နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကျားဖြန့်‌(ခေါ်)အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို စစ်တပ်ထောက်တိုင်တွေအနေနဲ့ တိုက်ဖျက်သွားမယ်လို့ စစ်ကိုင်းဖိုရမ်ထုတ်ပြန်

အောက်တိုဘာလ (၂၅)ရက်။

ကျားဖြန့်(ခေါ်)အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို စစ်တပ်ထောက်တိုင်တွေအနေနဲ့ တိုက်ဖျက်သွားမယ်လို့ စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်းက မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

ကျားဖြန့်(ခေါ်)အွန်လိုင်းငွေလိမ်တဲ့ဖြစ်စဉ်တွေဟာ ဒေသထဲပြည်သူရဲ့ အကျိုးစီးပွားကို ထိခိုက်၊ ယုတ်လျော့စေရုံသာမက ဦးစီးလုပ်ကိုင်သူတွေဟာ လူဆိုးဂိုဏ်းကြီးတွေအနေနဲ့ ကြီးထွားလာပြီး နိုင်ငံတကာအသိုက်အဝိုင်းရဲ့ အကျိုးစီးပွားကိုပါ ထိပါးလာတယ်လို့ ဆိုပါတယ်။

အဲ့ဒီဖြစ်စဉ်တွေနဲ့ နောက်ဆက်တွဲ ရာဇဝတ်မှုတွေဟာ အခုနှစ်ပိုင်းထဲ မြန်မာနိုင်ငံမှာလဲ ပိုမိုများပြားစွာ ဖြစ်ပွားလာနေတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကော်မရှင်အနေနဲ့ နိုင်ငံတကာကို အသံကောင်းဟစ်ပြီး အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို အပေါ်ယံနှိမ်နင်းပြနေပေမယ့် ငွေကြေးလိမ်လည်မှုအများစုဟာ စစ်ကော်မရှင်ခန့် ဝန်ကြီး၊ ဒုဝန်ကြီး၊ စစ်ဗိုလ်ချုပ်တွေအပါအဝင် ထိပ်ပိုင်းအာဏာရှင်တွေနဲ့ တိုက်ရိုက်ဆက်စပ်နေတယ်လို့ ရေးသားထားပါတယ်။

ဒါ့ကြောင့် ကျားဖြန့်(ခေါ်)အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို စစ်ကော်မရှင်တွေရဲ့ ထောက်တိုင်အနေနဲ့ သတ်မှတ်ပြီး ဒေသထဲ ထိရောက်စွာ ဆန့်ကျင် တိုက်ဖျက်သွားမယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် ပြည်သူတွေအနေနဲ့ အွန်လိုင်းငွေကြေးလိမ်ဂိုဏ်းတွေရဲ့ သားကောင်ဘဝ မရောက်အောင် အထူးသတိပြုနေထိုင်ပြီး တွေ့ရှိပါက လက်မခံဘဲ ဝိုင်းဝန်း ဆန့်ကျင်တိုက်ဖျက်ဖို့ စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်းက တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တပ်ချုပ်အသစ်က လေတပ်ဦးစီးချုပ်နေရာ ဒုဗိုလ်ချုပ်ကြီး ထွန်းဝင်းကို ခန့်အပ်

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 24 Views
ဧပြီလ (၂၂)ရက်။ တပ်ချုပ်အသစ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက လေတပ်ဦးစီးချုပ်နေရာအတွက် ဒုဗိုလ်ချုပ်ကြီး ထွန်းဝင်းကို ရာထူးတိုးမြှင့်ခန့်အပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ လေတပ်ဦးစီးချုပ်အနေနဲ့
မြန်မာသတင်း

သရက်ကန်ပျူစောထီးရွာမှာ စစ်ကော်မရှင်ရဲတဦး မိုင်းဆွဲခံရကာ ပွဲချင်းပြီးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 26 Views
ဧပြီလ (၂၂)ရက်။ ဧပြီလ (၂၀)ရက်နေ့ ညနေ (၄)နာရီအချိန်က သရက်ကန်ပျူစောထီးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကော်မရှင်ရဲတဦးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ TYK ပြောက်ကြားတပ်ဖွဲ့ရဲ့
မြန်မာသတင်း

