မတ်လ (၁၂) ရက်။
ဘောလခဲမြို့မရဲစခန်းမှ ရဲတပ်သား (၁) ဦးနှင့် ဖားဆောင်းမြို့မရဲစခန်းမှ ရဲတပ်ကြပ် (၁) ဦးနဲ့ ရဲတပ်သား (၃) ဦး စုစုပေါင်း (၅) ဦး ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) ဆီကို CDM ပြုလုပ်ပြီး အလင်းဝင်လာတယ်လို့ Bawlakhe PDF က ဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ဘောလခဲမြို့မရဲစခန်းက ရဲတပ်သားဟာ G3 တစ်လက်၊ကျည်ဘောက် (၆) ခုနဲ့ G3 ကျည်ဆံ (၇.၆၂) ၃၃၀တောင့်နဲ့အတူ ၂၀၂၃ ခုနှစ်၊ ၁၂ လ၊၊ ၁၉ ရက်နနေ့မှာအလင်းဝင်ရောက်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဖားဆောင်းမြို့မရဲစခန်းမှ ရဲတပ်ကြပ် (၁) ဦးနဲ့ ရဲတပ်သား (၃) ဦးတို့ဟာ Ak -M22 သုံးလက်နဲ့ G3တစ်လက်၊ Ak-M22ကျည်ဘောက် (၁၀) ခု၊ Ak ကျည် ၅၅၀ ခန့်၊ လက်ပစ်ဗုံး (၁၀) လုံး၊ G3 ကျည်ဘောက် (၃) ခု၊ G3ကျည်ဆံ (၁၀၀) ခန့်နဲ့အတူ ၂၀၂၄ ခုနှစ်၊ ၃ လ၊ ၃ ရက်နေ့တွင် CDM ပြုလုပ်ကာ ဝင်ရောက်ခိုလှုံခဲ့တယ်လို့ ဖော်ပြထားပါတယ်။
CDM ပြုလုပ် အလင်းဝင်လာတဲ့ (၅) ဦးတို့ကို လုံခြုံစိတ်ချရတဲ့ လွတ်မြောက်နယ်မြေတစ်ခုကို ပို့ဆောင်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။
CDM ပြုလုပ်ပြီး အလင်းဝင်လိုတဲ့ စစ်သား/ရဲတပ်သားတွေဟာ ဘော်လခဲ-PDF ကို ဆက်သွယ်စုံစမ်းနိုင်ပြီး ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း ကြိုဆိုလက်ခံသွားမှာဖြစ်ကြောင်း ထပ်မံအသိပေးထားပါတယ်။