မေလ (၄) ရက်။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ဒေသတဝိုက်မှာ အွန်လိုင်း (Online) လုပ်ငန်း လုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသားတွေအနေနဲ့ အောက်တိုဘာလကုန်နောက်ဆုံးထားပြီး ထွက်ခွာပေးကြဖို့ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် BGF က မနေ့က မေလ (၃) ရက်က သတိပေးစာ ထုတ်ပြန်လိုက်ပါတယ်။
မြဝတီမြို့နယ်နဲ့ ရွှေကုက္ကိုလ်ဒေသအတွင်း အွန်လိုင်း (Online) လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားစုစုပေါင်း တစ်သောင်းဝန်းကျင်အထိ ရှိနေပြီး သတိပေးစာထုတ်ပြန်ပြီးနောက်ပိုင်း မြို့နယ်အတွင်းမှ ထွက်ခွာသူတွေ ရှိနေပြီဖြစ်တယ်လို့ သိရှိရပါတယ်။
မြဝတီမြို့နယ်နဲ့ ရွှေကုက္ကိုလ်မြို့အတွင်းမှာ ကျားဖြန့်လို့ ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ အများကြီး ရှိနေပြီး လက်ရှိ မြဝတီမြို့ကို ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် BGF နဲ့ သူ့ရဲ့မဟာမိတ် DKBA တပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူပေးနေတယ်လို့ သိရပါတယ်။
Source: KIC