နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြင်းခြံမြို့ထဲက စစ်ကောင်စီတပ်ရဲ့စခန်းအချို့ တပြိုင်ထဲ တိုက်ခိုက်သိမ်းပိုက်ခံရ၊ စစ်ကောင်စီဘက်က (၂၀)ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့

ဧပြီလ (၂၄)ရက်။

ဧပြီလ (၂၀)ရက်နေ့က မြင်းခြံမြိုနယ်ထဲက အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးတွေ အထိုင်ချတပ်စွဲထားတဲ့ နေရာတွေကို ဆင်မင်းစစ်ဆင်ရေးအနေနဲ့ တပြိုင်ထဲ တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(၂)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဆင်မင်းစစ်ဆင်ရေးအနေနဲ့ မြင်းခြံမြို့မြောက်ဘက်၊ ဧရာ၀တီမြစ်ကမ်းဘေးမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ ပျူစောထီး(၆၀)ခန့် တပ်စွဲထားတဲ့ ကြည်ရွာကို စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲဟာ (၃)နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်နဲ့ ပျူစောထီး (၁၅)ဦးခန့် သေဆုံးခဲ့ကာ စခန်းကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် နယ်မြေရှင်းလင်းနေချိန် ဆီမီးခုံဆိပ်ကမိးကနေ စစ်သင်္ဘောနဲ့ တပ်ကူတွေ ရောက်လာတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲထဲ စစ်ကောင်စီထံကနေ ၆၀မမ အထိုင်ပြောင်းတစ်လက်၊ ၆၀မမ ‌ဗုံးသီး (၉)လုံး၊ MA 3 (၂)လက်၊ ၅.၅၆ကျည်(ကပစ) (၁၂၅)တောင့်ကို သိမ်းဆည်ရမိခဲ့ကာ မြင်းခြံခရိုင်တပ်ရင်းဘက်က စစ်ဆင်ရေးအရာရှိ ရဲဘော် အာကာမင်း ကျဆုံးခဲ့ပြီး (၄)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီတစ်ရက်ထဲမှာပဲ စစ်ကောင်စီတပ်ရဲ့ မြင်းခြံမြို့က အထိုင်တပ်ရင်းဖြစ်တဲ့ ခမရ(၁၅)ကို တော်လှန်ရေးမဟာမိတ်အဖွဲ့တွေက (၁၀၇)မမ ရှော့တိုက်ဒုံး(၂)လုံးနဲ့ ပစ်ခတ်ခဲ့ရာ စစ်တပ်ရဲ့ အ၀င်ဂိတ်ကင်းတဲ ထိမှန်ခဲ့ပြီး အရာရှိတစ်ဦးအပါအ၀င် (၅)ဦးသေဆုံးခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် ဆီမီးခုံရေနက်ဆိပ်ကမ်းက စစ်သင်္ဘောနှစ်စီးနဲ့ စစ်ကောင်စီတပ်တွေနေတဲ့ ရုံးကို ‌(၁၀၇)မမ ရှော့တိုက်ဒုံး (၂)လုံးနဲ့ ပစ်ခတ်ခဲ့ရာ စစ်သင်္ဘောဘေးကမ်းစပ် ထိမှန်ခဲ့ပြီး စစ်ကောင်စီဘက်က (၃)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီစစ်ဆင်ရေးထဲ ဒရုန်းတွေနဲ့ ဗုံးသီးတွေ ထပ်မံကြဲချတိုက်ခိုက်ခဲ့တာကြောင့်လဲ စစ်ကောင်စီတပ်ဖွဲ့၀င်တွေနေထိုင်တဲ့ ဘားတိုက်ပေါ်နဲ့ စစ်သင်္ဘောပေါ်ရှိ ထိမ်းချုပ်ခန်းကို ထိမှန်ခဲ့ကာ စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်တဲ့ကျည် ထိမှန်ပြီး တော်လှန်ရေးရဲဘော်နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

နံနက်(၅)နာရီလောက်က စစ်ဆင်ရေးတစ်ခုအနေနဲ့ ဆီမီးခုံမြို့ပေါ်က စစ်ကောင်စီအထိုင်စခန်းကို ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့ရာ ဘားတိုက်ပေါ်ကို ဗုံးသီးထိမှန်ခဲ့ပြီး စစ်သင်္ဘောပေါ်ကနေ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီဆင်မင်းစစ်ဆင်ရေးကို မြင်းခြံခရိုင် အမှတ်(၂)တပ်ရင်း(PDF-Taloke, MGN Tiger, Myingyan Ranger, MGN 21)၊ မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်း၊ Burmese Guerrilla Force-BGF(Myingyan)၊ Myingyan District Drone Strike(အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့)၊ CDSOM 001 ဒရုန်းတပ်ဖွဲ့၊ MP9၊ Myingyan Danger Dynamite နဲ့ မိုင်းဇာနည်တို့ ကပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့လုပ်ရပ် ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 23 Views
ဇွန်လ (၂၇)ရက်။ အင်အားကြီးသူက အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့ လုပ်ရပ်တွေကို ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေအကြား
မြန်မာသတင်း

တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး မင်းအောင်လှိုင် ထပ်ဖိတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 36 Views
ဇွန်လ (၂၇)ရက်။ တိုင်းရင်းသားလက်နက်ကိုင်ဘယ်အဖွဲကိုမဆို ကြိုတင်ကန့်သတ်တာမရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖိုဆိုပြီး မင်းအောင်လှိုင်က မနေ့က နယ်စပ်ဒေသအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ အစည်းအဝေးထဲ မင်းအောင်လှိုင်က
မြန်မာသတင်း

ရေကြည်နဲ့ သာပေါင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ခံစစ်ပြင်ဆင်နေရ

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 33 Views
ဇွန်လ (၂၇)ရက်။ ‌ရခိုင်ရိုးမခြေရင်းရှိ ရေကြည်မြိုနဲ့ သာပေါင်းမြိုတိုမှာ စစ်ကောင်စီတပ်နဲ့ AA ပူးပေါင်းတပ်တိုအကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ “တိုက်ပွဲက နေ့တိုင်း ပြင်းထန်နေတာ၊ စစ်ကောင်စီဘက်ကလဲ စစ်ကူတွေ ဆက်တိုက်ပိုနေတာ၊ တချိုရွာတွေမှာဆို ခံစစ်ပြင်တဲ့အနေနဲ့
မြန်မာသတင်း

အာဆီယံရဲ့ ဘုံသဘောတူညီချက်(၅)ရပ်ကို ပြန်သုံးသပ်ဖိုအဆို စစ်တပ်လွှတ်တော်မှာ တင်သွင်း

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 33 Views
ဇွန်လ (၂၇)ရက်။ မနေ့ကပြုလုပ်တဲ့ စစ်တပ်ရဲ့ အတုအယောင်ပြည်ထောင်စုလွှတ်တော်မှာ အာဆီယံ ဘုံသဘောတူညီချက် (၅)ရပ်ကို ပြန်သုံးသပ်ဖိုဆိုတဲ့ တိုက်တွန်းတဲ့အဆိုတခုကို တင်သွင်းခဲ့ကြတယ်လို သိရပါတယ်။ အဲ့ဒီအဆိုကို ကြံ့ခိုင်ရေးပါတီရဲ့ ကလောမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့်က တင်သွင်းခဲ့တာလို ဆိုပါတယ်။ သူက
မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 27 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော် ငဖြိုးက တပ်ရင်းမှူးဖြစ်သူ ရဲဘော် ပုလဲမောင်ကို ပစ္စတိုနဲ့ ပစ်ခတ်ခဲ့ရာ
မြန်မာသတင်း

မြန်မာနိုင်ငံရှိ ကျားဖြန့်ဂိုဏ်းစခန်းများတွင် လူပေါင်း ၅,၃၀၀ ကျော် ဆက်လက်ပိတ်မိ နေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့ ပြောကြားအဆိုပါ ဝင်းများအတွင်း ပိတ်မိနေသူများထဲတွင် တရုတ်၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ မလေးရှားနှင့် ဘရာဇီးနိုင်ငံသားများ ပါဝင်သည်။

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 28 Views
အယ်လ်ဂျာဇီးယား – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် လွန်ခဲ့သည့်နှစ်က ဒေသတွင်း၌ နိုင်ငံစုံပူးပေါင်း နှိမ်နင်းမှုများ ပြုလုပ်ခဲ့သော်လည်း ထိုင်းနယ်စပ်အနီးရှိ မြန်မာနိုင်ငံတွင်းမှ အွန်လိုင်းငွေလိမ်ဂိုဏ်းစခန်းများတွင် လူပေါင်း ၅,၃၀၀ ကျော် ဆက်လက်ပိတ်မိနေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ခုက
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 21 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို
မြန်မာသတင်း

မြိုင်မြိုပေါ်မှာ ရိက္ခာထွက်ယူတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 26 Views
ဇွန်လ (၂၆)ရက်။ မနေ့က နံနက် (၆)နာရီ (၄၀)မိနစ်အချိန်က မြိုင်မြိုပေါ်ရှိ မီးသတ်စခန်းအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “မီးသတ်စခန်းနားမှာ အထိုင်ချထားတဲ့ စကစတပ် ရိက္ခာထွက်ယူတာကို ဖရဲသီးရဲ့ သတင်းပေးချက်နဲ့