နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ရာဖာမြို့ကို မြေပြင်ထိုးစစ်များ အစ္စရေးပြုလုပ်

ရာဖာမြို့ကို မြေပြင်ထိုးစစ်များ အစ္စရေးပြုလုပ်

++++++++++++++++

ပါလက်စ်တိုင်းတွေကို အဲလ်မာဝါဆီလို့ခေါ်တဲ့ လူသားချင်းထောက်ထားမှုဆိုင်ရာ နေရာတွေကို ပြောင်းရွှေ့ဖို့ အစ္စရေးက တောင်းဆိုပြီးနောက် စနေနေ့မှာ ဂါဇာတောင်ပိုင်းက ရာဖာမြို့ရဲ့ ကောင်ကင်ယံမှာ မီးခိုးလုံးတွေကို မြင်တွေ့နေရတာဖြစ်ပါတယ်။

ဒါဟာ ရာဖာမြို့ကို အစ္စရေးက မြေပြင်ထိုးစစ်တွေတိုးမြှင့်လုပ်ဆောင်နေတယ်ဆိုတဲ့ အရိပ်အယောင်တစ်ခုဖြစ်ပါတယ်။ အမေရိကန်နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းတွေက ပြင်းထန်တဲ့ဖိအားပေးနေချိန်မှာ အစ္စရေးက မြေပြင်ထိုးစစ်တွေကို မြှင့်တင်ခဲ့တာလည်းဖြစ်ပါတယ်။ လူမှုကွန်ယက်စာမျက်နာတစ်ခုဖြစ်တဲ့ X မှာတော့ အစ္စရေးစစ်ဘက်ဆိုင်ရာပြောရေးဆိုခွင့်ရှိသူတစ်ဦးက ရာဖာမြို့အနီးအနား ရပ်ကွက် 12 ခုက ဒေသခံတွေအနေနဲ့ အနောက်ဘက် ကယ်ဆယ်ရေးစခန်းတွေမှာ ချက်ချင်းတိမ်းရှောင်ကြဖို့ တောင်းဆိုပြီးနောက်မှာ အခုလို စစ်ရေးထိုးစစ်တွေ လုပ်ဆောင်ခဲ့တာပါ။

ဂါဇာဒေသခံတစ်ဦးဖြစ်တဲ့ နီဒယ်ကတော့ သတိပေးကြေညာချက်တွေရှိနေပေမယ့် သူ့အနေနဲ့ ပြောင်းရွှေ့ခိုလှုံဖို့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ သူ့မှာ ရွှေ့ပြောင်းစရာ ရွက်ဖျင်တဲမရှိသလို ငွေကြေးနဲ့ ကားလည်းမရှိဘူးလို့ ပြောပါတယ်။ အစ္စရေးဟာ ဂါဇာကမ်းမြောင်နယ်မြေအနှံ့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ပြီးတဲ့နောက် ဒေသခံတွေကို နယ်မြေပြောင်းရွှေ့ခိုလှုံဖို့ သတိပေးထားတာဖြစ်ပါတယ်။

အစ္စရေးစစ်တပ်ကတော့ ရာဖာမြို့ အရှေ့ပိုင်းနဲ့ ဂါဇာ-ရာဖေးမြို့ကြားမှာ ဟားမက်စ်စစ်သွေးကြွတွေရဲ့ လှုပ်ရှားမှုရှိနေတာကြောင့် အဲဒီနေရာတွေကို စစ်ဆင်ရေးဆက်လက်ပြုလုပ်သွားမယ်လို့ အတိအလင်းပြောဆိုထားပါတယ်။ အမေရိကန်ရဲ့ စစ်ရေးအကူအညီတွေကြောင့် မေလ 10 ရက် သောကြာနေ့မှာ အစ္စရေးတင့်ကားတွေဟာ ရာဖာမြို့ရဲ့  အရှေ့နဲ့အနောက်ကို ပိုင်းခြားထားတဲ့ လမ်းမကြီးတွေကို သိမ်းပိုက်စိုးမိုးနိုင်ခဲ့သလို အရှေ့ဘက်ခြမ်းကို ဝန်းရံပိတ်ဆို့ခဲ့ပါတယ်။

