နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ အောက်တိုဘာလ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

(၃)နှစ်တာကာလ တနင်္သာရီတိုင်းထဲ PDF နဲ့ ပကဖရဲဘော် စုစုပေါင်း (၁၁၈)ဦးကျဆုံးခဲ့

မေလ (၂၈)ရက်။

အာဏာသိမ်းပြီးနောက် (၃)နှစ်တာကာလ တနင်္သာရီတိုင်းထဲ PDF နဲ့ ပကဖရဲဘော် စုစုပေါင်း (၁၁၈)ဦး ကျဆုံးခဲ့တယ်လို့ တနင်္သာရီတိုင်း-ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အခုအရေအတွက်ဟာ PDF စတင်တည်ထောင်တဲ့ ၂၀၂၁ခုနှစ် မေလ (၅)ရက်နဲ့ ပကဖ တည်ထောင်တဲ့ ၂၀၂၁ခုနှစ် ဇွန်လ (၂၅)ရက်နေ့နောက်ပိုင်း ကျဆုံးခဲ့ရတဲ့စာရင်းလို့ ဆိုပါတယ်။

(၃)နှစ်တာကာလထဲ တနင်္သာရီတိုင်းမှာ ကျဆုံးခဲ့ရတဲ့ မြို့နယ်ပကဖတွေရဲ့ အရေအတွက်ဟာ စုစုပေါင်း (၆၀)ဦးအထိရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီကျဆုံးစာရင်းက သရက်ချောင်းမြို့မှာ (၂၀)ဦးနဲ့ အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးအနေနဲ့ လောင်းလုံမြို့မှာ (၁၄)ဦးဖြစ်ကာ တတိယအနေနဲ့ တနင်္သာရီတိုင်းမှာ (၁၁)ဦးဖြစ်တယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် ဘုတ်ပြင်မြို့မှာ (၂)ဦး၊ ထားဝယ်မြို့မှာ (၄)ဦး၊ ကော့သောင်းမြို့မှာ (၁)ဦး၊ မြိတ်မှာ (၂)ဦး၊ ပုလောမြို့မှာ (၅)ဦးနဲ့ ရေဖြူမြို့မှာ တစ်ဦးတို့ ပါဝင်တယ်လို့ ပြောဆိုထားပါတယ်။

အခုထုတ်ပြန်ထားတဲ့ စာရင်းဟာ PDF နဲ့ ပကဖ မတည်ထောင်ခင် ကျဆုံးထားတဲ့စာရင်းတွေ မပါဝင်သလို မေလ (၂၀)ရက်နေ့ကလဲ ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်းက ရဲဘော် (၃)ဦး ကျဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အမှတ်(၂)စစ်ဒေသနယ်မြေထဲ တလတာတိုက်ပွဲမှာ စစ်ကောင်စီဘက်က (၁၀၀)ကျော်သေဆုံးခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 7 ရက်
  • 4 Views
အောက်တိုဘာလ (၇)ရက်။ စက်တင်ဘာလက အမှတ်(၂)စစ်ဒေသနယ်မြေထဲ စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲပေါင်း (၁၅)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

မောင်တောမြို့မှာ အရပ်သားကားတစ်စီး ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးကာ (၄)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 7 ရက်
  • 5 Views
အောက်တိုဘာလ (၇)ရက်။ မနေ့က ညနေ (၄)နာရီ (၁၅)မိနစ်အချိန်မှာ မောင်တောမြို့၊ တောင်ပြိုကနေပြန်လာတဲ့ အရပ်သားကားတစ်စီးကို ARSA အဖွဲ့က ပစ်ခတ်ခဲ့တယ်လို့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အမ်းနပခအနီးရှိ စစ်ကောင်စီရဲ့ မဲတောင်ဗျူဟာကုန်းကို AA သိမ်းပိုက်နိုင်ခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 7 ရက်
  • 6 Views
အောက်တိုဘာလ (၇)ရက်။ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အနီး စစ်ကောင်စီရဲ့ မဲတောင်ဗျူဟာကုန်းကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ အမ်းမြို့အခြေစိုက် နပခဌာနချုပ်အနီးရှိ စစ်ကောင်စီရဲ့ မဲတောင်ဗျုဟာကုန်းကို အောက်တိုဘာလ (၁)ရက်နေ့ကစပြီး တိုက်ခိုက်ခဲ့ကာ (၅)ရက်မြောက်တဲ့ အောက်တိုဘာလ (၅)ရက်နေ့မှာ
မြန်မာသတင်း

