန်းရေးဆွဲတဲ့ “ တိုရီယာမ အာကီရာ” ဟာ ဦးခေါင်းခွံနှင့် ဦးနှောက်အောက်ရှိ အမြှေးပါးအကြား ပြင်းထန်တဲ့ သွေးကြောပေါက်မှုကြောင့် မတ်လ (၁) ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၆၈ နှစ် ရှိပြီဖြစ်ပါတယ်။ အာအိချိစီရင်စုမှာ မွေးဖွားခဲ့ပါတယ်။

သူဟာ နာမည်ကျော်ဇာတ်ကောင်မြောက်များစွာကို ဖန်တီးခဲ့တဲ့ ဒဏ္ဍာရီကာတွန်းရေးဆရာတစ်ဦး ဖြစ်ပါတယ်။ ဖော်ရွေပြီး အလွန်အသေးစိတ်တဲ့ ဇာတ်ကောင်တွေကို ဖန်တီးခဲ့သူအဖြစ် လူသိများတယ်။

“ Dr Slump” ကာတွန်းကို ၁၉၈၀ မှာ စီးရီးအဖြစ် ဂျပန်ရုပ်သံမှာ စတင်ပြသခဲ့ပြီး လူကြိုက်များခဲ့ပါတယ်။ အဲ့ဒီနောက် ကမ္ဘာကျော် “ Dragon Ball” စီးရီးကို ၁၉၈၄ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။ အာနီမဲနှင့် ရုပ်ရှင်အဖြစ် တစ်ခုပြီး တစ်ခု ဖန်တီးခဲ့ပြီး ဂျပန်နိုင်ငံမှာသာမက ကမ္ဘာတစ်ဝှမ်းလုံးက နှစ်သက်တဲ့ လက်ရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ “ Dragon Ball” မှာ စုစုပေါင်း ဇာတ်လမ်းတွဲ ၄၂ တွဲ ရှိပါတယ်။

တိုရီယာမဟာ ရှူးဟေးရှ ထုတ်ဝေရေးကုမ္ပဏီရဲ့ “ Weekly Shonen Jump” စာစောင် ၅၂ မှာပါတဲ့ “ Wonder Island´ ဇာတ်ကားနဲ့ ၁၉၇၈ ခုနှစ်မှာ ပွဲဦးထွက်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ “ Dr. Slump´ နဲ့ “ Dragon Ball´ တို့လို ဇာတ်ကားတွေကို တီဗီအန်နီမေးရှင်းနဲ့ ရုပ်ရှင်တွေအဖြစ် ရိုက်ကူးခဲ့ပြီး ဂျပန်မှာသာမက ကမ္ဘာတစ်ဝှမ်းမှာပါ လူသိများလာခဲ့ပါတယ်။

သူဟာ မန်ဂါမှာသာမက Dragon Quest စီးရီးလိုမျိုးဂိမ်းတွေအတွက် ဇာတ်ကောင်ဒီဇိုင်းတွေမှာလည်း ပါဝင်ရေးသားနေသူဖြစ်ပါ။ အခုနှစ် မတ်လ ၄ ရက်နေ့မှာ ရိုက်ကူးထားတဲ့ “ SAND LAND” ပရောဂျက် မိတ်ဆက်ပွဲကို ကျင်းပခဲ့ပြီး အန်နီမေအသစ် “ Dragon Ball DAIMA” ကိုလည်း ထုတ်ဝေရန် စီစဉ်ထားပါတယ်။

တိုရီယာမာကို ဂျပန်တင်မက တစ်ကမ္ဘာလုံးက ချစ်ခင်ကြတဲ့အတွက် သူရုတ်တရက်သေဆုံးသွားတဲ့သတင်းဟာ အလွှာပေါင်းစုံမှာ ဝမ်းနည်းကြေကွဲမှုတွေနဲ့ ပြည့်နှက်နေတယ်လို့ ဂျပန်သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လယ်ဒိုမြို့ရှိ စစ်တပ်ဂိတ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်ဖျက်ဆီးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 14 Views
ဧပြီလ (၁)ရက်။ မနေ့က ည (၁၀)နာရီခွဲအချိန်မှာ လယ်ဒိုမြို့ရှိ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

AA ထိန်းချုပ်ထားတဲ့ သံတွဲမြို့ ငပလီကမ်းခြေကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 20 Views
ဧပြီလ (၁)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီအချိန်က သံတွဲမြို့ရှိ ငပလီကမ်းခြေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။
မြန်မာသတင်း