အခုဖြစ်စဉ်တွေအားလုံးက မေလ 9 ရက်နေ့က အပစ်အခတ်ရပ်စဲရေးအတွက် နိုင်ငံတကာရဲ့ ကြားဝင်စေ့စပ်ပေးမှုကို အစ္စရေးက ငြင်းပယ်ခဲ့ပြီးတဲ့နောက် ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာခဲ့တာပါ။ အဲဒီဆွေးနွေးပွဲမှာ အစ္စရေးက သူတို့ထိန်းသိမ်းထားတဲ့ ပါလက်စ်တိုင်းအကျဉ်းသားတွေနဲ့ အစ္စရေးဓါးစာခံတွေကို လဲလှယ့်မယ့်အစီအစဉ်အတွက် သဘောတူညီခဲ့ပေမယ့် ဒါဟာ ဟားမက်စ်တွေ အစဆွဲခဲ့တဲ့ အောက်တိုဘာ 7 ရက်နေ့က တိုက်ခိုက်မှုကို အဆုံးသတ်ဖို့ မဟုတ်ဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ 7 ရက်နေ့က ဟားမက်စ်တွေရဲ့ အလစ်အငိုက်တိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံသား 1200 အသက်ဆုံးရှုံးခဲ့ရပြီး ဓားစာခံ 250 ကျော်ဖမ်းဆီးခံခဲ့ရတယ်လို့ အစ္စရေးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲဒီနောက်ဆက်တွဲအနေနဲ့ အစ္စရေးဟာ ဂါဇာကမ်းမြောင်မှာရှိတဲ့ ဟားမက်စ်တွေကို တိုက်ခိုက်ချေမှုန်းဖို့ စစ်ဆင်ရေးဆင်နွှဲခဲ့ရာမှာတော့ ပါလက်စ်တိုင်းအရပ်သား 35000 သေဆုံးခဲ့ရပြီး သန်းနဲ့ချီတဲ့ အရပ်သားတွေ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ် ခင်ဗျာ . . .။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အရေးကြီးသော ဆွေးနွေးပွဲများမတိုင်မီ အီရန်အပေါ် အမေရိကန်က စစ်ရေးဖိအားများ တိုးမြှင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၇ရက် လာမည့်အင်္ဂါနေ့တွင် ဂျီနီဗာမြို့၌ အီရန်နှင့်ပြုလုပ်မည့် ဆွေးနွေးပွဲများမတိုင်မီ အမေရိကန် စစ်တပ်သည် အရှေ့အလယ်ပိုင်းဒေသတွင် လေကြောင်းနှင့်
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အနောက်ဘက်ကမ်းခြေ ဒေသအများအပြားကို နိုင်ငံပိုင်မြေအဖြစ် သတ်မှတ်ရန် အစ္စရေး၏ လုပ်ဆောင်ချက်မှာ ‘အင်အားသုံး သိမ်းပိုက်ခြင်း’ ဖြစ်သည်ဟု ပြစ်တင်ရှုတ်ချခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ ၁၆ရက် တဲလ်အဗစ် — သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေ (West Bank) ရှိ နယ်မြေများကို နိုင်ငံပိုင်မြေအဖြစ် မှတ်ပုံတင်ရန် အစ္စရေးအစိုးရက ရှေ့ဆက်လုပ်ဆောင်နေပြီး ယင်းလုပ်ရပ် ကို ပါလက်စတိုင်းတို့က “အင်အားသုံး နယ်မြေသိမ်းပိုက်ခြင်း
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုနှင့် ဥရောပခေါင်းဆောင်များ အချက်တခုတွင် သဘောတူညီကြသည်- ထိုအချက်မှာ ယခင်ကမ္ဘာ့အာဏာစဉ်ဟောင်းသည် ‘မတည်ရှိတော့ပါ’ဟူ၍ဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 25 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် မြူးနစ်၊ ဂျာမနီ — သောကြာနေ့က ကျင်းပသော အားပြိုင်မှုများပြင်းထန်သည့် မြူးနစ်လုံခြုံရေးညီလာခံတွင် ဥရောပခေါင်းဆောင်များသည် အမေရိကန်ဦးဆောင်သော နိုင်ငံတကာအစီအစဉ် ဇာတ်သိမ်းသွားပြီဆိုသည့်အချက်ကို အလေးပေးဆွေးနွေးခဲ့ကြသည် –
တရုတ် နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုက ဆက်ဆံရေးများ ပြန်လည်ကုစားရန် ကြိုးပမ်းနေချိန်တွင် တရုတ်က ဥရောပကို သိမ်းသွင်းရန် မျှော်လင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် ပေကျင်း — မြူးနစ်လုံခြုံရေးညီလာခံတွင် အမေရိကန်နှင့် ဥရောပသည် “အတူတကွ ရှိနေရမည့်သူများ” ဖြစ်ကြောင်း ထိပ်တန်းသံတမန် မာကိုရူဘီယိုက ရင်ကြားစေ့ရေး မိန့်ခွန်းပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်၊
နိုင်ငံတကာသတင်း ရုရှား

ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နိကို ဖားအဆိပ်မြှား (Dart Frog Toxin) သုံး၍ သတ်ဖြတ်ခဲ့ကြောင်း ဗြိတိန်ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 34 Views
BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက် ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နီ (Alexei Navalny) သည် ဖားမှ ထုတ်ယူဖော်စပ်ထားသော အဆိပ်ကို အသုံးပြု၍မြှားဆိပ်ဖြင့် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန်

နက်တန်ယာဟုက အစ္စရေးရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ထရမ့်နှင့် ဆက်ဆံရေးကို အားကိုးနေရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 38 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက် ဒေါ်နယ်ထရမ့်နှင့် ဘင်ဂျမင်နက်တန်ယာဟုတို့၏ ဗုဒ္ဓဟူးနေ့က တွေ့ဆုံမှုမှ ဓာတ်ပုံတစ်ပုံ တည်းသာ ထွက်ပေါ်လာခဲ့သည်- ၎င်းမှာ အစ္စရေးဝန်ကြီးချုပ်ရုံးမှ ဖြန့်ဝေခဲ့သော အိမ်ဖြူတော် ဘဲဥပုံရုံးခန်းအတွင်း လက်ဆွဲနှုတ်ဆက်နေသည့်
နိုင်ငံတကာသတင်း ဘင်္ဂလား‌ဒေ့ရှ် အာရှ

ဂျန်ဇီမျိုးဆက် (Gen Z) တော်လှန်ရေးအပြီး ပထမဆုံးရွေးကောက်ပွဲတွင် ဘင်္ဂလားဒေ့ရှ် BNP ပါတီ အပြတ်အသတ်အနိုင်ရ၊ အုပ်ချုပ်သူဟောင်း၏သား ဝန်ကြီးချုပ် ဖြစ်လာတော့ မည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 43 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက် ဘင်္ဂလားဒေ့ရှ် အတိုက်အခံပါတီဖြစ်သော ဘင်္ဂလားဒေ့ရှ် အမျိုးသားဝါဒီပါတီ (BNP) သည် သောကြာနေ့တွင် ကျင်းပသည့် လွှတ်တော်ရွေးကောက်ပွဲ၌ အပြတ်အသတ် အနိုင်ရရှိ သွားခဲ့သည်။ ယင်းကြောင့်