နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြန်မာကိုဘယ်လိုကိုင်တွယ်မလဲ။

Bangkok Post ထိုင်း အင်္ဂလိပ်ဘာသာ နေ့စဉ်သတင်းစာ၏ အယ်ဒီတာအာဘာ် “Dealing with Myanmar” ကိုခေတ်မျက်လုံးက တိုက်ရိုက်ဘာသာပြန်သည်။

မြန်မာစစ်အစိုးရတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား ပြည်တွင်းစစ် ဖြစ်ပွားနေချိန်တွင် ထိုင်းနိုင်ငံသည် နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာမည့် ဒုက္ခသည်အများအပြားကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များ ပေးအပ်ရန်အတွက် အချက်အခြာနေရာ ဖြစ်လာမည်ဖြစ်သည်။ ထိုင်းသည်အာဆီယံအဖွဲ့ဝင်အနေနှင့်လည်းကောင်း မြန်မာအိမ်နီးချင်းနိုင်ငံအနေဖြင့်လည်းကောင်း မြန်မာနိုင်ငံအနေနှင့် ငြိမ်းချမ်းသည့်အနေအထားသို့ ပြန်လည်ရောက်ရှိစေရန် စေ့စပ်ညှိနှိုင်းမှုများ မြှင့်တင်ရန်နှင့် ကူညီပံ့ပိုးပေးရာတွင်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်မည်ဟု မျှော်လင့်ပါသည်။

ယင်းမတိုင်မီတွင် ဆာရက်သာ (Srettha) အစိုးရသည် ၎င်း၏ သံတမန်ရေးဆိုင်ရာ မူဝါဒများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးကူညီမှုတို့သည် မျှတမှု၊ လေးစားမှုနှင့် ပွင့်လင်းမြင်သာမှုရှိရန် သေချာဖို့လိုမည် ဖြစ်သည်။ မဘက်လိုက်မှု မရှိသည့် ပေါ်လစီကို မသုံးနိုင်ပါက ထိုင်းနိုင်ငံသည် အလွန်ရှုပ်ထွေးသောမြန်မာ ပြည်တွင်းနိုင်ငံရေး အခြေအနေထဲသို့ ဆွဲငင်ခံရမည့် အန္တရာယ်ရှိသည်။

တာ့ခ်ခရိုင် မဲဆောက်လေဆိပ်တွင် မြန်မာမှ စင်းလုံးငှားလေယာဉ် ဆင်းသက်မှုနှင့် ပတ်သက်၍ ပြီးခဲ့သည့် သီတင်းပတ်ကုန်က နောက်ဆုံးရ သတင်းများအရ ထိုင်းအစိုးရသည် ယင်းကဲ့သို့ ခက်ခဲသော လုပ်ငန်းများကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း မရှိဟု ဖော်ပြသည်။ မြန်မာ့တပ်မတော်သားများ၊ ထောက်ပံ့ရေးပစ္စည်းများ သို့မဟုတ် ငွေများကို ပြန်လည်သယ်ဆောင်ရန် မြန်မာလေယာဉ်ကို အသုံးပြုနေကြောင်း ကောလာဟလများ ထွက်ပေါ်လျက်ရှိသည်။