ဒေါက်တာဇော်မြင့်မောင် မကွယ်လွန်မီ နာရီပိုင်းအလိုမှသာ လွတ်ငြိမ်းခွင့်ပေးတာက စစ်မှန်တဲ့ သနားကြင်နာတာမဟုတ်ဘူးလို့ အီးယူထုတ်ပြန်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 7 ရက်
  • 6 Views
အောက်တိုဘာလ (၇)ရက်။ ဒေါက်တာဇော်မြင့်မောင်ကို မကွယ်လွန်မီ နာရီပိုင်းအလိုမှာ စစ်အစိုးရက လွတ်ငြိမ်းခွင့်ပေးတာဟာ စစ်မှန်တဲ့ သနားကြင်နာတာ မဟုတ်ဘူးလို့ ဥရောပသမဂ္ဂသံရုံး(အီးယူ)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါက်တာဇော်မြင့်မောင်ဟာ အာဏာသိမ်းတာတွေအပြီး စစ်အာဏာပိုင်တွေရဲ့ မမှန်ကန်တဲ့ နိုင်ငံရေးစွပ်စွဲချက်တွေနဲ့ ဖမ်းဆီးတာခံရပြီး
မြန်မာသတင်း

သဲကုန်းမြို့နယ်မှာ ပျုစောထီးတွေနဲ့အတူရှိနေချိန် စစ်ထွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 7 ရက်
  • 7 Views
အောက်တိုဘာလ (၇)ရက်။ အောက်တိုဘာလ (၅)ရက်နေ့ ည (၇)နာရီအချိန်က သဲကုန်းမြို့၊ ပုတီးကုန်း ဝင်းဘရားသားရပ်ကွက်က စစ်ထွက်အုပ်ချုပ်ရေးမှူး မင်းသွင်ကို ပစ်ခတ်ခဲ့တယ်လို့ PPDF(၃၆၀၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်ထွက်အုပ်ချုပ်ရေးမှူး မင်းသွင်ကို ရပ်ကွက်အလှူခံမဏ္ဍပ်မှာ
မြန်မာသတင်း

ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်သွားတဲ့အပေါ် အထူးဝမ်းနည်းကြေကွဲကြောင်း NUG သဝဏ်လွှာပို့၊ အတုယူမော်ကွန်းတင်စရာ နိုင်ငံရေးသမားကောင်းအနေနဲ့ တည်ရှိနေမယ်လို့ဆို

  • 2024 ခုနှစ်၊ အောက်တိုဘာလ 7 ရက်
  • 6 Views
အောက်တိုဘာလ (၇)ရက်။ ဒီကနေ့ နံနက်အစောပိုင်းအချိန်က မန္တလေးဆေးရုံကြီးမှာ သွေးကင်ဆာရောဂါနဲ့ NLD ပါတီ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်သွားတဲ့အပေါ် အထူးဝမ်းနည်းကြေကွဲကြောင်း NUG က သဝဏ်လွှာပေးပို့ခဲ့တယ်လို့ သိရပါတယ်။ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်အနိစ္စရောက်သွားတာကို ကြားသိရတာကြောင့် NLD
မြန်မာသတင်း

အကျဉ်းထောင်ထဲ လုံလောက်တဲ့ ဆေးဝါးစောင့်ရှောက်ခွင့်မရတာကြောင့် ဒေါက်တာဇော်မြင့်မောင် အသက်ဆုံးရှုံးရတာလို့ PPNM ပြော

  • 2024 ခုနှစ်၊ အောက်တိုဘာလ 7 ရက်
  • 5 Views
အောက်တိုဘာလ (၇)ရက်။ ဒေါက်တာ ဇော်မြင့်မောင်ဟာ အကျဉ်းထောင်ထဲ လုံလောက်တဲ့ ဆေးဝါးစောင့်ရှောက်ခွင့်မရတာကြောင့် အသက်ဆုံးရှုံးခဲ့ရတာလို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ပြောဆိုထားချက်အရ သိရပါတယ်။ ဒီကနေ့ နံနက်အစောပိုင်းအချိန်မှာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ‌ ဇော်မြင့်မောင် ကွယ်လွန်သွားတဲ့အပေါ် PPNM
မြန်မာသတင်း

သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့ဝင်တွေကို PDF တွေ ဖမ်းဆီးသွားတယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 7 ရက်
  • 6 Views
အောက်တိုဘာလ (၇)ရက်။ ‌တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နဲ့ ချင်းပြည်နယ်၊ တီးတိန်မြို့တို့မှာ သန်းခေါင်စာရင်းကောက်တဲ့ အဖွဲ့‌ဝင်တွေကို PDF တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က ညနေပိုင်းအချိန်မှာ လောင်းလုံးမြို့နယ်၊ ရေဖြူကျေးရွာအုပ်စုရှိ အောက်ရေဖြူကျေးရွာမှာနေထိုင်တဲ့