နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဝတောင်ပိုင်းခေါင်းဆောင် ဝေရှောက်ခန် ဆွစ်ဇာလန်ဘဏ်တွင် အပ်နှံထားသည့် ထိုင်းဘတ်ငွေ ၇၆ သန်းနီးပါး ထိုင်းအစိုးရကိုလွှဲပေးတော့မည်။

မတ်လ (၁၅) ရက်၊ ဘန်ကောက်။

ဝကာကွယ်ရေးအဖွဲ့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေထဲမှာပါဝင်ပြီ မူးယစ်ဆေးဝါးဖြန့်ဖြူးမှုအတွက် အမေရိကန်အစိုးရက ဒေါ်လာ ၂ သန်း ဆုငွေထုတ်ထားတဲ့ ဝခေါင်းဆောင်တဦးဖြစ်တဲ့ ဝေရှောက်ခန် အပ်နှံထားတဲ့ထိုင်းဘတ်ငွေ ၇၆ သန်းနီးပါးကို သူအပ်နှံထားတဲ့ ဆွစ်ဇာလန်ဘဏ်ကနေ ထိုင်းအစိုးရကို ငွေတွေကို လွှဲပြောင်းပေးတော့မယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်ကတည်းက ဝရမ်းပြေးအဖြစ် အမေရိကန်က ဒေါ်လာသန်းချီ ဆုကြေးထုတ်ခဲ့တဲ့ “ ဝ” ခေါင်းဆောင် ဝေရှောက်ခန်ရဲ့ သတင်းက ထိုင်းနဲ့ နိုင်ငံတကာ သတင်းစာမျက်နှာတွေမှာ ပြန်လည်ပျံ့နှံ့လာပါတယ်။ ဝေရှောက်ခန်ကို လွန်ခဲ့တဲ့ (၁၀) နှစ်ကစပြီး အမေရိကန်အစိုးရက ဝရမ်းပြေးအဖြစ် အလိုရှိနေသူတယောက် ဖြစ်ပါတယ်။

ဝေရှောက်ခန်ဟာ ထိုင်းနိုင်ငံသားအဖြစ် ခံယူထားသလို မြန်မာနိုင်ငံသားအဖြစ်လည်း ခံယူထားသူ တဦးဖြစ်ပါတယ်။ ဝေရှောက်ခန်ကို အမေရိကန်လိုပဲ ထိုင်းအစိုးရကလည်း ဝရမ်းပြေးအဖြစ် အလိုရှိနေခဲ့ပါတယ်။ သူ့ကို ထိုင်းနိုင်ငံသားအဖြစ်ကနေရပ်ဆိုင်းပစ်ခဲ့ပေမဲ့ မြန်မာနိုင်ငံသားအဖြစ် ဆက်လက်ရှိနေခဲ့ပါတယ်။ ထိုင်း၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ အမေရိကန်နဲ့ အနောက်ဥရောပနိုင်ငံတွေကို မူးယစ်ဆေးဝါးတွေ ဖြန့်ဖြူးနေခြင်းရဲ့ နောက်ကွယ်မှာ ဝေရှောက်ခန်က အရေးကြီးတဲ့အခန်းကနေ ပါဝင်နေတယ်လို့ အမေရိကန်က ယူဆပါတယ်။

အခုအချိန်မှာ ဝေရှောက်ခန်ဟာ အသက် ၇၀ ကျော် ရှိနေပြီဖြစ်ပြီး (အမေရိကန်နိုင်ငံရဲ့ ဝရမ်းမှာတော့ ဝေရှောက်ခန်ရဲ့ မွေးနေ့သက္ကရစ်ဟာ ၁၉၅၂ ခုနှစ်၊ ၅ လ၊ ၂၉ ရက်နေ့ ဖြစ်ပါတယ်) UWSA ရဲ့ ဘဏ္ဍာရေးမှာ အရေးပါသူအဖြစ် ရှိနေဆဲလို့ယူဆပါတယ်။ သူ့မြန်မာအမည်က ဦးစိန်ဝင်းဆိုတဲ့ နာမည်နဲ့ခေါ်ပြီးထိုင်းအမည်ကတော့ Prasit Chivinnitipanya ဖြစ်ပြီး ပရာဆစ်လို့ ခေါ်ကြသလို ချန်ချိုင်း ချီဝီနတီပန်ယာနာမည်နဲ့ ထိုင်းတွေက သိကြပါတယ်။

