နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဖာပွန်အခြေစိုက် စစ်ကောင်စီရဲ့ ခမရ(၄၃၄)တပ်စခန်းကို တော်လှန်ရေးတပ်တွေ တစ်ရက်ထဲ တိုက်ခိုက်သိမ်းပိုက်ခဲ့

ဧပြီလ (၂၆)ရက်။

ဧပြီလ (၂၄)ရက်နေ့ နံနက်(၄)နာရီအချိန်မှာ ဖာပွန်အခြေစိုက် စစ်ကောင်စီရဲ့ ခမရ(၄၃၄)တပ်စခန်းကို KNLA နဲ့ ပူပေါင်းမဟာမိတ်တပ်တွေက တစ်ရက်ထဲ အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ခမရ(၄၃၄)တပ်စခန်းကို KNLA နဲ့ KNDO ရဲဘော်တွေနဲ့အတူ မဟာမိတ်တပ်တွေဖြစ်တဲ့ PDF၊ FFD နဲ့ BPLA တို့က ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။

“ လုံခြုံရေးအရနဲ့ ရှေ့ဆက်လုပ်ဆောင်သွားမယ့် လုပ်ငန်းတွေကို မပြောချင်သေးဘူးပေါ့။ ဒါ့ပေမယ့် လတ်တလော ပြည်သူတွေ လက်ပန်းကျစရာအကြောင်းတွေ တွေ့နေရတော့ မဖော်ပြမဖြစ် ဖော်ပြပေးရတာဖြစ်တယ်” လို့ ရှေ့တန်းစစ်မျက်နှာက ဗိုလ်အယ်ခူစိုးက ပြောပါတယ်။

တော်လှန်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့တွေအနေနဲ့ စစ်အာဏာရှင် အမြစ်ပြတ်ချုပ်ငြိမ်းဖို့နဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ဖို့ နေ့ရောညရော တိုက်ပွဲဝင်နေတယ်လို့ အသိပေးထားပါတယ်။

စစ်ကောင်စီရဲ့ ခမရ(၄၃၄)တပ်စခန်းသိမ်းတိုက်ပွဲထဲကနေ လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရရှိခဲ့ပေမယ့် စာရင်းအတိအကျကို မကြာမီအချိန်မှာ အသေးစိတ်ဖော်ပြသွားမယ်လို့ ရေးသားထားပါတယ်။

စစ်ကောင်စီဟာ စခန်း(၂)ခု မကျဆုံးခင်နဲ့ ကျဆုံးပြီးနောက်ပိုင်း မူတြော်ခရိုင်ရှိ မြို့နယ်(၃)ခုထဲ တိုက်လေယာဉ်နဲ့ တိုက်ခိုက်တာ၊ ဒရုန်းလေယာဉ်နဲ့ တိုက်ခိုက်တာတွေကို အရင်ကထက် ပိုမိုပြုလုပ်လာတယ်လို့ ပြောဆိုထားပါတယ်။

အခုလို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာတွေ ပိုမိုများပြားလာပေမယ့် ကျင့်သားရနေတဲ့ အပြစ်မဲ့ပြည်သူတွေ တစ်ဦးတစ်ယောက်မှ သေကြေထိခိုက်တာမရှိဘူးလို့ အတည်ပြုထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြန်မာမှာ လူပေါင်း (၁၂)သန်းကျော် စားနပ်ရိက္ခာ မလုံလောက်တာနဲ့ ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 1 Views
ဇွန်လ (၁၀)ရက်။ မြန်မာမှာ လူပေါင်း (၁၂)သန်းကျော် စားနပ်ရိက္ခာ မလုံလောက်တာနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလဌာနချုပ်မှာ ပြုလုပ်တဲ့ UNDP UNFPA
မြန်မာသတင်း

မြန်မာနိုင်ငံတွင်း စစ်တပ်က လူသစ်စုဆောင်းနေစဉ် တော်လှန်ရေးတပ်ဖွဲ့ နယ်မြေများ လက်လွှတ် ဆုံးရှုံးနေရ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 6 Views
BBC- ကွမ်တင် ဆွန်မာဗေးလ်(Quentin Sommerville) သတင်းပေးပို့သည်။ BBC-၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၀ရက် ပဲခူးနှင့် ကရင်ပြည်နယ်၊ မြန်မာနိုင်ငံ။ တောတောင်ထူထပ်သော
မြန်မာသတင်း

အပစ်ရပ်(၇)ဖွဲနဲ့ စစ်ကော်မရှင်ငြိမ်းချမ်းရေးကော်မတီတို နေပြည်တော်မှာ တွေ့ဆုံ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 7 Views
ဇွန်လ (၉)ရက်။ ဒီကနေ့ နေပြည်တော်မှာ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲနဲ့ စစ်ကော်မရှင်ငြိမ်းချမ်းရေးကော်မတီတို တွေ့ဆုံခဲ့တယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်ငြိမ်းချမ်းရေးကော်မတီရဲ့ ဖိတ်ကြားတာကြောင့် အပစ်ရပ်(၇)ဖွဲက အဖွဲခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း ဦးဆောင်တဲ့ အဖွဲဝင် (၈)ဦးပါ ညှိနှိင်းရေးအဖွဲက
မြန်မာသတင်း

