နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကလေးမြို့က စစ်ကောင်စီအထိုင်တပ်စခန်းတွေ ဗုံးကြဲခံရပြီး ထိခိုက်ပျက်စီးဆုံးရှုံးတာတွေရှိခဲ့

မေလ (၇)ရက်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ထဲက စစ်ကောင်စီရဲ့ ဒကစရုံးအပါအဝင် အထိုင်တပ်စခန်းတွေကို မောင်းသူမဲ့လေယာဉ်ငယ်တွေအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Wings of Kalay ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

မေလ (၆)ရက်နေ့ နံနက်ပိုင်းက ကလေးမြို့ရှိ စစ်ကောင်စီရဲ့ ဒေသကွပ်ကဲရေးမှူးစစ်ဌာနချုပ်ရုံးအပါအဝင် လေယာဉ်ကွင်းနဲ့ ထောက်ပို့တပ်(ထပရ၉၃၄)ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ကလေးမြို့လေယာဉ်ကွင်းထဲကို စစ်ကောင်စီရဲ့ ထောက်ပို့ယာဉ်ဆင်းနေချိန် ဗုံးသီး(၄)လုံး ပစ်ချခဲ့သလို စုစုပေါင်း နေရာ(၃)ခုကို ဗုံးသီး (၉)လုံးတိတိနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မေလ (၂)ရက်နေ့ကလဲ ကလေးမြို့နယ်တောင်ပိုင်းရှိ ကြံသာရွာက စစ်ကောင်စီရဲ့ အထိုင်တပ်စခန်းကို ဗုံးကြဲချခဲ့ပြီး အောင်မင်္ဂလာရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကိုလဲ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီစစ်ကောင်စီအထိုင်တပ်စခန်းတွေကို Shar Htoo Waw Drone နည်းပညာ မောင်သူမဲ့လေယာဉ်ငယ်တွေကို အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ကာ ထိခိုက်ဒဏ်ရာရတာတွေနဲ့ ပျက်စီးတာတွေရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

အဲ့ဒီစစ်ဆင်ရေးတွေထဲ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လေယာဉ်ငယ်တစ်စီး ဆုံးရှုံးခဲ့ကာ ရဲဘော်တွေနဲ့ ပူးပေါင်းမဟာမိတ်တွေ ဘေးကင်းအောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။

စစ်ကောင်စီအထိုင်စခန်းတွေကို ကလေးခရိုင်ပြည်သူ့ကာကွယ်ရေး Drone တပ်ဖွဲ့နဲ့အတူ ကလေးဒေသတော်လှန်ရေးတပ်(KRF)၊ မြို့ပြစီမံချက် UG အဖွဲ့၊ ကလေးဝမြို့နယ် PDF တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပခုက္ကူမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး (၃)ဦးသေ

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 22 Views
မတ်လ (၃)ရက်။ မနေ့က ပခုက္ကူမြို့ ကိုးပင်ရွာအနီး ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ Earthquake PDF ရဲ့
မြန်မာသတင်း

စက်သုံးဆီချွေတာနိုင်ဖို့ဆိုပြီး ပုဂ္ဂလိကပိုင်ကားတွေကို ရက်ခွဲပြီး မောင်းနှင်ဖို့ စစ်ကော်မရှင်ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 16 Views
မတ်လ (၃)ရက်။ စက်သုံးဆီချွေတာဖို့ဆိုပြီး ပုဂ္ဂလိကပိုင်ကားတွေကို ရက်ခွဲပြီး မောင်းနှင်အသုံးပြုဖို့ စစ်ကော်မရှင်က ဒီကနေ့ ညပိုင်းမှာ ကြေညာထားတယ်လို့ သိရပါတယ်။ အခု
မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက်နေ့အထိ နောက်ဆုံးရရှိထားသော အချက်အလက်များအရ အမေရိကန်နှင့် အီရန်နိုင်ငံတို့အကြား ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခ (Operation Epic Fury) ဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အကျဉ်းချုပ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 15 Views
နိုင်ငံခြားသတင်း- ၂၀၂၆ခုနှစ်၊ မတ်လ (၃)ရက် လက်ရှိ စစ်ရေးအခြေအနေနှင့် အဓိကဖြစ်ရပ်များ အဓိကတိုက်ခိုက်မှု စတင်ခြင်း (ဖေဖော်ဝါရီ ၂၈ရက်) အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်းပြီး အီရန်နိုင်ငံအတွင်းရှိ နျူကလီးယားစက်ရုံများ၊ ဒုံးကျည်စခန်းများနှင့် အစိုးရခေါင်းဆောင်ပိုင်းများကို ပစ်မှတ်ထားကာ လေကြောင်းမှ
မြန်မာသတင်း