ဝေရှောက်ခန်ဟာ ဘိန်းဘုရင်ခွန်ဆာရဲ့ မောင်ထိုင်းတပ်ဖွဲ့ (MTA) မှာ အဖွဲ့ဝင်တစ်ယောက် ဖြစ်ခဲ့ဖူးပြီး နောက်ပိုင်းမှာ ဝတွေထံ ပြောင်းရွှေ့သစ္စာခံခဲ့ပါတယ်။ ဝေရှောက်ခန်မှာ အကိုဖြစ်သူ ဝေရှောက်လုံနဲ့ ညီဖြစ်သူ ဝေရှောက်ရင်တို့ ရှိပါတယ်။ အကိုဖြစ်သူ ဝေရှောက်လုံက ကွယ်လွန်သွားပြီး ညီဖြစ်သူကတော့ သူနဲ့အတူ ဝအဖွဲ့မှာ ရှိနေပါတယ်။ ၁၉၈၆ ခုနှစ်မှာ ချင်းမိုင်မှာ ထိုင်းအာဏာပိုင်တွေက ဝေရှောက်ခန်ကို ဖမ်းစီးရမိခဲ့ပါတယ်။ သူ့ကို မူးယစ်ဆေးဝါးတွေဖြစ်တဲ့ ဘိန်းနဲ့ မက်သာဖက်တမင်း ထုတ်လုပ်မှု၊ ထိုင်းနိုင်ငံထဲကို မူးယစ်ဆေးဝါးတင်သွင်းမှု၊ ငွေကြေးခဝါချမှုတွေနဲ့ ၁၉၉၄ ခုနှစ်မှာ ထောင်ဒဏ် တစ်သက်ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့ အာမခံနဲ့ အယူခံဝင် အမှုရင်ဆိုင်ရင်း ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ ဝေရှောက်ခန်ဟာ ထိုင်းမှာလည်း အိမ်ခြံမြေများစွာ ပိုင်ဆိုင်ထားပြီး သူထွက်ပြေးသွားတဲ့အခါ ထိုင်းအစိုးရက သူပိုင်ဆိုင်မှုအားလုံးကို သိမ်းယူခဲ့ပါတယ်။ လက်ရှိမှာ ဝေရှောက်ခန်ဟာ ဝပြည်ထဲမှာပဲ ရှိနေတယ်လို့ ယူဆရပါတယ်။

ထိုင်းအစိုးရက နိုင်ငံခြားမှာ အပ်နှံထားသည့် မူးယစ်ငွေကြေးများကို မည်ကဲ့သို့ ရရှိရန်ပြုလုပ်ခဲ့သလဲ။

ထိုင်းရှေ့နေချုပ်ရုံး (OAG) ဟာ ဆွစ်ဇာလန်ဘဏ်နဲ့ ဆွေးနွေးပြီး ရွှေတိဂံနယ်မူးယစ်ရာဇာ ဝေရှောက်ခန်ရဲ့ ရှယ်ရာတွေနှင့် ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းရယူဖို့ အောင်မြင်စွာ ညှိနှိုင်းနိုင်ခဲ့ပါတယ်။ အဲ့ဒီလွှဲပြောင်းရယူရန် သဘောတူညီချက်ကို လက်ထောက် ထိုင်းရှေ့နေချုပ် ဂျန်ပွန် ဖန်ဆန်ရစ်က လက်မှတ်ရေးထိုးခဲ့ကြောင်းသိရပါတယ်။ သဘောတူညီချက်အရ ထိုင်းအစိုးရဟာ ဆွစ်ဖရင့်တန်ဖိုးငွေ ၁.၈၈ ထိုင်းဘတ်ငွေနဲ့ဆိုရင် ၇၆.၈ သန်း အနာဂတ်မှာ ရရှိနိုင်မှာဖြစ်ပါတယ်။

