ဧပြီလ (၂၉) ရက်။
လူမြင်ကွင်းက ပျောက်ကွယ်နေတာ တစ်လနီးပါးရှိလာတဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းဟာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တပ်မတော်ဆေးရုံမှာ တက်ရောက်ကုသနေတဲ့ ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒီကနေ့ သွားရောက်ကြည့်ရှုခဲ့တယ်လို့ ဒီနေ့ည စစ်ကောင်စီရဲ့ ည (၈) ရာရီ ရုပ်သံသတင်းထုတ်လွှင့်ကနေ သတင်းထုတ်ပြန်လာပါတယ်။
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့အတူ အမှတ် (၂) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနဲ့ ဒုတိယစစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်တို့ကိုလည်း ရုပ်သံသတင်းမှာ တွေ့ရပါတယ်။
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းဟာ နေ့လည်ပိုင်းမှာ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်က အုပ်ချုပ်ရေးမှူး၊ ရုံးအဖွဲ့ဝင်တွေနဲ့ မော်လမြိုင်မြို့မှာ တွေ့ဆုံခဲ့တာကိုလည်း ရုပ်သံသတင်းမှာ တွေ့မြင်ရပါတယ်။
အပြင်မှာ ကောလဟာလတွေ ဖြစ်ပေါ်နေတဲ့ ဒဏ်ရာရထားတာမျိုးကိုတော့ မတွေ့ရပါဘူး။