နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

သိမ်းပိုက်ရရှိထားတဲ့ နမ္မတူမြို့က ပြည်သူ့ဆေးရုံကို CDM ၀န်ထမ်းတွေနဲ့ လည်ပတ်နေပြီလို့ TNLA ထုတ်ပြန်

‌မတ်လ (၁၆)ရက်။

သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နမ္မတူမြို့ရှိ ပြည်သူ့ဆေးရုံကို CDM ဆရာ၀န်ကြီးအပါအ၀င် ဒေသခံ CDM ကျန်းမာရေး၀န်ထမ်းတွေနဲ့ လည်ပတ်နေပြီလို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ အစပဲရှိသေးတာဆိုတော့ လိုအပ်ချက်တွေက ရှိပါတယ်၊ ဒါပေမယ့် ပြည်သူတွေရဲ့ ကျန်းမာရေးလိုအပ်ချက်တွေကို အချိန်မရွေး အကောင်းဆုံး ဝန်ဆောင်မှုပေးဖို့ ကျနော်တို့ ကြိုးစားနေပါတယ်။ အခုဒီမှာက ဒေသခံ CDM ကျန်းမာရေးဝန်ထမ်းတွေက အများဆုံးပါဝင်ပါတယ်။ ဝန်ထမ်းအင်အားက လုံလုံလောက်လောက်တော့ မရှိသေးဘူး၊ ဒါကြောင့် ဒေသခံတွေအပြင် အနယ်နယ်အရပ်ရပ်က CDM လုပ်ထားတဲ့ ဘယ်သူ့ကိုမဆို ကျနော်တို့နဲ့ ပူးပေါင်းဖို့ ဖိတ်ခေါ်ပါတယ်” လို့ PSLF/TNLA ကျန်းမာ‌ရေးဌာနရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

နမ္မတူပြည်သူ့ဆေးရုံကို ကျန်းမာရေးဝန်ထမ်း (၁၈)ဦးနဲ့ စတင်လည်ပတ်နေတာဖြစ်ပြီး အောက်မြန်မာပြည်က ဖိတ်ခေါ်ထားတဲ့ ကျွမ်းကျင် CDM ဆရာဝန်ကြီးအချို့နဲ့အတူ CDM ပြုလုပ်ထားတဲ့ ဒေသခံ ကျန်းမာရေးဝန်ထမ်းတွေနဲ့ CBHTဆရာ/ဆရာမတွေ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ပြင် PSLF/TNLA အပြည့်အဝထိန်းချုပ်ထားတဲ့ နမ္မတူမြို့မှာ အခုအခါ အုပ်ချုပ်ရေးယန္တရားတွေ  အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ဒေသခံပြည်သူတွေကို ကျန်းမာရေးဝန်ဆောင်မှု အပြည့်အဝပေးနိုင်ဖို့ ကြိုးစားလုပ်ဆောင်သွားမယ်လို့ ရေးသားထားပါတယ်။

နမ္မတူမြို့နဲ့ အနီးဝန်းကျင်က ကျေးရွာခံပြည်သူတွေကို ကျန်းမာရေးဝန်ဆောင်မှု အပြည့်အဝပေးနိုင်ဖို့အတွက် ဒေသခံ CDM ကျန်းမာရေးဝန်ထမ်းတွေအပြင် အနယ်နယ်အရပ်ရပ်က CDM ပြုလုပ်ထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဖိတ်ခေါ်သွားမယ်လို့ ပြောဆိုထားပါတယ်။

နမ္မတူမြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA)က ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်နေ့မှာ စစ်ကောင်စီထံကနေ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့မြို့ဖြစ်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်အုပ်စုရဲ့ ဝါဒဖြန့်ဇာတ်လမ်းတိုမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကို လူမှုရေးပြစ်ဒဏ်ခတ်ဖို့ နှိုးဆော်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 27 ရက်
  • 16 Views
အောက်တိုဘာလ (၂၇)ရက်။ စစ်အုပ်စုရဲ့ ဝါဒဖြန့်ဇာတ်လမ်းတိုမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကို ထိရောက်စွာ လူမှုရေးပြစ်ဒဏ်ခတ်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနှိုးဆော်ထားတယ်လို့ သိရပါတယ်။ စစ်အုပ်စုက
မြန်မာသတင်း

ကိုယ်စားလှယ်လောင်း တဦးထဲရှိတဲ့နေရာတွေမှာ ဝင်ပြိုင်ဖို့ အမည်စာရင်းပေးခဲ့ပေမယ့် ဖိအားပေးခံရတာတွေကြောင့် ပြန်ရုတ်သိမ်းခဲ့ရတယ်လို့ ဦးကိုကိုကြီးပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 27 ရက်
  • 18 Views
အောက်တိုဘာလ (၂၇)ရက်။ ကိုယ်စားလှယ်လောင်း တဦးထဲရှိတဲ့နေရာတွေမှာ ဝင်ပြိုင်ဖို့ အမည်စာရင်းပေးခဲ့ပေမယ့် ဖိအားပေးခံရတာကြောင့် ပြန်လည်ရုတ်သိမ်းခဲ့ရတာတွေ ရှိတယ်လို့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ထုတ်ဖော်ပြောဆိုထားတယ်လို့
မြန်မာသတင်း