ဆန်းစစ်ဝေဖန်သူများနှင့် အတိုက်အခံပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များသည် အစိုးရက အခြေအနေကို လွဲမှားစွာ ကိုင်တွယ်ဖြေရှင်းပြီး ထိုင်းနိုင်ငံ၏ နိုင်ငံတကာ ပုံရိပ်ကို ထိခိုက်စေသည်ဟု ဝေဖန်ခဲ့ကြသည်။ မြန်မာလေယဉ် ထိုင်းလေဆိပ်သို့ ဆင်းသက်လာရခြင်းအကြောင်းရင်းမှာ မြဝတီမြို့ကို တော်လှန်ရေးအဖွဲ့များက သိမ်းပိုက်ပြီးနောက်ပိုင်း ထွက်ပြေးလာသည့် မြန်မာအရာရှိများနှင့် သူတို့၏ မှီခိုသူများကို မြန်မာစစ်ကောင်စီက ကယ်ဆယ်ဖို့ ထိုင်းအစိုးရက လေယာဉ်ဆင်းသက်ခွင့်ကို ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်းပေါ်လာခဲ့သည်။ အစိုးရက အဆိုပါကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရန် ကြိုးပမ်းနေသော်လည်း ဒေသခံပြည်သူများမှာ လေယာဉ်၏ ကိုယ်ထည်ထဲတွင် မည်သည့် ကုန်ပစ္စည်းများ တင်ဆောင်ယူငင်သွားခြင်းနှင့်ပတ်သက်၍ မေးခွန်းထုတ်မှုများ ရှိနေဆဲဖြစ်သည်။ ယင်းသံသယများသည် အတိတ်က မြန်မာအစိုးရအပေါ် ထိုင်းအစိုးရ၏ မူဝါဒချမှတ်ထားခြင်းမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ပရာယွတ်အစိုးရသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာစစ်တပ်တို့နှင့် နီးကပ်သော ဆက်ဆံရေးရှိသည်။ အာဏာသိမ်းပြီး လအနည်းငယ်အကြာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ထိုင်းစစ်တပ်က မြန်မာအား စားနပ်ရိက္ခာများ ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ (နှစ်ဖက်တပ်များသည် အာဏာမသိမ်းမီ နယ်စပ်ကင်းလှည့်မှုများလည်း ပြုလုပ်ခဲ့သည်)။ လွန်ခဲ့သည့် ၂ နှစ်ခန့်က ထိုင်းနယ်စပ် တလျှောက်ရှိ သူပုန်များ၏ အမာခံနယ်မြေများကို ဗုံးကြဲချပြီးနောက် မြန်မာတိုက်လေယာဉ်များက ထိုင်းလေပိုင်နက်ကို ဖြတ်ကျော်ပျံသန်းစဉ် ထိုင်းစစ်တပ်က နှုတ်ပိတ်နေခဲ့မှုကြောင့် ဝေဖန်ခြင်းကိုခံခဲ့ရသည်။ ဒုက္ခသည်များ ပြန်ပို့ရေးကို ချမှတ်ထားသည့် ထိုင်းစစ်တပ်၏ မူဝါဒသည် စစ်အစိုးရဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများကို အန္တရာယ်ဖြစ်စေနိုင်သည်ဟု လူ့အခွင့်အရေးအဖွဲ့များက စိုးရိမ်ပူပန်မှုများ မြင့်တက်လာသည်။ ဝန်ကြီးချုပ် ဆာရက်သာသာဗင်ဆင် (Srettha Thavisin) နှင့် ကာကွယ်ရေးဝန်ကြီး ဆူတင် ကလန်ဆန် (Sutin Klungsang) တို့သည် ကျွန်ုပ်တို့၏စစ်သားများအား ကြားနေအဖြစ်နေသည့် အခန်းကဏ္ဍတွင် ပါဝင်စေရန် သေချာဖို့ လိုမည်ဖြစ်သည်။

မတည်မငြိမ်ဖြစ်နေသော အခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန် အမျိုးသားလုံခြုံရေးကောင်စီအဖွဲ့ဝင်ဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ပရာဒွန် ပတ်တနာသာဘတ် (Paradorn Pattanathabutr) က မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ဆက်သွယ်ပြောဆိုနိုင်ရန် အထူးဗဟိုနှင့် ပြည်သူ့ဆက်ဆံရေးအဖွဲ့ကို ဖွဲ့စည်းရန် ထိုင်းအစိုးရအား တိုက်တွန်းထားသည်။ ဒုက္ခသည်တွေကို စောင့်ကြည့်ပြီး သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို မှတ်တမ်းတင်ဖို့ နယ်စပ်နဲ့ နီးတဲ့ အထူးစင်တာတခု ထူထောင်ဖို့လည်း သူက အစိုးရကို တိုက်တွန်းထားပါတယ်။

ဆရက်သာ အစိုးရသည် မြန်မာနိုင်ငံတွင်း အခြေအနေကို ကိုင်တွယ်ရာတွင် ၎င်း၏ အပြင်းထန်ဆုံး စမ်းသပ်မှုကို ရင်ဆိုင်နေရသည်။ အထူးသဖြင့် ထိုင်းစစ်တပ်နှင့် မြန်မာတပ်မတော်ကြား တွဲနေမှုကို ဖြတ်ရန် လိုအပ်သည်။ နိုင်ငံတော်၏ နောက်ဆုံးအချက်မှာ မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေး အရှုပ်အထွေးတွင် ပါဝင်ပတ်သက်လာရန်ဖြစ်ပြီး အစိုးရအနေဖြင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသူများထံ ပေးအပ်သည့် ထောက်ပံ့ကူညီမှုများကိုလည်း ကြီးကြပ်ရန် လိုအပ်ပြီး တရားမဝင်ကုန်သွယ်မှု၊ မူးယစ်ဆေးဝါး၊ တရားမဝင်လောင်းကစားမှုများနှင့် လူကုန်ကူးမှုများ တိုးပွားလာမှုကိုလည်း သတိပြုရမည်ဖြစ်သည်။ ထိုင်းအစိုးရအနေဖြင့် အချို့သော တိုင်းရင်းသားလူမျိုးစုများကို ထောက်ပံ့ရာတွင် ပြည်ပနိုင်ငံများမှလည်း ပါဝင်ပတ်သက်ကူညီနေကြောင်း သတိပြုရမည်ဖြစ်သည်။

See insights and ads

Boost post

2828

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 135 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 107 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 87 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို