နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲ စစ်ကောင်စီ ကျင်းပ

မေလ (၃) ရက်။

(၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ‌ဒီနေ့ မေလ (၃) ရက်မှာ နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမမှာ စတင်ကျင်းပလျက်ရှိကြောင်း စစ်ကောင်စီ ဝါဒဖြန့် နိုင်ငံပိုင်မီဒီယာက ဖော်ပြလာပါတယ်။

အဲ့ဒီ ကျောက်မျက်ရတနာပြပွဲမှာ ပုလဲအတွဲ ၄၀၀၊ ကျောက်မျက်အတွဲ ၁၆၀ နဲ့ ကျောက်စိမ်းအတွဲ ၄,၅၅၀ တွဲကို အိတ်ဖွင့်တင်ဒါစနစ်နဲ့ ရောင်းချမှာဖြစ်ပြီး ပုလဲအလုံးရေ တစ်သိန်းကို ရောင်းချမှာဖြစ်ပြီး ကြမ်းခင်းစျေး အမေရိကန်ဒေါ်လာ ၃ ဒသမ ၃သန်း သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

ကျောက်မျက်ရောင်းချမှုအတွက် တင်ပြအတွဲ ၁၆၀ တွဲရှိပြီး မေလ (၆) ရက်နေ့တစ်ရက်သာ ရောင်းချမှာဖြစ်ပြီး ကျောက်စိမ်း A အုပ်စုနဲ့ Bအုပ်စုကို နိုင်ငံခြားငွေ အခြေခံစျေးသတ်မှတ်ထားတယ်လို့ ဖော်ပြထားပါတယ်။

Aအုပ်စုမှာ ကျောက်စိမ်းအတွဲ ပေါင်း ၁,၀၀၀ နဲ့ B အုပ်စုမှာ ကျောက်စိမ်း ၁,၇၅၀ တွဲ တင်ပြရောင်းချမှာဖြစ်တယ်လို့ ဆိုပါတယ်။ C အုပ်စုမှာတော့ ကျောက်စိမ်း အတွဲ ၁,၈၀၀ ကျော် ရောင်းချပြသမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကျောက်မျက်ရတနာပြပွဲကို စစ်ကောင်စီ လက်အောက်က သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ ကြီးကြပ်မှုနဲ့ မေလ (၃) ရက်ကနေ (၁၂) ရက်နေ့အထိ နေပြည်တော်မဏိရတနာကျောက်စိမ်းခန်းမမှာ (၁၀) ရက်ကြာ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီရတနာပြပွဲမှာ မြန်မာနိုင်ငံက ထွက်ရှိတဲ့ ပုလဲ၊ ကျောက်မျက်နဲ့ ကျောက်စိမ်းအတွဲများကို တင်ပြရောင်းချသွားမှာဖြစ်ပြီး ရတနာပြပွဲကို မြန်မာ့နိုင်ငံသားကျောက်မျက်ရတနာ လုပ်ငန်းရှင်တွေနဲ့ လိုင်စင်ရယူပြီး ကျောက်မျက်ရတနာရောင်းဝယ်မှုလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားကျောက်မျက်ရတနာလုပ်ငန်းရှင်တွေကို သတ်မှတ်ချက်များနှင့်အညီ တက်ရောက်ဝယ်ယူခွင့်ပြုမယ်လို့ ဆိုပါတယ်။

ဒီကျောက်မျက်ရတနာပြပွဲကို စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း တက်ရောက်ခဲ့တယ်လို့ သိရှိရပါတယ်။

ဒီကျောက်မျက်ရတနာပြပွဲက ရောင်းချရတဲ့ဝင်ငွေတွေဟာလည်း ကိုယ့်ပြည်သူတွေ ဗုံးကြဲဖို့စတဲ့ စစ်ပွဲတွေနဲ့ စစ်အုပ်စုအတွက်သာ အသုံးပြုမှာဖြစ်ပြီး ပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေး အစရှိတဲ့ ပြည်သူတွေ လိုအပ်နေတဲ့နေရာတွေကိုတော့ အသုံးပြုမှာ မဟုတ်ဘူးလို့ နိုင်ငံရေးသုံးသပ်သူတဦးက ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်အုပ်စုခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်တဲ့ လျှောက်ထားလွှာကို အမြန်ဆုံးလက်ခံဖို့ NUG တောင်းဆို

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 6 Views
နိုဝင်ဘာလ (၂၇)ရက်။ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်တဲ့ လျှောက်ထားလွှာကို အမြန်ဆုံးလက်ခံပြီး ဆောင်ရွက်ဖို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တောင်းဆိုခဲ့တယ်လို့
မြန်မာသတင်း

