ဧပြီလ (၅)ရက်။
မူးမြို့နယ်၊ တပ်ရင်း(၈)ဒေသထဲ ဖမ်းဆီးရရှိခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို ဧပြီလ (၃)ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီမူးယစ်ဆေးဝါးတွေကို KNU-မူးမြို့နယ်/တပ်ရင်း(၈)ရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီတာဝန်ရှိသူတွေ၊ KNLA တပ်ပိုင်းဆိုင်ရာခေါင်းဆောင်တွေနဲ့ KNRF တာဝန်ရှိသူတွေက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးခေါင်းစဉ်နဲ့ ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။
မီးရှို့ဖျက်ဆီးခဲ့တဲ့ မူးယစ်ဆေးဝါးတွေထဲ ဆေးခြောက်၊ ဆေးပြားတွေအပြင် အရက်သေစာတွေလဲပါဝင်ကာ ကာလတန်ကြေး စုစုပေါင်း သိန်း(၇၀၀)ခန့်ရှိတယ်လို့ ဖော်ပြထားပါတယ်။
အခုအခါ တပ်ရင်း(၈)ဒေသထဲ မူးယစ်ဆေးဝါးတွေ ဝယ်ယူ၊ ရောင်းချ၊ သုံးစွဲတာတွေကို တင်းကြပ်စွာ ပိတ်ပင်ထားတယ်လို့ ပြောဆိုထားပါတယ်။
ဒါ့ပြင် ဖမ်းမိခဲ့တဲ့ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချသူတွေကို KNU က ပြဌာန်းထားတဲ့ မူးယစ်ဆေးဝါးအထူးအပ်ဥပဒေအရ ထိရောက်စွာ အရေးယူသွားမယ်လို့ သိရပါတယ်။