နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြန်မာနိုင်ငံတွင် နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ စစ်ကောင်စီ ရုရှားနဲ့ သဘောတူညီချက်ရ

++++++++++++++++++++++++++++++++++++++++++++++

မေလ (၃၁) ရက်။

မြန်မာနိုင်ငံမှာ အငယ်စား နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်မယ့် အခြေခံမူဆိုင်ရာ သဘောတူညီချက်မူကြမ်းကို ရုရှားအစိုးရက အတည်ပြုပေးလိုက်တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

သဘောတူညီချက်မူကြမ်းကို ရုရှားအစိုးရပိုင် Rosatom ကော်ပိုရေးရှင်းက တင်ပြခဲ့တာဖြစ်ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အခြားဖယ်ဒရယ်အဆင့် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေက သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။

မူကြမ်းအရ မြန်မာနိုင်ငံမှာ ရုရှားရဲ့ ဖိအားသိပ်ရေဓာတ်ပေါင်းဖို Pressurized Water Reactors တွေအပေါ် အခြေခံပြီး အနည်းဆုံး ၁၁၀ မဂ္ဂါဝပ် ထွက်ရှိမယ့် နျူကလီးယားဓာတ်အားပေးစက်ရုံတစ်ရုံ တည်ဆောက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

နေပြည်တော်က ပေါင်းလောင်းရေလှောင်တမံအနီးမှာ တည်ဆောက်ဖို့ လျာထားတဲ့ ဓာတ်အားပေးစက်ရုံအတွက် ရုရှားနိုင်ငံကနေ ချေးငွေရယူပြီး စီမံကိန်းဖော်ဆောင်ဖို့လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။

မူကြမ်းအရ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စရပ်တွေထဲမှာ အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ တိုင်းတာတွက်ချက်မှု၊ EIA လေ့လာစမ်းစစ်မှု၊ ဒီဇိုင်းနဲ့ ဆောက်လုပ်ရေး၊ စက်ကိရိယာနဲ့ လောင်စာဆီ ထောက်ပံ့ခြင်း၊ စက်တပ်ဆင်ခြင်းနဲ့ လုပ်ငန်းအပ်နှံခြင်း၊ အာမခံဝန်ဆောင်မှု၊ အသုံးပြုလောင်စာဆီ စီမံခန့်ခွဲမှု၊ လေ့ကျင့်သင်တန်းတွေ ပါဝင်တယ်လို့ သိရပါတယ်။

ရုရှားဘက်မှာ Rosatom နဲ့ RTN တို့ ပါဝင်ပြီး စစ်ကောင်စီလက်အောက်ခံ အမျိုးသား နျူကလီးယားအစီအစဉ် အကောင်အထည်ဖော်ရေး ကော်မတီနဲ့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့က ဦးစီးဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၁ ရက်နေ့မှာ ROSATOM ညွှန်ကြားရေးမှူးချုပ် အလက်ဆီ လစ်ဟာချက်ဗ် (Alexey Likhachev) နဲ့ စစ်ကောင်စီဘက်က သိပ္ပံနဲ့ နည်းပညာဝန်ကြီး ဦးမျိုးသိန်းကျော်တို့က နျူကလီးယားစွမ်းအင်ကဏ္ဍအတွက် လေ့ကျင့်သင်ကြားရေးနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာကို စစ်ခေါင်းဆောင်ရှေ့မှာ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

နျူကလီးယားဓာတ်ပေါင်းဖိုနဲ့ ပတ်သက်ပြီး နည်းပညာအလွန်မြင့်မားပြီး ဖွံ့ဖြိုးတိုးတက်နဲ့နိုင်ငံတွေလိုမျိုးမှာတောင် နျူကလီးယားဓာတ်ပေါင်းဖိုက စွန့်ပစ်ပစ္စည်းတွေကို စွန့်ပစ်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာ နျူကလီးယားနဲ့ပတ်သက်ပြီး နည်းပညာနိမ့်ပါးပြီး နျူကလီးယားဆိုင်ရာ ဗဟုသုတ အလွန်နည်းတဲ့ မြန်မာနိုင်ငံလိုနိုင်ငံမျိုးမှာ ဓာတ်ပေါင်းဖို မတော်တဆမှုတွေ ဖြစ်ရင် ဘယ်လိုကိုင်တွယ်ကြမလဲဆိုတာ အလွန်စိုးရိမ်စရာကောင်းပါတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်တဲ့သူတဦးက ပြောပါတယ်။

ဓာတ်ပုံ။

လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၁ ရက်နေ့မှာ MOU ရေးထိုးခဲ့ကြတဲ့ ROSATOM ညွှန်ကြားရေးမှူးချုပ် အလက်ဆီ လစ်ဟာချက်ဗ် (Alexey Likhachev) နဲ့ စစ်ကောင်စီဘက်က သိပ္ပံနဲ့ နည်းပညာဝန်ကြီး ဦးမျိုးသိန်းကျော်နဲ့ စစ်ခေါင်းဆောင်တို့ကို တွေ့ရစဉ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

တောင်ကုတ်မြို့ကို AA အလုံးစုံသိမ်းပိုက်နိုင်ခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 4 Views
နိုဝင်ဘာလ (၂၇)ရက်။ နိုဝင်ဘာလ (၂၅)ရက်နေ့က တောင်ကုတ်မြို့ကို အာရက္ခတပ်တော်(AA)က အလုံးစုံ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ တောင်ကုတ်မြို့တိုက်ပွဲမှာ
မြန်မာသတင်း

