မတ်လ ၈ ရက်၊ ဟားခါး
ချင်းပြည်နယ်၊ ဟားခါးမြိုမှာ လုံခြုံရေးတာဝန်ယူ ဆောင်ရွက်နေကြတဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲအရာရှိ (၁) ဦးအပါဝင် စုစုပေါင်း (၅) ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းဆီးရရှိခဲ့တယ်လို ချင်းလဲန်းကာကွယ်ရေးတပ် (ဟားခါး) (CDF-Hakha) က မတ်လ (၇) ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။
ဟားခါးမြိုက နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးကျောင်း (နတလ) မှာ လုံခြုံရေးတာဝန်ယူ ဆောင်ရွက်နေကြတဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲဝင် (၅) ဦးကို မတ်လ (၆) ရက်နေ့ ညနေ ၇ နာရီ မိနစ် ၃၀ ဝန်းကျင်မှာ CDF-Hakha ရဲဘော်တွေက ကျောင်းဝန်းထဲ သွားရောက်ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
လူမှုကွန်ရက်ပေါ်က ရုပ်သံမှာတော့ အဲ့ဒီ ရဲ (၅) ယောက်ကို ဖမ်းဆီးထားစဉ် ချင်းဘာသာစကားနဲ့ ရှင်းပြနေတာကို တွေ့မြင်ရပါတယ်။
အဖမ်းခံရတဲ့ ရဲတပ်ဖွဲတွေဆီက G3 သေနတ် ၅ လတ်၊ ၎င်းကျည်ဘောက် ၁၀ ခု၊ ၎င်းကျည် အများပြားနဲ့ ၆ လုံးပြူး သေနတ် ၁ လတ်တိုကို သိမ်းဆည်းရမိခဲ့တယ်လို ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် CDF-Hakha က ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်ကောင်စီတပ်ဖွဲနဲ့ ရဲတပ်ဖွဲတွေကို ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်သွားမယ်လို ဆိုပါတယ်။