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ Anti Money Laundering Office (AMLO) ရဲ့ စုံစမ်းထုတ်ဖော်မှုအရ ဝေရှောက်ခန်ရဲ့ ရွှေတြိဂံနယ်မြေရှိ ကွန်ရက်နဲ့ ပါဝင်ပတ်သက်နေတာကို တွှေရှိခဲ့ရပါတယ်။ အခြားတွေ့ရှိချက်တခုမှာတော့ သူ့ရဲ့ ပိုင်ဆိုင်မှုတချို့ကို ဆွစ်ဇာလန်နိုင်ငံရှိ ဘဏ်တခုကို လွှဲပေးလိုက်တာကို တွေ့ရှိရတယ်ဆိုတာကို (AMLO) က ထိုင်းရှေ့နေချုပ်ကို အသိပေးခဲ့ပါတယ်။ ထိုင်းရှေ့နေချုပ်က ရာဇဝတ်မှုဆိုင်ရာကိစ္စတွေမှာ အပြန်အလှန် အကူအညီပေးဖို့ လုပ်ဆောင်နေသူဖြစ်တဲ့အတွက် ဆွစ်ဇာလန်ဘဏ်မှာ မူးယစ်ငွေကြေးတွေ ပို့ဆောင်ထားမှုကို ပြန်လည်ရယူရန် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်မှာ တရားရုံးချုပ်က ဝေရှောက်ခန်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃၊ ၆၀ နဲ့ ၆၁ ကို ချိုးဖောက်ခြင်းဖြင့် တရားစွဲဆိုခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ထိုင်းရှေ့နေချုပ်ရုံးမှ ဆွစ်ဇာလန်နိုင်ငံဘက်ကို မူးယစ်ငွေကြေးတွေကို ပိုင်ဆိုင်ခွင့်ရရန် တောင်းဆိုခဲ့ပါတယ်။ ဆွစ်ဇာလန်က အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတကာ ပိုင်ဆိုင်မှု မျှဝေတာကို ပြန်လည်သုံးသပ် ကြည့်ရှုခဲ့ပါတယ်။

နောက်ပိုင်းမှာ ၂၀၂၁ ခုနှစ်မှာ ကက်ဘီနက်က ထိုင်းရှေ့နေချုပ်ရုံးကို တာဝန်ပေးအပ်ပြီး ထိုင်းကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်စေကာ ဆွစ်ဇာလန်နဲ့ ဆွေးနွေးညှိနှိုင်းစေခဲ့ပါတယ်။ အဲ့ဒီ ကိုယ်စားလှယ်အဖွဲ့မှာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ ရှေ့နေချုပ်ရုံးတို့မှာ ပါဝင်ပါတယ်။ အဲ့ဒီအမှုဟာ ရှေ့နေချုပ်ရုံးက မူးယစ်ငွေကြေးတွေကို တိုင်းတပါးမှာ သိမ်းဆီးထားတာကို ပြန်လည်ရယူရန် စွမ်းဆောင်နိုင်ခဲ့တာကို ဖော်ပြခဲ့ပါတယ်။ အဲ့ဒီအောင်မြင်မှုဟာ ထိုင်းရှေ့နေချုပ်ရုံး၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ ဆွစ်ဇာလန်တရားရေး ဝန်ထမ်းတွေကြောင့် ဖြစ်တယ်လို့ ထိုင်းရှေ့နေချုပ်ရုံးက ပြောကြားခဲ့ပါတယ်။

Reference: OAG wins partial Share of assets of drug kingpin held in Switzerland, Bangkok Post

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

နှင်းဆီလှုပ်ရှားမှု လုံခြုံရေး သတိပြုကြဖို အသိပေးနှိးဆော်ထား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 8 Views
ဇွန်လ (၁၈)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့အနေနဲ့ ပြည်လုံးကျွတ် နှင်းဆီလှုပ်ရှားမှု ပြုလုပ်မယ့်အပေါ် လုံခြုံရေးသတိပြုဖို အင်အားစုတွေက အသိပေးထားတယ်လို သိရပါတယ်။
မြန်မာသတင်း