အာဆီယံနဲ့ အကောင်းဆုံး ပူးပေါင်းဆောင်ရွက်မယ်ဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 21 Views
လူမှုကွန်ရက်က သတင်းမှားတွေနဲ့ ဖိအားပေးနေတယ်လို့ဆို ဧပြီလ (၂၂)ရက်။ အာဆီယံနဲ့ အကောင်းဆုံး ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုပြီး မင်းအောင်လှိုင်က မနေ့ကကျင်းပတဲ့ ကာ/လုံအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အာဆီယံနဲ့ပတ်သက်ပြီး အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာ သမ္မတအနေနဲ့ ကျမ်းသစ္စာကျိန်ဆိုတဲ့အချိန်က မိန့်ခွန်းပြောတာမှာ
မြန်မာသတင်း

တနင်္သာရီမြို့မှာ တိုက်ပွဲတွေ အချိန်မရွေးဖြစ်ပေါ်နိုင်တာကြောင့် ဘေးကင်းရာပြောင်းရွှေ့ဖို့ PDF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 24 Views
ဧပြီလ (၂၂)ရက်။ တနင်္သာရီဒေသမှာ တိုက်ပွဲတွေ အချိန်မရွေး ဖြစ်ပေါ်နိုင်တာကြောင့် ဘေးကင်းရာပြောင်းရွှေ့ဖို့ PDF မြိတ်ခရိုင်တပ်ရင်း(၂)က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ တနင်္သာရီမြို့ ဘောဓိကမ်း-ညောင်ပင်ကွင်းရွာလမ်းပိုင်းရှိ ဘန်လော၊ (၅)မိုင်၊ (၆)မိုင်နဲ့ ထုံးတော်ရွာတလျှောက်မှာ စစ်ကော်မရှင်တပ်က အင်အားသုံး
မြန်မာသတင်း

သမ္မတဦးဝင်းမြင့် မိသားစုထံ ပြန်ရောက်ရှိတဲ့အပေါ် SCEF ဝမ်းမြောက်သဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 27 Views
ဧပြီလ (၂၂)ရက်။ သမ္မတဦးဝင်းမြင့် မိသားစုထံ ပြန်လည်ရောက်ရှိလာတဲ့အပေါ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)က ဒီကနေ့မှာ ဝမ်းမြောက်သဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ သမ္မတအနေနဲ့ တာဝန်ထမ်းဆောင်ချိန် အကြမ်းဖက်စစ်တပ်ရဲ့ မတရားဖမ်းဆီးအကျဉ်းချတာကို ခံခဲ့ရတဲ့ သမ္မတဦးဝင်းမြင့်ဟာ (၅)နှစ်ကျော်ကြာမှာ မိသားစုထံ ပြန်လည်ရောက်ရှိခဲ့တာလို့
မြန်မာသတင်း

“မြန်မာနဲ့ဟန်ဂေရီရွေးကောက်ပွဲကိုနှိုင်းယှဥ်ကြည့်ခြင်း”

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 26 Views
(ရုပ်သံတင်ဆက်မှုစာသားမူရင်း) ဒီနေ့ ကျွန်တော် တင်ပြချင်တဲ့ အကြောင်းအရာကတော့ စိတ်ဝင်စားစရာကောင်းတဲ့ ဟန်ဂေရီနိုင်ငံရဲ့ ရွေးကောက်ပွဲ အပြောင်းအလဲနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အခြေအနေကို နှိုင်းယှဥ်ပြီး သုံးသပ်ပြချင်တာ ဖြစ်ပါတယ်။ လူသတ်အာဏာရှင်တွေ ဘယ်လောက်ပဲ အာဏာကို အမြစ်တွယ်အောင် လုပ်ထားပါစေ၊
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိတာကို သက်သေပြဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတခု ပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 25 Views
ဧပြီလ (၂၁)ရက်။ ‌အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာ ရှိနေသေးတာကို သက်သေပြဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတခု All in One Piece Movement က မနေ့က စတင်လိုက်တယ်လို့ သိရပါတယ်။ “ အမေ့အတွက်
မြန်မာသတင်း

မင်းအောင်လှိုင် ငြိမ်းချမ်းရေးဖိတ်ခေါ်တာကို CNF ငြင်း

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 27 Views
ဧပြီလ (၂၁)ရက်။ မင်းအောင်လှိုင်က ငြိမ်းချမ်းရေး ဖိတ်ခေါ်တဲ့အပေါ် ချင်းအမျိုးသားတပ်ဦး(CNF)က ငြင်းဆိုလိုက်တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ NCA ကအစ ၂၀၀၈ဖွဲ့စည်းပုံအောက်ကနေ လုပ်ဆောင်တာမှန်သမျှကို ကန့်ကွက်ငြင်းပယ်တယ်။ SCEF ရဲ့ နိုင်ငံရေးရပ်တည်ချက်အတိုင်းပဲ ဆက်လက်လုပ်ဆောင် ရပ်တည်သွားမှာ”