အခုလထဲ ရခိုင်မှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သား (၂၀)ဦး သေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 6 Views
နိုဝင်ဘာလ (၂၇)ရက်။ နိုဝင်ဘာလ (၁)ရက်နေ့ကစပြီး (၂၆)ရက်နေ့အထိ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားပြည်သူ (၂၀)ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့
မြန်မာသတင်း

ICC ရှေ့နေက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထား

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 6 Views
နိုဝင်ဘာလ (၂၇)ရက်။ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)ရဲ့ တရားလွှတ်တော်ရှေ့နေက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်လွှာတင်တာဟာ ရခိုပြည်နယ်ထဲ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက်ဖြစ်တယ်လို့ ဆိုပါတယ်။
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

တောင်ကုတ်မြို့ကို AA အလုံးစုံသိမ်းပိုက်နိုင်ခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 10 Views
နိုဝင်ဘာလ (၂၇)ရက်။ နိုဝင်ဘာလ (၂၅)ရက်နေ့က တောင်ကုတ်မြို့ကို အာရက္ခတပ်တော်(AA)က အလုံးစုံ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ တောင်ကုတ်မြို့တိုက်ပွဲမှာ စစ်ကောင်စီရဲ့ စကခ(၅)လက်အောက်ခံ ခမရ(၃၄၆)နဲ့ ခမရ (၅၄၄)တို့က အလံဖြူထောင် လက်နက်ချအညံ့ခံပြီးနောက် မြို့ကို
မြန်မာသတင်း

၂၀၂၅ဟာ တော်လှန်ရေး အလှည့်အပြောင်းဖြစ်လာမယ့်နှစ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 13 Views
နိုဝင်ဘာလ (၂၇)ရက်။ ၂၀၂၅ဟာ တော်လှန်ရေးအတွက် အလှည့်အပြောင်းဖြစ်လာမယ့်နှစ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့ကပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ၂၀၂၅ဟာ ကျွန်တော်တို့ တော်လှန်ရေးအတွက် တကယ်ကို အလှည့်အပြောင်းတွေ ဖြစ်လာမယ့် နှစ်ဖြစ်ပါတယ်။
မြန်မာသတင်း

စစ်ကောင်စီဗိုလ်ချုပ်ကြီး မောင်မောင်အေးရဲ့သား မင်္ဂလာဆောင်မယ့် MICC-2 တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 12 Views
နိုဝင်ဘာလ (၂၇)ရက်။ စစ်ကောင်စီဗိုလ်ချုပ်ကြီး မောင်မောင်အေးရဲ့ သားဖြစ်သူ မင်္ဂလာဆောင်မယ့် နေပြည်တော်ရှိ MICC-2 ကို တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ထဲ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ ရှာထူးဝေါ်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နေပြည်တော်ရှိ MICC-2 ကို နိုဝင်ဘာလ
မြန်မာသတင်း

ရန်ကုန်မှာ ဖုန်းနဲ့ဆက်သွယ်ပြောဆိုပြီး ငွေကြေးလိမ်လည်သူတွေကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 8 Views
နိုဝင်ဘာလ (၂၇)ရက်။ ရန်ကုန်တိုင်းထဲ ဖုန်းနဲ့ဆက်သွယ်ကာ အယောင်ဆောင်ပြောဆိုပြီး ငွေကြေးလိမ်လည်တဲ့ အမျိုးသား (၅)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သူတို့ (၅)ဦးကို နိုဝင်ဘာလ (၁၇)ရက်နေ့ ညနေပိုင်းက ဇီးရိုးမိုင် စစ်ဆေးရေးဂိတ်မှာ
မြန်မာသတင်း

ပြည်ပရောက်ရှိနေတဲ့ NUG အစိုးရအဖွဲ့ဝင်တွေ မြန်မာပြည်တွင်း ပြန်လာဖို့ ယာယီသမ္မတ ဒူဝါလရှီးလ တိုက်တွန်း

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 16 Views
နိုဝင်ဘာလ (၂၆) ရက်။ နိုင်ငံတကာကို ရောက်ရှိနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့ဝင်တွေအနေနဲ့ မဟာဗျူဟာကျကျ ဆွေးနွေးချက်တွေ ဆက်လက်လုပ်ဆောင်ဖို့နဲ့ အရင်လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ဆောင်လို့မရတော့ဘဲ လက်တွေ့ကျတဲ့လုပ်ငန်းရပ်တွေကို လုပ်ဆောင်ဖို့ လိုအပ်နေပြီလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့