နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 19 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲရပ်စဲရေးအတွက် အမေရိကန်နှင့် အီရန် ကနဦးသဘောတူညီချက် လက်မှတ်ရေးထိုး၊ သို့သော် ပိုမိုခက်ခဲသော ဆွေးနွေးပွဲများ ရှေ့တွင်ရှိနေ

CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်

နောက်ဆုံးသဘောတူညီချက်ရရှိရန် ရက်ပေါင်း ၆၀ ကြာမည့် ကာလတစ်ခု စတင်နေပြီဖြစ်ပြီး လက်ရှိအချိန်အထိ နှစ်ဖက်စလုံးက ၎င်းတို့၏ ကတိကဝတ်များကို လေးစားလိုက်နာ နေကြ ကြောင်း အမေရိကန် ဒုတိယသမ္မတက ပြောကြားသည်။

ဗန်းစ် အနေဖြင့် ယနေ့ည ဆွစ်ဇာလန်သို့ သွားရောက်တော့မည်မဟုတ်ကြောင်း အိမ်ဖြူတော် ပြောကြား

ဒုတိယသမ္မတ ဂျေဒီဗန်းစ် အနေဖြင့် အီရန်နိုင်ငံနှင့် နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးရန် ယခင်က စီစဉ်ထားသည့်အတိုင်း ယနေ့ည ဆွစ်ဇာလန်နိုင်ငံသို့ သွားရောက်တော့မည် မဟုတ်ကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပြီး၊ ဆွေးနွေးပွဲ၏ နောက်ထပ်အဆင့်နှင့်ပတ်သက်၍ မပြတ်သားသေးသည့် အစီအမံ (Logistics) များကို အကြောင်းပြချက်အဖြစ် ကိုးကားပြောဆိုခဲ့သည်။

“ဒုတိယသမ္မတက သူ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့သလိုပါပဲ၊ လာမယ့် နည်းပညာပိုင်း ဆိုင်ရာ ဆွေးနွေးပွဲတွေအတွက် အစီအစဉ်တွေကို အတည်မပြုရသေးပါဘူး။ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကတော့ ပထမဆုံး အဆင်ပြေမယ့် အခွင့်အရေးမှာတင် ထွက်ခွာဖို့ အဆင်သင့်ရှိနေပါတယ်။ ဒါပေမဲ့ ဒီဆွေးနွေးပွဲတွေရဲ့ အစီအမံပိုင်းဆိုင်ရာတွေက ဘယ်တုန်း ကမှ ရိုးရှင်းတာ ဒါမှမဟုတ် ကြိုတင်ခန့်မှန်းလို့ရတာမျိုး မရှိခဲ့ပါဘူး” ဟု ပြောရေးဆိုခွင့်ရှိသူ က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

“လက်ရှိအချိန်အထိတော့ ဒုတိယသမ္မတဟာ ယနေ့ညမှာ ထွက်ခွာမှာ မဟုတ်ပါဘူး။ နောက်ထပ်အဆင့်နဲ့ပတ်သက်ပြီး ခိုင်မာတဲ့ နောက်ဆုံးရသတင်းရတာနဲ့ ချက်ချင်း ခင်ဗျားတို့ကို အသိပေးသွားမှာပါ။ နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးပွဲတွေကို အမြန်ဆုံး စတင်နိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောသည်။

ဗန်းစ်သည် သောကြာနေ့တွင် ပြုလုပ်မည့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ တရားဝင်အခမ်းအနားသို့ တက်ရောက်ရန် ဆွစ်ဇာလန်သို့ သွားရောက်ရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။

ကြာသပတေးနေ့အစောပိုင်းက ဒုတိယသမ္မတသည် သဘောတူညီချက်ကို လူကိုယ်တိုင် လက်မှတ်ရေးထိုးရန် ဆွစ်ဇာလန်သို့ သွားရောက်ရန် ရည်ရွယ်ထားကြောင်း ပြောကြား ခဲ့သော်လည်း အချိန်ကိုက်ဖြစ်မှုကတော့ မရေရာသေးကြောင်း ဝန်ခံခဲ့သည်။

သဘောတူညီချက်ကို အချောသတ်ရန် ရည်ရွယ်သည့် နည်းပညာပိုင်းဆိုင်ရာ ညှိနှိုင်းမှုများကို ယခုသီတင်းပတ်ကုန်တွင် စတင်ရန် မျှော်လင့်ထားကြောင်းနှင့် အမေရိကန် ညှိနှိုင်းရေးအဖွဲ့ကို ဦးဆောင်ရန် “သေချာပေါက် စီစဉ်ထားကြောင်း” ဗန်းစ်က ထပ်လောင်းပြောကြားခဲ့သည်။

ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော် ဘရက်ဒီ(Brady) သတင်းစာရှင်းလင်းပွဲခန်းမတွင် ကြာသပတေး နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တစ်ဦး၏ မေးခွန်းကို ဒုတိယ သမ္မတ ဂျေဒီဗန်းစ် (JD Vance) ဖြေကြားနေစဉ်။ (ဓာတ်ပုံ – Andrew Harnik/Getty Images)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

နိုင်ငံအသီးသီးက ဆွေးနွေးပွဲအလှည့်အပြောင်းအသစ်အတွက် ပြင်ဆင်နေစဉ် လက်ဘနွန်မှ ဆုတ်ခွာမည် မဟုတ်ကြောင်း အစ္စရေး ကတိပြု

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 7 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် အစ္စရေးနိုင်ငံက
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်သဘောတူညီချက်သည် “ ခြွင်းချက်မရှိ လက်နက်ချခြင်း” ဖြစ်သည်ဟု ထရမ့် အရိပ်အမြွက်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 7 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် ရရှိခဲ့သည့် နားလည်မှုစာချွန်လွှာသည် “ခြွင်းချက်မရှိ လက်နက်ချခြင်း” နှင့် အလားတူကြောင်းနှင့် အဆိုပါပဋိပက္ခသည် သူ၏ သမ္မတအာဏာ ကျယ်ပြန့်မှုကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းက မော်စကို ရေနံချက်စက်ရုံကို ဗုံးကြဲတိုက်ခိုက်၊ စစ်ပွဲအဆုံးသတ်ရန် ဇလန်းစကီးက ထရမ့်၏ ထောက်ခံမှုကိုရရှိရန်ကြိုးစား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 13 Views
Al Jazeera News – ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၈ ရက် ညတွင်းချင်းအတွင်း ဒေသအတော်များများ၌ ယူကရိန်းမောင်းသူမဲ့ဒရုန်း ၅၅၅ စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဆွစ်ဇာလန်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲအသစ်များကို ‘စဉ်းစားသုံးသပ်နေဆဲ’ ဟု အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 21 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၈ရက် ဆွစ်ဇာလန်နိုင်ငံတွင် ပြုလုပ်မည့် ဆွေးနွေးပွဲအဝိုင်းအဝန်းအသစ်တစ်ခုကို “ စဉ်းစားသုံးသပ် နေဆဲဖြစ်သည်” ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စမေးလ် ဘာကေးအီ (Esmaeil Baqaei) က ပြောကြားခဲ့သည်။ “
နိုင်ငံတကာစီးပွားရေး နိုင်ငံတကာသတင်း

သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် ရေနံစျေးနှုန်းများ ဆက်လက်ကျဆင်းနေ

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 18 Views
ရှာနာ့ဇ် မူဆာဖာ (Shanaz Musafer) ဘီဘီစီ စီးပွားရေးသတင်းထောက်ပေးပို့သည်။ BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၈ရက် မနေ့ညက အမေရိကန်နှင့် အီရန်တို့ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ ပြီးနောက် ယနေ့နံနက်တွင် ရေနံစျေးနှုန်းများ ဆက်လက်ကျဆင်းလျက်ရှိသည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဗန်စ့်က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ‘အချို့အရာတွေကို မှားယွင်းလုပ်ဆောင်ခဲ့တယ်’ ဟု ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 22 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၈ရက် အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲအတွင်း မဟာမိတ်နှစ်နိုင်ငံကြား ဆက်ဆံရေးမှာ မကြာသေးမီ သီတင်းပတ်များအတွင်း တင်းမာလာပုံရချိန်တွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု သည် “ အချို့အရာတွေကို အသေအချာပဲ မှားယွင်းလုပ်ဆောင်ခဲ့တာ ရှိပါတယ်” ဟု
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲက အီရန်ကို ဟော်မုဇ်ရေလက်ကြားအား လက်နက်တစ်ခုသဖွယ် ဘယ်လိုအသုံးချရမလဲဆိုတာ သင်ကြားပေးခဲ့သည်

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 17 Views
ရေးသားသူ- ဂျယ်ရမီ ဘိုဝင် (Jeremy Bowen) နိုင်ငံတကာရေးရာ အယ်ဒီတာ BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၈ရက် ဒီကိစ္စတွေအားလုံး ဖေဖော်ဝါရီ ၂၈ ရက်က စတင်ခဲ့ချိန်တုန်းက ဒေါ်နယ်ထရမ့်နဲ့ ဘင်ဂျမင် နေတန်ယာဟုတို့က အစိုးရအပြောင်းအလဲ