ဧပြီလ (၁၉) ရက်။
အီရန်အလယ်ပိုင်းရှိ အီဖာဟမ် (Isfahan) မြို့အနောက်မြောက်ပိုင်းတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဒေသတွင်း သတင်းရင်းမြစ်များစွာကို ကိုးကားပြီး အီရန် Fars News Agency မှ သတင်းဖော်ပြခဲ့သည်။
ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းအရင်းကိုတော့ လက်ရှိအချိန်တွင် မသိရသေးပါ။
လေယာဉ်ခြေရာခံဆိုက် Flightradar 24 သည် အီရန်လေပိုင်နက်ကိုဖြတ်၍ ပျံသန်းသည့် ခရီးစဉ်အများအပြားသည် ဧပြီလ ၁၉ ရက်အစောပိုင်းတွင်လမ်းကြောင်းပြောင်းသွားကြောင်းပြသခဲ့သည်။
အနည်းဆုံး လေယာဉ်ရှစ်စင်း လမ်းကြောင်းပြောင်းသွားသည်ဟု CNN တွင် ဖော်ပြထားသည်။