မေလ (၈)ရက်။
ဆွမ်ပရာဘွမ်မြို့က စစ်ကောင်စီရဲ့ (၄၆)ဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သားတစ်ဦးကို နပန်းလုံးသတ်ပုတ်အနိုင်ယူခဲ့တဲ့ တပ်ဖွဲ့ဝင်ကို ဂုဏ်ပြုငွေကျပ်(၁၀)သိန်း ချီးမြှင့်ခဲ့တယ်လို့ Kagabu People’s Force(KPF)ထံက သိရပါတယ်။
“ KPF ရဲဘော်က လက်နက်လတ်(RPG)ကိုင်ဆောင်သူဖြစ်ပြီး ရန်သူနဲ့ အနီးကပ်အတွေ့မှာ ဆုံးဖြတ်ချက်ပြတ်သားစွာ ချက်ချင်း နပန်းလုံးကာ သတ်ပုတ်အနိုင်ယူခဲ့တာဖြစ်တယ်” လို့ KPF က ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ရဲစွမ်းသတ္တိနဲ့ ပြတ်သားစွာအနိုင်ယူခဲ့တဲ့ KPF တပ်ဖွဲ့ဝင်ကို စံပြတပ်ဖွဲ့ဝင်အနေနဲ့ သတ်မှတ်ပြီး ဂုဏ်ပြုငွေသိန်း(၁၀)ကျပ်နဲ့ KPF တပ်ဖွဲ့ဝင်တွေအတွက် ဂုဏ်ပြုငွေသိန်း(၂၀)ကျပ် ဆုချကာ အသိအမှတ်ပြုခဲ့တယ်လို့ အသိပေးထားပါတယ်။
ခါကာဘိုဒေသမှာ အထိုင်ချပြီး ဒေသခံပြည်သူတွေကို အနိုင်ကျင့်အုပ်ချုပ်နေတဲ့ စစ်အာဏာရှင်လက်အောက်ခံတွေအားလုံးကို KIA၊ KPDF နဲ့ KPF ပူးပေါင်းတပ်တို့က ဒေသကနေ အပြီးတိုင် တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ပြောဆိုထားပါတယ်။
တိုက်ပွဲမှာ ရှေ့ကဦးဆောင်ကူညီကြတဲ့ KIA တပ်ဖွဲ့ဝင်တွေနဲ့ KPDF တပ်ဖွဲ့ဝင်တွေအားလုံးကိုလဲ ဂုဏ်ယူစွာနဲ့ အလေးပြုတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။