မုံရွာမှာ စစ်ကော်မရှင်တပ်တွေ တိုက်ခိုက်ခံရပြီး (၄)ဦးသေဆုံးကာ ကား(၂)စီးပျက်စီးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 9 Views
ဇွန်လ (၁၈)ရက်။ ဇွန်လ (၁၅)ရက်နေ့က မုံရွာမြိုမှာ စစ်ကော်မရှင်တပ်တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

NMSP ထိန်းချုပ်နယ်မြေထဲရှိ စစ်ရှောင်စခန်းကို စစ်တပ် လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 14 Views
ဇွန်လ (၁၈)ရက်။ ဒီကနေ့ နံနက် (၁)နာရီခွဲခန့်က NMSP ထိန်းချုပ်နယ်မြေထဲက ရေးချောင်းဖျားဒေသရှိ စစ်ရှောင်စခန်းကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ နံနက်အစောပိုင်း (၁)နာရီခွဲလောက် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေက စစ်ရှောင်စခန်းကို စစ်တပ်က
တရုတ် မြန်မာ့နိုင်ငံရေး မြန်မာသတင်း

တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပံ့ပိုးကူညီသွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 18 Views
ဇွန်လ (၁၈)ရက်။ တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပံ့ပိုးကူညီသွားမယ်ဆိုပြီး မနေ့က နှစ်နိုင်ငံပူးတွဲကြေညာချက်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ပူးတွဲကြေညာချက်ထဲ စစ်ကော်မရှင်က မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင် တရုတ်က ပါဝင်တဲ့အပေါ် ကျေးဇူးတင်တယ်လို့ ဆိုထားပါတယ်။ နောက်ပြီး
မြန်မာသတင်း

အခြားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းတာမလုပ်ဖို့ဆိုပြီး SSPP ကို စစ်ကော်မရှင်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 23 Views
ဇွန်လ (၁၈)ရက်။ ဇွန်လ (၁၂)ရက်နေ့က နေပြည်တော်မှာ စစ်ကော်မရှင်ငြိမ်းချမ်းရေးကော်မတီနဲ့ SSPP/SSA ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို SSPP ဘက်က ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ခွန်ဆိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့
မြန်မာသတင်း

ဝက်လက်နယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 22 Views
ဇွန်လ (၁၇)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီကျော်အချိန်က ဝက်လက်နယ်ဝက်လက်နယ်အရှေ့တောင်ခြမ်းကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နေ့လယ် (၁၂)နာရီ (၄၂)မိနစ်နဲ့ (၄၅)မိနစ်က ညောင်ပင်ကြီးတောရွာတောင်ပိုင်းကို တံတားဦးတက်ကနေ ဂျက်ဖိုက်တာနဲ့
မြန်မာသတင်း

ဆိပ်ဖြူမြို့အဝင်မှာ စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအပါအဝင် (၁၀)ဦးသေဆုံးကာ ကား(၂)စီး ပျက်စီးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 19 Views
ဇွန်လ (၁၇)ရက်။ မနေ့က ညနေပိုင်းအချိန်က ဆိပ်ဖြူမြို့အဝင်မှာ စစ်တပ်ယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဆိပ်ဖြူမြို့ပေါ်ကနေ ထွက်လာတဲ့ စကစတပ်ဖွဲ့ဝင်တွေပါတဲ့ (၆)ဘီးကားတစီးနဲ့ အိမ်စီးကားတစီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တာ။ စစ်တပ်ဘက်က မျက်မြင်
မြန်မာသတင်း

ရန်ကုန်-ပြည်လမ်းမပေါ်မှာ စစ်ကော်မရှင်ကားတွေ ပစ်ခတ်ခံရပြီး ဗိုလ်ကြီးနဲ့ ဗိုလ်အဆင့်ပါ (၄)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 19 Views
ဇွန်လ (၁၆)ရက်။ မနေ့က နံနက် (၈)နာရီအချိန်က ရန်ကုန်-ပြည်လမ်းမပေါ်ရှိ ကိုးပင်-ဆတ်သွားလမ်းပိုင်းတနေရာမှာ စစ်ကော်မရှင်ကားတစီးကို ပစ်ခတ်ခဲ့တယ်လို Nay Pyi Taw PDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ တောင်တွင်းကြီး ဆတ်သွားရွာဘက်ကနေ ထွက်လာတဲ့