နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

SpaceX မှ မြန်မာ လိမ်လည်မှုစခန်းများ အသုံးပြုနေသော Starlink ကိရိယာ ထောင်ပေါင်း များစွာကို အသုံးပြု၍မရအောင် ပိတ်ဆို့လိုက်

CNN – ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်

အီလွန် မတ်စ် (Elon Musk) ဦးဆောင်သည့် SpaceX ကုမ္ပဏီက မြန်မာနိုင်ငံ၏ ဥပဒေမဲ့ဒေသ တစ်ခုတွင် လည်ပတ်နေသော ဆိုက်ဘာလိမ်လည်မှု ဂိုဏ်းများ အသုံးပြုနေသည့် Starlink ကိရိယာ ၂,၅၀၀ ကျော် အား အသုံးပြု၍မရအောင် ပိတ်ဆို့လိုက် ကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ယခုနှစ်အတွင်း ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ ဆိုက်ဘာလိမ်လည်မှုစခန်းများအပေါ် ဒေသဆိုင်ရာ အာဏာပိုင်များ၏ လူသိရှင်ကြား နှိမ်နင်းမှုများ ရှိသော်လည်း ပြည်တွင်းစစ်ဒဏ် သင့်နေသော နိုင်ငံအတွင်း လိမ်လည်မှုကွန်ရက်များ ဆက်လက်ကြီးထွားလျက်ရှိသည်။

Starlink လုပ်ငန်းလည်ပတ်ရေးဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Lauren Dreyer က “Starlink လုပ်ငန်းလည်ပတ်သည့် ဈေးကွက်အားလုံးတွင် မူဝါဒချိုးဖောက်မှုများကို ဖော်ထုတ်ရန် ကျွန်ုပ်တို့ လုပ်ဆောင်နေသည်” ဟု X (ယခင် Twitter) တွင် ပြောကြားခဲ့သည်။

“ရှားရှားပါးပါး ချိုးဖောက်မှုတစ်ခုကို ဖော်ထုတ်တွေ့ရှိပါက ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝန်းရှိ ဥပဒေစိုးမိုးရေး အေဂျင်စီများနှင့် ပူးပေါင်းခြင်းအပါအဝင် သင့်လျော်သောအရေးယူမှုများကို ပြုလုပ်ပါသည်။ မြန်မာနိုင်ငံတွင် ဥပမာအားဖြင့် SpaceX သည် သံသယရှိသော ‘လိမ်လည်မှု စခန်းများ’ အနီးတစ်ဝိုက်ရှိ Starlink ကိရိယာ ၂,၅၀၀ ကျော် ကို ကြိုတင်ဖော်ထုတ်ပြီး ပိတ်ပစ်ခဲ့သည်” ဟု သူမက ဆိုသည်။

ယခုသီတင်းပတ်အတွင်း မြန်မာစစ်ကောင်စီက လိမ်လည်မှုစခန်းတစ်ခုကို စီးနင်းစဉ် Starlink “ဖမ်းစက်များနှင့် ဆက်စပ်ပစ္စည်းများ” အစုံ ၃၀ ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့ပြီး နောက်တွင် ဤကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ဩစတြေးလျ မဟာဗျူဟာမူဝါဒ အင်စတီကျူ၏ မကြာသေးမီက အစီရင်ခံစာအရ မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက်တွင် ရည်ရွယ်ချက်ရှိရှိ ဆောက်လုပ်ထားသည့် လိမ်လည်မှု စခန်းကြီး အခု ၃၀ ခန့် ရှိပြီး အမေရိကန်များအပါအဝင် သားကောင်များထံမှ နှစ်စဉ် ဘီလျံနှင့် ချီသော ဒေါ်လာ များကို လိမ်လည်နေကြောင်း သိရသည်။

လိမ်လည်မှုစခန်းများမှ လုပ်သားများကို များသောအားဖြင့် ကောင်းမွန်သော လစာရရှိမည့် အလုပ်များ ဖြင့် မြူဆွယ်ခေါ်ဆောင်ခြင်း သို့မဟုတ် လူမှောင်ခိုသွင်းခြင်းခံရပြီး အတင်း အကျပ် ခေါ်ယူထိန်းသိမ်းခံထားရကာ အွန်လိုင်းမှ လိမ်လည်ရန် ဖိအားပေးခြင်း ခံရသည်။