အတွေးအခေါ် တော်လှန်‌ရေး စဖို့လိုနေပြီ

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 28 Views
နွေဦးတော်လှန်ရေးဟာ လက်နက်ကိုင်တော်လှန်‌ရေးဖြစ်တယ်၊ လက်နက်ကိုင်တော်လှန်ရေး အောင်မြင်ပြီးမှ ခေတ်နောက်ပြန်ဆွဲနေတဲ့ ထုံးတမ်းစဥ်လာတွေ၊ မိန်းမယောက်ျား ခွဲခြားမှုတွေ၊ ဘာသာရေးခေါင်းတွေက မလိုလားအပ်တဲ့ အမိန့်စည်းကမ်းတွေကိုပြုပြင်မယ်ဆိုရင်အချိန်အများကြီးယူရအုံးမယ်၊ စစ်အုပ်စုအဆက်ဆက် အောက်မှာ မြန်မာလူ့အဖွဲ့အစည်းဟာ အတွေးအခေါ်အလွန်နိမ့်ကျလာခဲ့သလို လူငယ်တွေတွေးခေါ်မြှော်မြင်မှုတွေအားနဲလာခဲ့တယ်၊ အုပ်ချုပ်သူတွေကအစ လူတန်းစားအလွှာအသီးသီးဟာ အကျင့်ပျက်ခြစားလာခဲ့ကြတယ်၊ နောက်ဆုံး
မြန်မာသတင်း

သံလွင်မြစ်ကြောင်းထဲ လက်နက်ကြီးလေ့ကျင့်ပစ်ခတ်ဖို့ စစ်တပ် စီစဉ်

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 22 Views
ဇွန်လ (၉)ရက်။ မနက်ဖြန် ဇွန်လ (၁၀)ရက်နေ့ ဘားအံမြို့ရှိ သံလွင်မြစ်ကြောင်းထဲ စစ်တပ်က လက်နက်ကြီးလေ့ကျင့်ပစ်ခတ်ဖို့ စီစဉ်ထားတယ်လို့ အကြောင်းကြားချက်တွေအရ သိရပါတယ်။ အဲ့ဒီအစီအစဉ်ကို သံလွင်မြစ်ကြောင်းထဲ စစ်ဆင်ရေး၊ လုံခြုံရေးနဲ့ မြစ်ကြောင်းပိတ်ဆို့တဲ့တာဝန်တွေ ထမ်းဆောင်နေတဲ့ မြစ်တွင်းတိုက်ရေယာဉ်(၃၀၃)က ပြုလုပ်သွားမှာဖြစ်တယ်လို့
မြန်မာသတင်း

အာဆီယံဘုံသဘောတူညီချက် (၅)ရက်ကို တတ်နိုင်သလောက် ဆောင်ရွက်နေတယ်ဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 22 Views
ဇွန်လ (၉)ရက်။ မနေ့က နေပြည်တော််မှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Mr. Sugiono ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ သမ္မတတုမင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ တွေ့ဆုံပွဲထဲ မင်းအောင်လှိုင်က အာဆီယံဘုံသဘောတူညီချက် (၅)ရပ်အပေါ် တတ်နိုင်သလောက် ဆောင်ရွက်ပေးနေပြီး အကောင်းဆုံး ပူးပေါင်းဆောင်ရွက်နေတယ်လို့
မြန်မာသတင်း

ကနေဒါနိုင်ငံမှာ SCEF ကိုယ်စားလှယ်အဖွဲ့ လူထုတွေ့ဆုံပွဲပြုလုပ်

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 22 Views
ဇွန်လ (၉)ရက်။ ဇွန်လ (၆)ရက်နေ့က ကနေဒါနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF) ကိုယ်စားလှယ်အဖွဲ့က လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ SCEF ကိုယ်စားလှယ်အဖွဲ့ဟာ လူထုတွေ့ဆုံပွဲကို ကနေဒါနိုင်ငံအရှေ့ပိုင်းမှာ (၂)ကြိမ်နဲ့ အနောက်ပိုင်းရှိ ဗန်ကူးဗားမြို့မှာ
မြန်မာသတင်း

IPDF ရဲဘော်(၂)ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးရမိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 21 Views
ပတ်သက်ဆက်နွယ်သူတွေ၊ ကျေးရွာတာဝန်ခံတွေနဲ့ ရဲဘော်တွေ အရေးပေါ်ရှောင်ရှားကြဖို နှိးဆော်ထား ဇွန်လ (၈)ရက်။ ဒီကနေ့ ရွာမကျေးရွာမှာ ရဲဘော် (၂)ဦးကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(IPDF)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ ဖမ်းဆီးခံရသူတွေဟာ ရဲဘော် အငယ်ကောင်(ခ)ကျော်ဖြိုးလင်းနဲ့