နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

အင်းစိန်အကျဉ်းထောင်ထဲက နိုင်/ကျဉ်း (၂၄)ဦးကို (၃)လကြာတဲ့အထိ တိုက်ပိတ်ခဲ့ပြီး ဒေါက်ခတ်ထားတယ်လို့ PPNM ထုတ်ပြန်

မတ်လ (၁၆)ရက်။

ရန်ကုန်မြို့ရှိ အင်းစိန်အကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသား (၂၄)ဦးကို (၃)လကြာတဲ့အထိ တိုက်ပိတ်ခဲ့ပြီးနောက် အခုအချိန်အထိ ဒေါက်ခတ်ထားတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသား (၂၄)ဦးကို တရားမဝင်ပစ္စည်းတွေ ကိုင်ဆောင်တယ်ဆိုပြီး အကြောင်းပြကာ ထောင်အာဏာပိုင်တွေက မျက်နှာကို ခေါင်းစွပ်တွေစွပ်ကာ လက်ထိပ်‌နောက် ပြန်ခတ်ခေါ်ဆောင်ပြီး ရိုက်နှက်ခဲ့သလို ခြေကျင်းနဲ့ ဒေါက်ခတ်ပြီး တိုက်သုံးလပိတ်ခဲ့တာလို့ ဆိုပါတယ်။

(၂၀၂၃)ခုနှစ် နို၀င်ဘာလ (၅)ရက်ကစပြီး ဒီကနေ့အချိန်အထိ အင်းစိန်ဗဟိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား (၂၄)ဦးကို ရက်ပေါင်း (၁၃၀)ကျော်ကြာ‌ သံခြေကျင်း‌ဒေါက်တွေခတ်ပြီး အလုပ်ကြမ်း‌တွေ စေခိုင်းနေတယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ ဦးထင်ကျော်၊ ကိုဇော်နိုင်ထွန်း၊ ကိုမျိုးမင်းဦး၊ ကိုဗလကြီး၊ ကိုရဲမင်းထွေး၊ ကိုချမ်းမြေ့ကိုကို၊ ကိုလှဦးမောင်၊ ကိုဝေမင်းအောင်နဲ့ ကိုကျော်သက်တို့ပါ၀င်ကာ အသက် (၂၀)နှစ်ကနေ (၆၀)နှစ်အထိဖြစ်ပြီး မတရားပုဒ်မ ၅၄(က)၊ ၅၂(က)၊ ၁၉(စ)နဲ့ ဖောက်ခွဲ(၃)တို့နဲ့ အမိန့်ချခံထားရသူတွေလို့ သိရပါတယ်။

ထောင်လက်စွဲဥပဒေအရ ဘယ်လိုအကျဉ်းသားကိုမဆို ရက်ပေါင်း (၉၀)ထက်ကျော်ပြီး ခြေကျင်းခတ်တာမပြုလုပ်ဖို့နဲ့ အရေးပေါ်ကိစ္စကလွဲပြီး ခြေကျင်းမခတ်ဖို့ ပြဌာန်းထားပေမယ့် ထောင်အာဏာပိုင်တွေဟာ အာဏာသိမ်းပြီးချိန်ကစပြီး မလိုက်နာတော့ဘူးလို့ ရေးသားထားပါတယ်။

ထောင်အာဏာပိုင်တွေက ရာထူးအာဏာကို အသုံးချပြီး မတရား ခြေကျင်းနဲ့ ဒေါက်တွေခတ်ကာ အလုပ်ခိုင်းစေတာဟာ 
လူ့အခွင့်အရေးကြေညာစာတမ်းပါ အပိုဒ်(၄)နဲ့ (၅)ကို ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်နေကြတာလို့ PPNM က ပြောဆိုထားပါတယ်။

အကျဉ်းထောင်တွေထဲမှာ လူ့အခွင့်အရေးဆုံးရှုံးတာနဲ့ အကျဉ်းသားအခွင့်အရေး ဆုံးရှုံးတာတွေက မြန်မာပြည်တစ်ဝှမ်းရှိ အကျဉ်းထောင်တွေမှာ ဖြစ်ပွားနေကာ လျော့ကျသွားတာမရှိဘဲ ပိုပြီးဆိုးရွားလာတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“မြန်မာနဲ့ဟန်ဂေရီရွေးကောက်ပွဲကိုနှိုင်းယှဥ်ကြည့်ခြင်း”