အဆိုပါ အစောင့်အကြပ်တင်းကျပ်သော ခြံဝန်းများအတွင်းတွင် ရိုက်နှက်နှိပ်စက်မှုများ မကြာခဏ ဖြစ်ပွားကြောင်း ယခင်က လွတ်မြောက်လာသူများက CNN ကို ပြောကြားခဲ့ ဖူးသည်။

တစ်နှစ်ကျော်ကြာအောင် ရာဇဝတ်ကွန်ရက်များသည် အင်တာနက်အသုံးပြုရန်နှင့် လိမ်လည်မှုများ ဆောင်ရွက်ရန် Starlink ကို အသုံးပြုနေကြောင်း အမေရိကန်ပြည်ထောင်စုမှ စိုးရိမ်ပူပန်မှုများ ရှိနေခဲ့သည်။

သတင်းအေဂျင်စီ Agence France-Presse (AFP) ၏ ယခုလ စုံစမ်းစစ်ဆေးမှုအရ Starlink ဖမ်းစက်များကို လိမ်လည်မှုစခန်းများ၏ ခေါင်မိုးများပေါ်တွင် အကြီးအကျယ်” တပ်ဆင် ထားသည် ကို တွေ့ရှိခဲ့သည်။ ထို့အပြင် အမေရိကန် ကွန်ဂရက် လုံခြုံရေး ပူးပေါင်းကော်မတီ က Starlink ၏ ပါဝင်ပတ်သက်မှုဟု သံသယရှိသည့်ကိစ္စကို စတင် စုံစမ်းစစ်ဆေးနေကြောင်း AFP စုံစမ်းမှုက ဖော်ပြသည်။

လွတ်မြောက်လာသူများ၏ ပြောကြားချက်

အရှေ့တောင်အာရှသည် “ဝက်သတ်ခြင်း (pig butchering)” ဟု လူသိများသော အွန်လိုင်း ချစ်ရေး သို့မဟုတ် ရင်းနှီးမြှုပ်နှံမှု လိမ်လည်မှုများအတွက် အချက်အချာကျသော နေရာဖြစ်သည်။ မြန်မာနိုင်ငံသည်လည်း အကျင့်ပျက်ခြစားမှုနှင့် စစ်ကောင်စီ၏ အကာအကွယ်ပေးမှုတို့ကြောင့် ဆိုက်ဘာရာဇဝတ်ကွန်ရက်များအတွက် ဆွဲဆောင်မှုရှိသော နေရာတစ်ခု ဖြစ်လာသည်။

ဖိလစ်ပိုင်နိုင်ငံမှKristalyn က မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း နယ်စပ်မြို့ မြဝတီအနီးရှိ ထင်ရှားကျော်ကြားသည့် လိမ်လည်မှုစခန်းဖြစ်သော KK Park တွင် သူမ အလုပ်လုပ်နေစဉ် ဗုဒ္ဓဟူးနေ့ နေ့လယ်ခန့်၌ အင်တာနက်လိုင်းများ ဖြတ်တောက်ခံခဲ့ရကြောင်း ပြောကြားခဲ့သည်။

“မနက်ပိုင်းမှာ တရုတ်သူဌေးက ကျွန်မတို့ရုံးခန်းထဲကို ဝင်လာပြီး အခန်းထဲ ပြန်ဖို့ ပြောတယ်။ ဒါပေမဲ့ ခဏအကြာမှာ သူပြန်လာပြီး အဲဒီနေရာကနေ ထွက်သွားဖို့ပဲ ပြောတော့တယ်” ဟု ဇူလိုင်လကတည်းက အလုပ်လုပ်နေသည်ဟု ဆိုသော Kristalyn က လုံခြုံရေးအရ သူမ၏ နာမည်ရင်းကိုသာ အသုံးမပြုရန် တောင်းဆိုကာ CNN သို့ ပြောကြားခဲ့သည်။

သူမနှင့်အတူ ဖိလစ်ပိုင်နိုင်ငံသား ၂၀၀ ခန့် အပြင် အိန္ဒိယ၊ ပါကစ္စတန်နှင့် အာဖရိကနိုင်ငံ အချို့မှ လူများသည် ထိုင်းနိုင်ငံနှင့် နယ်စပ်အနီးတွင် စောင့်ဆိုင်းနေပြီး နယ်စပ်ဖြတ်ကျော်ရန် ကြိုးစားနေကြသည်ဟု သောကြာနေ့တွင် CNN သို့ ပြောကြားခဲ့သည်။