၂၀၂၅ဟာ တော်လှန်ရေး အလှည့်အပြောင်းဖြစ်လာမယ့်နှစ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 6 Views
နိုဝင်ဘာလ (၂၇)ရက်။ ၂၀၂၅ဟာ တော်လှန်ရေးအတွက် အလှည့်အပြောင်းဖြစ်လာမယ့်နှစ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့ကပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

စစ်ကောင်စီဗိုလ်ချုပ်ကြီး မောင်မောင်အေးရဲ့သား မင်္ဂလာဆောင်မယ့် MICC-2 တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 7 Views
နိုဝင်ဘာလ (၂၇)ရက်။ စစ်ကောင်စီဗိုလ်ချုပ်ကြီး မောင်မောင်အေးရဲ့ သားဖြစ်သူ မင်္ဂလာဆောင်မယ့် နေပြည်တော်ရှိ MICC-2 ကို တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ထဲ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ ရှာထူးဝေါ်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နေပြည်တော်ရှိ MICC-2 ကို နိုဝင်ဘာလ
မြန်မာသတင်း

ရန်ကုန်မှာ ဖုန်းနဲ့ဆက်သွယ်ပြောဆိုပြီး ငွေကြေးလိမ်လည်သူတွေကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 4 Views
နိုဝင်ဘာလ (၂၇)ရက်။ ရန်ကုန်တိုင်းထဲ ဖုန်းနဲ့ဆက်သွယ်ကာ အယောင်ဆောင်ပြောဆိုပြီး ငွေကြေးလိမ်လည်တဲ့ အမျိုးသား (၅)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သူတို့ (၅)ဦးကို နိုဝင်ဘာလ (၁၇)ရက်နေ့ ညနေပိုင်းက ဇီးရိုးမိုင် စစ်ဆေးရေးဂိတ်မှာ
မြန်မာသတင်း

ပြည်ပရောက်ရှိနေတဲ့ NUG အစိုးရအဖွဲ့ဝင်တွေ မြန်မာပြည်တွင်း ပြန်လာဖို့ ယာယီသမ္မတ ဒူဝါလရှီးလ တိုက်တွန်း

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 16 Views
နိုဝင်ဘာလ (၂၆) ရက်။ နိုင်ငံတကာကို ရောက်ရှိနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့ဝင်တွေအနေနဲ့ မဟာဗျူဟာကျကျ ဆွေးနွေးချက်တွေ ဆက်လက်လုပ်ဆောင်ဖို့နဲ့ အရင်လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ဆောင်လို့မရတော့ဘဲ လက်တွေ့ကျတဲ့လုပ်ငန်းရပ်တွေကို လုပ်ဆောင်ဖို့ လိုအပ်နေပြီလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့
မြန်မာသတင်း

တရုတ်ထုတ် အသံထက် (၂)ဆခွဲမြန်တဲ့ ဒုံးကျည် အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှာ အဓိကထားအသုံးပြုနေ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 22 Views
နိုဝင်ဘာလ (၂၆)ရက်။ တရုတ်က တီထွင်ထုတ်လုပ်ထားတဲ့ PL-5 Missiles ဒုံးကျည်ဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ အဓိကအရေးပါတဲ့ လေကြောင်းသုံး ဒုံးကျည်ဖြစ်တယ်လို့ Blood Money-သွေးစွန်းငွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီ PL-5 Missiles ဟာ
မြန်မာသတင်း

မင်းလှမြို့မှာ မူးယစ်ဆေးဝါးရောင်းချသူတွေကို ပြင်းထန်စွာ အရေးယူသွားမယ်လို့ မြို့နယ်ပကဖ အထူးသတိပေး

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 19 Views
နိုဝင်ဘာလ (၂၆)ရက်။ ဒီကနေ့အချိန်မှာ မင်းလှမြို့နယ်ထဲ စစ်ကောင်စီဘက်တော်သားတွေက မူးယစ်ဆေးဝါးတွေကို တွင်တွင်ကျယ်ကျယ် ရောင်းချနေတယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးအရှိန်မြင့်တက်ပြီး နိုင်ငံမငြိမ်မသက်ဖြစ်နေကာ စစ်ကောင်စီဘက်တော်သားတွေက ခက်ခဲကြပ်တည်းနေတဲ့ ပြည်သူတွေဆီကနေ ငွေကြေးတွေကို ညှစ်ထုတ်ရယူဖို့နဲ့ လူငယ်တွေရဲ့
1027 Operations မြန်မာသတင်း

အခုလထဲ နောင်ချိုမှာ စစ်ကောင်စီကြောင့် အရပ်သား (၁၈)ဦးသေဆုံးပြီး (၃၄)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 15 Views
နိုဝင်ဘာလ (၂၆)ရက်။ နိုဝင်ဘာလ (၁)ရက်နေ့ကနေ (၂၅)ရက်အထိ နောင်ချိုမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား (၁၈)ဦးသေဆုံးပြီး (၃၄)ဦး ဒဏ်ရာရခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ TNLA ထန်းချုပ်ထားတဲ့