မေလ (၂၈)ရက်။
အာဏာသိမ်းပြီးနောက် (၃)နှစ်တာကာလ တနင်္သာရီတိုင်းထဲ PDF နဲ့ ပကဖရဲဘော် စုစုပေါင်း (၁၁၈)ဦး ကျဆုံးခဲ့တယ်လို့ တနင်္သာရီတိုင်း-ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အခုအရေအတွက်ဟာ PDF စတင်တည်ထောင်တဲ့ ၂၀၂၁ခုနှစ် မေလ (၅)ရက်နဲ့ ပကဖ တည်ထောင်တဲ့ ၂၀၂၁ခုနှစ် ဇွန်လ (၂၅)ရက်နေ့နောက်ပိုင်း ကျဆုံးခဲ့ရတဲ့စာရင်းလို့ ဆိုပါတယ်။
(၃)နှစ်တာကာလထဲ တနင်္သာရီတိုင်းမှာ ကျဆုံးခဲ့ရတဲ့ မြို့နယ်ပကဖတွေရဲ့ အရေအတွက်ဟာ စုစုပေါင်း (၆၀)ဦးအထိရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီကျဆုံးစာရင်းက သရက်ချောင်းမြို့မှာ (၂၀)ဦးနဲ့ အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးအနေနဲ့ လောင်းလုံမြို့မှာ (၁၄)ဦးဖြစ်ကာ တတိယအနေနဲ့ တနင်္သာရီတိုင်းမှာ (၁၁)ဦးဖြစ်တယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် ဘုတ်ပြင်မြို့မှာ (၂)ဦး၊ ထားဝယ်မြို့မှာ (၄)ဦး၊ ကော့သောင်းမြို့မှာ (၁)ဦး၊ မြိတ်မှာ (၂)ဦး၊ ပုလောမြို့မှာ (၅)ဦးနဲ့ ရေဖြူမြို့မှာ တစ်ဦးတို့ ပါဝင်တယ်လို့ ပြောဆိုထားပါတယ်။
အခုထုတ်ပြန်ထားတဲ့ စာရင်းဟာ PDF နဲ့ ပကဖ မတည်ထောင်ခင် ကျဆုံးထားတဲ့စာရင်းတွေ မပါဝင်သလို မေလ (၂၀)ရက်နေ့ကလဲ ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်းက ရဲဘော် (၃)ဦး ကျဆုံးခဲ့သေးတယ်လို့ သိရပါတယ်။