ဖောင်းပြင်မြို့မှာ စစ်ကော်မရှင်စခန်းက တပ်ကြပ်တဦး မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းထံ အလင်းဝင်

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 17 Views
မတ်လ (၃)ရက်။ ဖောင်းပြင်မြို့ အင်းဝိုင်းလမ်းဆုံရှိ စစ်ကော်မရှင်စခန်းက တပ်ကြပ်အဆင့်ရှိသူတဦး အလင်းဝင်လာခဲ့တယ်လို့ မော်လိုက်ခရိုင် အမှတ်(၃)တပ်ရင်းရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ၂၈ရက်နေ့က ခရိုင်အမှတ်(၃)တပ်ရင်းရဲ့ ရှေ့တန်းစခန်းနဲ့ အနီးကပ်စစ်ဆိုင်ထားတဲ့ အင်းဝိုင်းလမ်းဆုံက စကမစခန်းက တပ်ကြပ်အဆင့်တဦး
မြန်မာသတင်း

စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူကို သွေးခွဲဖို့ ဆိုရှယ်မီဒီယာကို ဒုတိယစစ်မျက်နှာအနေနဲ့ အသုံးပြုနေ

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 19 Views
‌မတ်လ (၃)ရက်။ စစ်ကောင်စီတပ်ဟာ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူကို သွေးခွဲသပ်လျှိုဖို့ ဆိုရှယ်မီဒီယာကို ဒုတိယစစ်မျက်နှာအနေနဲ့ အသုံးပြုနေတယ်လို့ MDSI ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလို စစ်ကောင်စီတပ်ဟာ ဆိုရှယ်မီဒီယာကို ဒုတိယစစ်မျက်နှာအနေနဲ့ အသုံးချပြီး သတင်းတု၊
မြန်မာသတင်း

အကျဉ်းသား/သူ (၂၉)ဦးကို KNU လွတ်ငြိမ်းခွင့်ပြုခဲ့

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 25 Views
‌မတ်လ (၂)ရက်။ ခလယ်လွီထူခရိုင်ထောင်က အကျဉ်းသူ (၅)ဦးနဲ့ အကျဉ်းသား (၂၄)ဦးကို KNU က လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့တယ်လို မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ခလယ်လွီထူခရိုင် ထောင်က KNU ဥက္ကဋ္ဌရဲ့ အမိန့်နဲ့ ကော်သူးလေ
မြန်မာသတင်း

ြည်သူယုံကြည်မှု ပျက်ယွင်းရင် တော်လှန်ရေးဆက်လုပ်လို မလွယ်ဘူးလို NUG ယာယီသမ္မတပြော

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 28 Views
မတ်လ (၂)ရက်။ ပြည်သူယုံကြည်မှု ပျက်ယွင်းရင် တေယ်လှန်ရေးဆက်လုပ်လို မလွယ်ကူနိုင်ဘူးလို NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့ (၇၇)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့မှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ “ ကျွန်တော်တိုအနေနဲ့ လူထုယုံကြည်မှု/ပြည်သူ့ယုံကြည်မှုဟာ အသက်ဖြစ်ပါတယ်။ ပြည်သူ့ယုံကြည်မှု ပျက်ယွင်းသွားရင်၊
မြန်မာသတင်း

အကြမ်းဖက်ပုဒ်မနဲ့ ပြစ်ဒဏ်ခံရတဲ့ အကျဉ်းသား/သူ (၇၀၀၀)ကျော်ကို စစ်ကော်မရှင် ပြန်လွှတ်ပေး

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 27 Views
မတ်လ (၁)ရက်။ အကြမ်းဖက်ပုဒ်မနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား/သူ (၇၃၃၇)ဦးကို စစ်ကော်မရှင်က လွတ်ငြိမ်းအမိန့်နဲ့ ပြန်လွှတ်ပေးခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်က လွတ်ငြိမ်းမိန့်နဲ့ ပြန်လွှတ်ပေးတဲ့သူတွေဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)နဲ့ ၅၂(က)တိုနဲ့ အကျဉ်းထောင်၊ အချုပ်ထောင်နဲ့