သက်ငယ်မုဒိန်းမှုနဲ့ မြန်မာဘက် ထွက်ပြေးလာသူကို ထိုင်းဘက် NUG ပြန်လွှဲပြောင်းခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 15 Views
ဧပြီလ (၁)ရက်။ ထိုင်းနိုင်ငံထဲ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်လာသူကို ထိုင်းအာဏာပိုင်တွေဆီ ပြန်လွဲပြောင်းပေးအပ်ခဲ့တယ်လို့ NUG လက်အောက်ခံ တနင်္သာရီတိုင်းစစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လပိုင်းက ထိုင်းနိုင်ငံ ဖက်ဘူရီခရိုင်မှာ နေထိုင်တဲ့ စောကဲလဲ (၃၇)နှစ်ဟာ
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို မင်းအောင်လှိုင် သက်သေပြဖို့ သားဖြစ်သူ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 19 Views
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို မင်းအောင်လှိုင် သက်သေပြဖို့ သားဖြစ်သူ တိုက်တွန်းထား ဧပြီလ (၁)ရက်။ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို သက်သေပြဖို့ သားဖြစ်သူ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက မင်းအောင်လှိုင်ကို တိုက်တွန်း ပြောဆို ထားတယ် လို့ သိရပါတယ်။
မြန်မာသတင်း

ပခုက္ကူခရိုင်ထဲ မိတ်ဖက်ပဋိပက္ခတွေကို ဆွေးနွေးအဖြေရှာဖို တော်လှန်ရေးအင်အားစုတွေ တိုက်တွန်း

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 19 Views
ဧပြီလ (၁)ရက်။ ပခုက္ကူခရိုင်ထဲ ဖြစ်ပွားနေတဲ့ မိတ်ဖက်ပဋိပက္ခကို ဆွေးနွေးအဖြေရှာဖို ဒေသထဲရှိ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်တိုက်တွန်းထားတယ်လို သိရပါတယ်။ ပခုက္ကူခရိုင်ထဲ သယံဇာတအရင်းအမြစ်နဲ့ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေကြား ပွတ်တိုက်တာတွေ ဖြစ်ပွားနေတာကို ဝမ်းနည်းစွာ ကြားသိရတယ်လို ဆိုပါတယ်။ အဲ့ဒီဖြစ်ပွားနေတဲ့ မိတ်ဖက်ပဋိပက္ခဟာ
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်/ကျဉ်းတွေကို အမြန်ဆုံးပြန်လွှတ်ဖို PCB ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 24 Views
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်/ကျဉ်းတွေကို အမြန်ဆုံးပြန်လွှတ်ဖို့ PCB ထုတ်ပြန် PCB ကို တိုင်းပြည်ရဲ့ပြဿနာ ဖြေရှင်းဖို့ မူဝါဒတူညီသူတွေ ပူးပေါင်းစုဖွဲတာလို့ဆို မတ်လ (၃၁)ရက်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ
မြန်မာသတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဒုသမ္မတ ဖြစ်လာ

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 29 Views
မတ်လ (၃၁)ရက်။ ဒီကနေ့ နံနက်ပိုင်းက ပြည်သူ့လွှတ်တော်မှာ ဒုသမ္မတ ရွေးချယ်ရေးတဲ့ ဒုတိယနေ့အစည်းအဝေးကို ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအစည်းအဝေးမှာ ဒုသမ္မတအနေနဲ့ အမည်စာရင်းတင်သွင်းထားတဲ့ မင်းအောင်လှိုင်ဟာ ကြံ့ခိုင်ရေးပါတီရဲ့ မဲအများဆုံးနဲ့ ရွေးချယ်ခံရတာလို ဆိုပါတယ်။ မဲခွဲရွေးချယ်ရာမှာ
မြန်မာသတင်း

ဒေသထဲ လက်နက်နဲ့ ပဋိပက္ခတွေဖြစ်စေဖို့ မြိုင်ပကဖ အကြောင်းကြား

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 23 Views
ဒေသထဲ လက်နက်နဲ့ ပဋိပက္ခတွေမဖြစ်စေဖို့ မြိုင်ပကဖ အကြောင်းကြား မတ်လ (၃၁)ရက်။ မြိုင်မြို့နယ်ထဲ လက်နက်နဲ့ ပဋိပက္ခတွေ မဖြစ်အောင် ကြိုတင်ဆောင်ရွက်ထားရှိဖို့ မြို့နယ်ပကဖက မနေ့ကရက်စွဲနဲ့ အကြောင်းကြားထားတယ်လို သိရပါတယ်။ မြိုင်မြို့နယ်ပကဖအနေနဲ့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရာမှာ ပြင်းပြင်းထန်ထန်