ဧပြီလ (၂၃)ရက်။
KNU ရဲ့ တပ်မဟာ(၆) ဒူးပလာယာခရိုင်ထဲ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီစခန်းတွေကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ နေ့တိုင်း နှစ်ဖက်ထိတွေ့ရင်ဆိုင်တိုက်ပွဲတွေ ရှိနေတယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီနှစ်ဖက်ရင်ဆိုင်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က အများအပြား ထိခိုက်သေဆုံးဒဏ်ရာရခဲ့ပြီး မြောက်များစွာသော လက်နက်ခဲယမ်းတွေနဲ့ အခြားတန်ဖိုးရှိပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ရေးအရ ရှုံးနိမ့်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေက နေ့တိုင်း လက်နက်ကြီးတွေနဲ့ လေယာဉ်တွေကို အားကိုးပြီး ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို ဗုံးကြဲပစ်ခတ်နေတယ်လို့ ဖော်ပြထားပါတယ်။
ဒူးပလာယာခရိုင်ထဲ စစ်ကောင်စီတပ်တွေက ဗုံးကြဲပစ်ခတ် မီးရှိုးဖျက်ဆီးတာပြည်သူတွေရဲ့ အိုးအိမ်အမြောက်အများ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားတာကြောင့်လဲ ပြည်သူအများအပြားဟာ အိုးအိမ်တွေကို စွန့်ခွာပြီး အသက်ဘေးလွတ်ရာကို စစ်ဘေးရှောင်နေကြရတယ်လို့ ပြောဆိုထားပါတယ်။
စစ်ကောင်စီတပ်ဟာ ဒူးပလာယာခရိုင်ထဲက ကော့ကရိတ်နဲ့ မြဝတီမြို့ကို ပြန်ရဖို့ လူအင်အား၊ လက်နက်အင်အား အပြည့်အစုံနဲ့ ထိုးစစ်ဆင်ချီတက်နေတယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။