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 18 Views
(ရုပ်သံတင်ဆက်မှုစာသားမူရင်း) ဒီနေ့ ကျွန်တော် တင်ပြချင်တဲ့ အကြောင်းအရာကတော့ စိတ်ဝင်စားစရာကောင်းတဲ့ ဟန်ဂေရီနိုင်ငံရဲ့ ရွေးကောက်ပွဲ အပြောင်းအလဲနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အခြေအနေကို
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိတာကို သက်သေပြဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတခု ပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 22 Views
ဧပြီလ (၂၁)ရက်။ ‌အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာ ရှိနေသေးတာကို သက်သေပြဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတခု All in One
မြန်မာသတင်း

မင်းအောင်လှိုင် ငြိမ်းချမ်းရေးဖိတ်ခေါ်တာကို CNF ငြင်း

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 22 Views
ဧပြီလ (၂၁)ရက်။ မင်းအောင်လှိုင်က ငြိမ်းချမ်းရေး ဖိတ်ခေါ်တဲ့အပေါ် ချင်းအမျိုးသားတပ်ဦး(CNF)က ငြင်းဆိုလိုက်တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ NCA ကအစ ၂၀၀၈ဖွဲ့စည်းပုံအောက်ကနေ လုပ်ဆောင်တာမှန်သမျှကို ကန့်ကွက်ငြင်းပယ်တယ်။ SCEF ရဲ့ နိုင်ငံရေးရပ်တည်ချက်အတိုင်းပဲ ဆက်လက်လုပ်ဆောင် ရပ်တည်သွားမှာ”
မြန်မာသတင်း

ရက်ပေါင်း (၁၀၀)ထဲ PDF တွေ အလင်းဝင်ဖို့ဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 22 Views
ဧပြီလ (၂၁)ရက်။ ဇူလိုင်လ (၃၁)ရက်နေ့အထိ ရက်ပေါင်း (၁၀၀)ထဲ PDF တွေ အလင်းဝင်လာကြဖို့ဆိုပြီး မင်းအောင်လှိုင်က မနေ့က ကျင်းပတဲ့ အမည်ခံအစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ရက် (၁၀၀)မှာ PDF
မြန်မာသတင်း

သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က လုံခြုံရေးတင်းကြပ်ထား

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 28 Views
ဧပြီလ (၂၀)ရက်။ မတရားဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က လုံခြုံရေးတင်းကြပ်ထားတယ်လို့ နေပြည်တော်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ သမ္မတ ဦးဝင်းမြင့်ဟာ ဧပြီလ (၁၇)ရက်နေ့က တောင်ငူထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီး နေပြည်တော်ရှိ နေအိမ်မှာ မိသားစုနဲ့အတူ နေထိုင်နေတာပါ။
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ရဲ့ ကပစ(၂၁) ရှော့တိုက်ဒုံးတွေ၊ လက်လုပ်ရော့ကတ်တွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 29 Views
ဧပြီလ (၂၀)ရက်။ မကွေးတိုင်း ဆိပ်ဖြူမြို့ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကပစ(၂၁)ကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တိုင်းပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အကြမ်းဖက်စစ်တပ်ရဲ့ နိုင်ငံအနှံ့ ထိုးစစ်၊ ခံစစ်တွေ လျော့နည်းစေဖို့နဲ့ ပြည်သူကို
မြန်မာသတင်း

မင်းကွန်းတိုက်နယ်ပလဖတွေ စစ်တပ်ဆီ ပူးပေါင်းလာတယ်ဆိုပြီး စစ်လော်ဘီတွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 23 Views
ဧပြီလ (၂၀)ရက်။ ဧပြီလ (၁၈)ရက်နေ့က NUG လက်အောက်ခံ မင်းကွန်းတိုက်နယ်ပလဖတွေ စစ်တပ်ဆီ ပူးပေါင်းလာတယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေရဲ့ မနေ့က ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ ပူးပေါင်းသူတွေဟာ မင်းကွန်းတိုက်နယ်ပလဖက စစ်ရေးတာဝန်ခံ ဟိန်းထက်ဇော်(ခ)ကျောက်ခဲ ဦးဆောင်တဲ့ အမျိုးသား (၁၃)ဦးနဲ့
မြန်မာသတင်း

ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဆက်လက်အသိအမှတ်ပြုထား

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 25 Views
ဧပြီလ (၂၀)ရက်။ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဆက်လက်အသိအမှတ်ပြုထားကြတယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဆက်လက်အသိအမှတ်ပြု