“ကျွန်မတို့ထဲက တချို့က စွန့်ပစ်ထားတဲ့ အိမ်တွေ၊ အဆောက်အအုံတွေမှာ နေနေကြရတယ်။ တချို့ဆို လမ်းပေါ်မှာပဲ နေနေကြရပြီး နယ်စပ်ဖြတ်ဖို့ ကြိုးစားနေကြတယ်။ ဒီမှာ အစားအသောက် မရှိဘူး။ ပိုက်ဆံလည်း လုံးဝမရှိဘူး” ဟု သူမက ဆိုသည်။

စစ်တပ်၏ စီးနင်းမှုသည် လူထုလှည့်ပြကွက်သာ ဖြစ်နေ

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ထိုင်းနိုင်ငံက လျှပ်စစ်မီး ထောက်ပံ့မှုများကို ဖြတ်တောက် ခဲ့ပြီးနောက် မကြာမီ နယ်စပ်တစ်လျှောက်ရှိ စခန်းများမှ လုပ်သားနှင့် သားကောင် ၇,၀၀၀ ခန့် ကို ထိုင်းအာဏာပိုင်များက အကြီးစား စစ်ဆင်ရေးဖြင့် ကယ်ဆယ်ခဲ့သည်။

ဇန်နဝါရီ ၃၀ ရက်မှ အောက်တိုဘာ ၁၉ ရက်အတွင်း လိမ်လည်မှုစခန်းများမှ နိုင်ငံခြားသား ၉,၅၅၁ ဦး ကို ဖမ်းဆီးခဲ့ပြီး အများစုကို ၎င်းတို့နိုင်ငံများသို့ ပြန်ပို့ခဲ့ကြောင်း မြန်မာစစ်ကောင်စီ က ပြောကြားသည်။ သို့သော် ဖမ်းဆီးရမိသော အရေအတွက်သည် စခန်းများတွင် ဖမ်းဆီးခံ ထားရသူ စုစုပေါင်း၏ အနည်းငယ်မျှသာ ဖြစ်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။

စစ်တပ်က တနင်္လာနေ့တွင် KK Park စခန်းကို စီးနင်းရာတွင် လုပ်သား ၂,၀၀၀ ကျော် ကို ဖော်ထုတ်တွေ့ရှိခဲ့သည်ဟု ဆိုသည်။ လူမှောင်ခိုကူးမှု တိုက်ဖျက်ရေးနယ်ပယ်တွင် လုပ်ကိုင်သူတစ်ဦးက KK Park ကို စီးနင်းခြင်းသည် လုပ်ငန်းများကို ရပ်တန့်စေခြင်း မရှိကြောင်း CNN သို့ ပြောကြားခဲ့သည်။ Starlink လုပ်ငန်းများ ရပ်ဆိုင်းခြင်း၏ သက်ရောက်မှုသည် “လုံးဝမရှိသည်တော့ မဟုတ်သော်လည်း” စခန်း၏ အခြား အဆောက်အအုံများအတွင်း၌ သားကောင်များစွာ ပိတ်မိနေဆဲ ဖြစ်ပြီး ၎င်းတို့သည် လိမ်လည်ရန် အတင်းအကျပ် ခိုင်းစေခြင်း ခံနေရဆဲ ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဆိုင်ရာ ကျွမ်းကျင်သူ Jason Tower က KK Park အား စစ်တပ်က စီးနင်းခြင်းသည် “နှိမ်နင်းခြင်းထက် လူထုလှည့်ပြကွက်တစ်ခုသာ” ဖြစ်ပြီး မြန်မာနှင့် ထိုင်းနိုင်ငံ ကို ပိုင်းခြားထားသော မဲခေါင်မြစ်တစ်လျှောက် လည်ပတ်နေဆဲဖြစ်သည့် လိမ်လည်မှုစခန်း ဒါဇင်များစွာအတွက်မူ “ပုံမှန်အတိုင်း လုပ်ငန်းလည်ပတ်နေခြင်း” သာဖြစ်ကြောင်း ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 43 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 41 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 39 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 43 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 35 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 42 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 43 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 34 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို