နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

နေပြည်တော်စစ်ရုံးချုပ်နဲ့ အေလာလေတပ်ကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ MOD ထုတ်ပြန်

ဧပြီလ (၄)ရက်။

စစ်ကောင်စီရဲ့ စစ်ရုံးချုပ်(ကက-ကြည်း)တည်ရှိတဲ့ နေပြည်တော်နဲ့ အေလာလေတပ်တို့ကို ဒရုန်းတွေနဲ့ တပြိုင်နက်တိုက်ခိုက်ခဲ့တယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

နေပြည်တော်ရှိ စစ်ကောင်စီရဲ့စစ်ရုံးချုပ်နဲ့ အေလာလေတပ်တို့ကို ဒီကနေ့ နံနက်ပိုင်းအချိန်က တပြိုင်နက်တိုက်ခိုက်ခဲ့ရာ ထိခိုက်တာတွေရှိတယ်လို့ ကနဦးပြောဆိုထားပါတယ်။

အဲ့ဒီတိုက်ခိုက်တာကို PDF အထူးတပ်ဖွဲ့တွေနဲ့ ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ရဲ့ Kloud Drone တပ်ခွဲနဲ့ Lethal Prop တပ်ခွဲတို့က တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

လုံခြုံရေးအမြင့်ဆုံးချထားတဲ့ နေပြည်တော်စစ်ရုံးချုပ်နဲ့ အေလာလေတပ် တိုက်ခိုက်ခံရတာကို စစ်ရေးသတင်းအရင်းအမြစ်တွေကလဲ အတည်ပြုပြောဆိုထားပါတယ်။

ဒီလိုတိုက်ခိုက်တာနဲ့ပတ်သက်ပြီး NUG ဝန်ကြီးအချို့အပါအဝင် တော်လှန်ပြည်သူတွေက “ congratulation NPT” ဆိုပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာ ရေးသားထားကြပါတယ်။

စစ်ကောင်စီနဲ့နီးစပ်တဲ့သူတွေကတော့ စစ်ရုံးချုပ် တိုက်ခိုက်ခံရတာဟာ သတင်းအမှားဖြစ်ပြီး အေလာလေတပ်ဘက်မှာတော့ ဒရုန်းအချို့ ပျက်ကျတာရှိခဲ့တယ်လို့ ပြောဆိုနေကြောင်း သိရပါတယ်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ICC ရဲ့ ပြောကြားတာတွေကို အသိအမှတ်မပြုဘူးလို့ စစ်ကောင်စီပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 28 ရက်
  • 0 Views
နိုဝင်ဘာလ (၂၈)ရက်။ နိုင်ငံတကာ ရာဇဝတ်တရားရုံး(ICC)ရဲ့ ပြောကြားချက်တွေကို အသိအမှတ်မပြုဘူးလို့ စစ်ကောင်စီဘက်က တုံ့ပြန်ပြောဆိုခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

တရားမဝင် ဝင်လာတဲ့ နိုင်ငံခြားသားတွေကို ပြည်နှင်လွှဲပြောင်းဖို့ စစ်ကောင်စီက နိုင်ငံခြားသံရုံးတွေနဲ့ တွေ့ဆုံ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 28 ရက်
  • 2 Views
နိုဝင်ဘာလ (၂၈)ရက်။ တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေကို အရေးယူပြီး ပြည်နှင်လွှဲပြောင်းဖို့ စစ်ကောင်စီက နိုင်ငံခြားသံရုံးက တာဝန်ရှိသူတွေနဲ့ မနေ့က နေပြည်တော်မှာ
မြန်မာသတင်း

ဘတ်ဂျက်ငွေသုံးစွဲနိုင်ဖို့ အခွန်အခတွေရရှိဖို့လိုတယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 28 ရက်
  • 2 Views
နိုဝင်ဘာလ (၂၈)ရက်။ ဘတ်ဂျက်သုံးစွဲရာမှာ ငွေရှိမှသာ သုံးစွဲနိုင်မှာဖြစ်တာကြောင့် အခွန်အခတွေ ပြည့်ပြည့်ဝဝရရှိဖို့လိုတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ ဘဏ္ဍာရေးအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေရှိမှသာ အခွန်အခတွေ ရရှိမှာဖြစ်တဲ့အတွက် တိုင်းနဲ့ပြည်နယ်အလိုက် စိုက်ပျိုးမွေးမြူရေးကို အခြေခံတဲ့ ကုန်ထုတ်လုပ်ငန်းတွေ
မြန်မာသတင်း

စစ်အုပ်စုခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်တဲ့ လျှောက်ထားလွှာကို အမြန်ဆုံးလက်ခံဖို့ NUG တောင်းဆို

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 58 Views
နိုဝင်ဘာလ (၂၇)ရက်။ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်တဲ့ လျှောက်ထားလွှာကို အမြန်ဆုံးလက်ခံပြီး ဆောင်ရွက်ဖို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ “ ICC တရားသူကြီးတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စု ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားလွှာကို
မြန်မာသတင်း

အခုလထဲ ရခိုင်မှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သား (၂၀)ဦး သေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 56 Views
နိုဝင်ဘာလ (၂၇)ရက်။ နိုဝင်ဘာလ (၁)ရက်နေ့ကစပြီး (၂၆)ရက်နေ့အထိ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားပြည်သူ (၂၀)ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုကြောင့် သေဆုံးခဲ့တဲ့ အရပ်သား (၂၀)ဦးဟာ အမျိုးသား
မြန်မာသတင်း

ICC ရှေ့နေက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထား

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 56 Views
နိုဝင်ဘာလ (၂၇)ရက်။ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)ရဲ့ တရားလွှတ်တော်ရှေ့နေက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်လွှာတင်တာဟာ ရခိုပြည်နယ်ထဲ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက်ဖြစ်တယ်လို့ ဆိုပါတယ်။
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

တောင်ကုတ်မြို့ကို AA အလုံးစုံသိမ်းပိုက်နိုင်ခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 60 Views
နိုဝင်ဘာလ (၂၇)ရက်။ နိုဝင်ဘာလ (၂၅)ရက်နေ့က တောင်ကုတ်မြို့ကို အာရက္ခတပ်တော်(AA)က အလုံးစုံ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ တောင်ကုတ်မြို့တိုက်ပွဲမှာ စစ်ကောင်စီရဲ့ စကခ(၅)လက်အောက်ခံ ခမရ(၃၄၆)နဲ့ ခမရ (၅၄၄)တို့က အလံဖြူထောင် လက်နက်ချအညံ့ခံပြီးနောက် မြို့ကို
မြန်မာသတင်း

၂၀၂၅ဟာ တော်လှန်ရေး အလှည့်အပြောင်းဖြစ်လာမယ့်နှစ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 63 Views
နိုဝင်ဘာလ (၂၇)ရက်။ ၂၀၂၅ဟာ တော်လှန်ရေးအတွက် အလှည့်အပြောင်းဖြစ်လာမယ့်နှစ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့ကပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ၂၀၂၅ဟာ ကျွန်တော်တို့ တော်လှန်ရေးအတွက် တကယ်ကို အလှည့်အပြောင်းတွေ ဖြစ်လာမယ့် နှစ်ဖြစ်ပါတယ်။