KK Park ကနေ အကျိုးအမြတ်ရနေတယ်လို့ စစ်အုပ်စုရဲ့ စွပ်စွဲချက် KNU ငြင်းဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 27 ရက်
  • 21 Views
အောက်တိုဘာလ (၂၇)ရက်။ ထိုင်း-မြန်မာနယ်စပ်ရှိ KK Park ကနေ အကျိုးအမြတ်ရရှိတယ်ဆိုပြီး စစ်အုပ်စုက စွပ်စွဲထားတဲ့အပေါ် ကရင်အမျိုးသားအစည်းအရုံး(KNU)က မနေ့က ထုတ်ပြန်ငြင်းဆိုထားတယ်လို့ သိရပါတယ်။ စစ်အုပ်စုရဲ့ ပြောခွင့် ဗိုလ်ချုပ် ဇော်မင်းထွန်းက KK Park အွန်လိုင်းငွေလိမ်လုပ်ငန်းအတွက်
မြန်မာသတင်း

ရန်ကုန်မှာ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ ဆန့်ကျင်သူ (၃)ဦး အကြမ်းဖက်ဖမ်းဆီးခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 27 ရက်
  • 35 Views
အောက်တိုဘာလ (၂၅)ရက်။ ရန်ကုန်မှာ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ လူငယ် (၃)ဦး အကြမ်းဖက်ဖမ်းဆီးခံခဲ့ရတယ်လို့ ရွှေပြည်သာသပိတ်ကော်မတီရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဖမ်းဆီးခံရတာက စက်တင်ဘာ (၁၈)ရက်နေ့က အလုပ်ကအပြန်မှာ ဖမ်းသွားတာ။ ဖမ်းဆီးခံရတာက
မြန်မာသတင်း

SpaceX မှ မြန်မာ လိမ်လည်မှုစခန်းများ အသုံးပြုနေသော Starlink ကိရိယာ ထောင်ပေါင်း များစွာကို အသုံးပြု၍မရအောင် ပိတ်ဆို့လိုက်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 25 ရက်
  • 50 Views
CNN – ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက် အီလွန် မတ်စ် (Elon Musk) ဦးဆောင်သည့် SpaceX ကုမ္ပဏီက မြန်မာနိုင်ငံ၏ ဥပဒေမဲ့ဒေသ တစ်ခုတွင် လည်ပတ်နေသော ဆိုက်ဘာလိမ်လည်မှု ဂိုဏ်းများ
မြန်မာသတင်း

စစ်တပ်က ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့အပေါ် အထူးစိုးရိမ်တယ်လို့ KIO ဥက္ကဋ္ဌပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 25 ရက်
  • 50 Views
အောက်တိုဘာလ (၂၅)ရက်။ စစ်တပ်ရဲ့ အခုနှစ်ကုန် ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲအပေါ် အထူးစိုးရိမ်နေတယ်လို့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဒီကနေ့ ကချင်လွတ်လပ်ရေးအဖွဲ့ (၆၅)နှစ်ပြည့်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ မြန်မာနိုင်ငံထဲမှာ ရွေးကောက်ပွဲပြုလုပ်ဖို့
မြန်မာသတင်း

PPP ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ရွေးကောက်ပွဲဝင်ခွင့်မရဘူးလို့ သတင်းထွက်ပေါ်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 25 ရက်
  • 40 Views
အောက်တိုဘာလ (၂၅)ရက်။ စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ‌ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဝင်ပြိုင်ခွင့်မရဘူးဆိုပြီး ‌သတင်းတွေထွက်ပေါ်နေတယ်လို့ သိရပါတယ်။ ဒေါ်သက်သက်ခိုင်ဟာ ရန်ကုန်တိုင်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၂)မှာ ဝင်ပြိုင်ဖို့ရှိနေပေမယ့် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ အမည်စာရင်းမှာ ပါဝင်လာတာမရှိဘူးလို့ ဆိုပါတယ်။ အခုလို
မြန်မာသတင်း

ကျားဖြန့်‌(ခေါ်)အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို စစ်တပ်ထောက်တိုင်တွေအနေနဲ့ တိုက်ဖျက်သွားမယ်လို့ စစ်ကိုင်းဖိုရမ်ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 25 ရက်
  • 25 Views
အောက်တိုဘာလ (၂၅)ရက်။ ကျားဖြန့်(ခေါ်)အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို စစ်တပ်ထောက်တိုင်တွေအနေနဲ့ တိုက်ဖျက်သွားမယ်လို့ စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်းက မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ကျားဖြန့်(ခေါ်)အွန်လိုင်းငွေလိမ်တဲ့ဖြစ်စဉ်တွေဟာ ဒေသထဲပြည်သူရဲ့ အကျိုးစီးပွားကို ထိခိုက်၊ ယုတ်လျော့စေရုံသာမက ဦးစီးလုပ်ကိုင်သူတွေဟာ လူဆိုးဂိုဏ်းကြီးတွေအနေနဲ့ ကြီးထွားလာပြီး နိုင်ငံတကာအသိုက်အဝိုင်းရဲ့ အကျိုးစီးပွားကိုပါ ထိပါးလာတယ်လို့