နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 29 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရှင်သန်ထမြောက်လာသော GZ မျိုးဆက်တပ်တော်

ရှင်သန်ထမြောက်လာသော GZ မျိုးဆက်တပ်တော် (GZ Generation Army)

++++++++++++++++++++++++++++++++++++++++++

အရင်က လူငယ်မျိုးဆက်တော်လှန်ရေးသမားတွေ ဦးဆောင်ထားတဲ့ “ဝက်လက် GZ Special Task Force” လို့ ဒေသခံတွေ သိရှိကြတဲ့အဖွဲ့လေးကနေ ရက္ခိုင့်တပ်တော် (AA) ရဲ့ အကူအညီကို ရယူပြီး ပိုပြီးအင်အားတောင့်တင်းလာတဲ့ GZ မျိုးဆက်တပ်တော် (GZA) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။

ရက္ခိုင့်တပ်တော် (AA) ထံမှာ စစ်ပညာသင်ယူနေသလို တိုက်ပွဲအတွေ့အကြုံတွေကို ရယူနေပြီး ရက္ခိုင့်တပ်တော် (AA) နဲ့ ပူးတွဲတိုက်ခိုက်နေသလို စစ်ကိုင်း၊ မကွေးနဲ့ တခြားနေရာတွေမှာလည်း မဟာမိတ်တွေနဲ့ ပူးတွဲတိုက်ခိုက်နေပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ (၁၂)ရက်နေ့မှာ မုံရွာကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ ပျူသင်တန်းတက်ရန်ခေါ်ဆောင်လာတဲ့ သင်တန်းသားသစ် (၇၀) ဦးခန့်နဲ့အတူ မော်တော်ယာဥ် (၄) စီးနဲ့ အရာတော်မြို့နယ်ကို ထွက်ခွာသွားကြောင်း တော်လှန်ရဲဘော်တွေက သတင်းပေးပို့ အကြောင်းကြားလာသဖြင့် GZ မျိုးဆက်တပ်တော် (GZA) ကျားသစ်နက်တပ်ခွဲနဲ့ မဟာမိတ်ပူးပေါင်းတပ်တို့ဟာ အရာတော်မြို့နယ် ကမ်းဖြူရွာအနီးမှာ နေရာယူစောင့်ဆိုင်း၍ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တက်ညီလက်ညီ ဝိုင်းဝန်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီကား နှစ်စီးပျက်စီးသွားခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ သေဆုံးခဲ့သလို အရှင်ဖမ်းဆီးရမိခဲ့ပါတယ်။ သင်တန်းသားသစ်တွေကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။

Z မျိုးဆက်တပ်တော် (GZA) ကို ဦးဆောင်နေတဲ့ ကိုဂျီဇက် ခေါ် ကိုအောင်ကျော်မျိုးထက်ကို ABSDF ဥက္ကဋ္ဌဟောင်း ဦးထွန်းအောင်ကျော်က တွေ့ဆုံမေးမြန်းထားကို ခေတ်မျက်လုံးရဲ့ တွေ့ဆုံမေးမြန်းခြင်း အစီအစဉ်ကနေ တင်ပြလိုက်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန်ရှိ စစ်ကောင်စီရဲ့ မှော်ဘီမြို့မရဲစခန်း လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇွန်လ 28 ရက်
  • 30 Views
ဇွန်လ (၂၈)ရက်။ မနေ့က ည (၁၀)နာရီခွဲခန့်မှာ ရန်ကုန်ရှိ စစ်ကောင်စီရဲ့ မှော်ဘီမြို့မရဲစခန်းကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army(YA)ရဲ့
မြန်မာသတင်း

ရွေးကောက်ပွဲပြန်ကျင်းပပြီး လွှတ်တော်ခေါ်ယူတာက နိုင်ငံရေးအရ အကောင်းဆုံးဖြေရှင်းတာဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇွန်လ 28 ရက်
  • 21 Views
ဇွန်လ (၂၈)ရက်။ ရွေးကောက်ပွဲပြန်ကျင်းပပြီး လွှတ်တော်ခေါ်ယူဆောင်ရွက်တာက နိုင်ငံရေးအရ အကောင်းဆုံးဖြေရှင်းတာဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ဘယ်လာရုစ်နိုင်ငံကို ရောက်နေတဲ့ သင်တန်းသားတွေနဲ့
မြန်မာသတင်း

မတရားဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ရောဂါတွေကို ဆေးမီတိုနဲ့သာ ကုသခွင့်ရ

  • 2025 ခုနှစ်၊ ဇွန်လ 28 ရက်
  • 24 Views
ဇွန်လ (၂၈)ရက်။ စစ်ကောင်စီက မတရားဖမ်းဆီးအကျဉ်းချထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရောဂါတွေကို ဆေးမီးတိုနဲ့သာ ကုသခွင့်ပြုထားတယ်လို့ Myanmar Prison Witness ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဒေါ်အောင်ဆန်းစုကြည် ခံစားနေရတဲ့ ရောဂါဝေဒနာတွေကို လုံလောက်တဲ့
မြန်မာသတင်း

အိုးဘိုထောင်မှာ အကျဉ်းချခံထားရတဲ့ မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး ကျဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 27 ရက်
  • 18 Views
ဇွန်လ (၂၇)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က အိုးဘိုထောင်မှာ အကျဉ်းချခံထားရတဲ့ မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး ကျဆုံးခဲ့တယ်လို့ PPNM ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ အိုးဘိုထောင်မှာ အကျဉ်းချခံထားရတဲ့ မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ဒီမနက်
မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးထပ်ကြဲ၊ အမျိုးသမီး (၁)ဦးသေဆုံးပြီး (၂)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 27 ရက်
  • 31 Views
ဇွန်လ (၂၇)ရက်။ မနေ့က ည (၁၂)နာရီခွဲကျော်အချိန်က ကျောက်မဲမြို့ ရပ်ကွက်(၇)ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅၀)ဗုံး (၂)လုံး ထပ်မံကြဲချခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည
မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီက (၃)ရက်ဆက်တိုက် စစ်ကြောင်းထိုးပြီး ပြည်သူ (၉)ဦးကို နှိပ်စက်သတ်ဖြတ်ခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 27 ရက်
  • 26 Views
ဇွန်လ (၂၇)ရက်။ ဇွန်လ (၂၃)ရက်ကနေ (၂၅)ရက်အထိ ကန့်ဘလူမြို့ ဇီးကုန်းတိုက်နယ်ထဲရှိ ကျေးရွာတွေကို အင်အား (၁၀၀)ခန့်ရှိ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းတပ်တွေက စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ အဲ့ဒီပူးပေါင်းစစ်ကြောင်းဟာ ဇွန်လ (၂၃)ရက်နေ့ နံနက်
မြန်မာသတင်း

EAEU ရဲ့ လေ့လာသူနိုင်ငံအနေနဲ့ ပါဝင်နိုင်အောင် ထောက်ခံပေးဖို့ဆိုပြီး စစ်ခေါင်းဆောင် မေတ္တာရပ်ခံ

  • 2025 ခုနှစ်၊ ဇွန်လ 27 ရက်
  • 31 Views
ဇွန်လ (၂၇)ရက်။ မြန်မာကို ဥရောပအာရှစီးပွားရေးသမဂ္ဂ(EAEU)ရဲ့ လေ့လာသူနိုင်ငံအနေနဲ့ ပါဝင်နိုင်အောင် ထောက်ခံဆောင်ရွက်ပေးဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မေတ္တာရပ်ခံခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ EAEU ရဲ့ မိသားစုအဖွဲ့ဝင်နိုင်ငံအနေနဲ့ ပါဝင်ဖို့ စိတ်အားထက်သန်နေတယ်ဆိုတာကို စစ်ခေါင်းဆောင်က မနေ့က ဘယ်လာရုစ်နိုင်ငံ
မြန်မာသတင်း

ကျောက်ကြီးမြို့မှာ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့ရာ (၇)ဦးထက်မနည်းသေဆုံးပြီး (၂၂)ဦး ဖမ်းမိခဲ့တယ်လို့ MOD ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 27 ရက်
  • 29 Views
ဇွန်လ (၂၇)ရက်။ မနေ့က ကျောက်ကြီးမြို့နယ်ထဲရှိ စစ်ကောင်စီတပ်တွေကို KNLA နဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ကြတယ်လို့ MOD ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကျောက်ကြီးမြို့နယ်ထဲရှိ စစ်ကောင်စီတပ်တွေကို စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးအနေနဲ့ တိုက်ခိုက်ခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၇)ဦးထက်မနည်း