နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြန်မာနိုင်ငံတွင် နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ စစ်ကောင်စီ ရုရှားနဲ့ သဘောတူညီချက်ရ

++++++++++++++++++++++++++++++++++++++++++++++

မေလ (၃၁) ရက်။

မြန်မာနိုင်ငံမှာ အငယ်စား နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်မယ့် အခြေခံမူဆိုင်ရာ သဘောတူညီချက်မူကြမ်းကို ရုရှားအစိုးရက အတည်ပြုပေးလိုက်တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

သဘောတူညီချက်မူကြမ်းကို ရုရှားအစိုးရပိုင် Rosatom ကော်ပိုရေးရှင်းက တင်ပြခဲ့တာဖြစ်ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အခြားဖယ်ဒရယ်အဆင့် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေက သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။

မူကြမ်းအရ မြန်မာနိုင်ငံမှာ ရုရှားရဲ့ ဖိအားသိပ်ရေဓာတ်ပေါင်းဖို Pressurized Water Reactors တွေအပေါ် အခြေခံပြီး အနည်းဆုံး ၁၁၀ မဂ္ဂါဝပ် ထွက်ရှိမယ့် နျူကလီးယားဓာတ်အားပေးစက်ရုံတစ်ရုံ တည်ဆောက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

နေပြည်တော်က ပေါင်းလောင်းရေလှောင်တမံအနီးမှာ တည်ဆောက်ဖို့ လျာထားတဲ့ ဓာတ်အားပေးစက်ရုံအတွက် ရုရှားနိုင်ငံကနေ ချေးငွေရယူပြီး စီမံကိန်းဖော်ဆောင်ဖို့လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။

မူကြမ်းအရ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စရပ်တွေထဲမှာ အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ တိုင်းတာတွက်ချက်မှု၊ EIA လေ့လာစမ်းစစ်မှု၊ ဒီဇိုင်းနဲ့ ဆောက်လုပ်ရေး၊ စက်ကိရိယာနဲ့ လောင်စာဆီ ထောက်ပံ့ခြင်း၊ စက်တပ်ဆင်ခြင်းနဲ့ လုပ်ငန်းအပ်နှံခြင်း၊ အာမခံဝန်ဆောင်မှု၊ အသုံးပြုလောင်စာဆီ စီမံခန့်ခွဲမှု၊ လေ့ကျင့်သင်တန်းတွေ ပါဝင်တယ်လို့ သိရပါတယ်။

ရုရှားဘက်မှာ Rosatom နဲ့ RTN တို့ ပါဝင်ပြီး စစ်ကောင်စီလက်အောက်ခံ အမျိုးသား နျူကလီးယားအစီအစဉ် အကောင်အထည်ဖော်ရေး ကော်မတီနဲ့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့က ဦးစီးဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၁ ရက်နေ့မှာ ROSATOM ညွှန်ကြားရေးမှူးချုပ် အလက်ဆီ လစ်ဟာချက်ဗ် (Alexey Likhachev) နဲ့ စစ်ကောင်စီဘက်က သိပ္ပံနဲ့ နည်းပညာဝန်ကြီး ဦးမျိုးသိန်းကျော်တို့က နျူကလီးယားစွမ်းအင်ကဏ္ဍအတွက် လေ့ကျင့်သင်ကြားရေးနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာကို စစ်ခေါင်းဆောင်ရှေ့မှာ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

နျူကလီးယားဓာတ်ပေါင်းဖိုနဲ့ ပတ်သက်ပြီး နည်းပညာအလွန်မြင့်မားပြီး ဖွံ့ဖြိုးတိုးတက်နဲ့နိုင်ငံတွေလိုမျိုးမှာတောင် နျူကလီးယားဓာတ်ပေါင်းဖိုက စွန့်ပစ်ပစ္စည်းတွေကို စွန့်ပစ်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာ နျူကလီးယားနဲ့ပတ်သက်ပြီး နည်းပညာနိမ့်ပါးပြီး နျူကလီးယားဆိုင်ရာ ဗဟုသုတ အလွန်နည်းတဲ့ မြန်မာနိုင်ငံလိုနိုင်ငံမျိုးမှာ ဓာတ်ပေါင်းဖို မတော်တဆမှုတွေ ဖြစ်ရင် ဘယ်လိုကိုင်တွယ်ကြမလဲဆိုတာ အလွန်စိုးရိမ်စရာကောင်းပါတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်တဲ့သူတဦးက ပြောပါတယ်။

ဓာတ်ပုံ။

လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၁ ရက်နေ့မှာ MOU ရေးထိုးခဲ့ကြတဲ့ ROSATOM ညွှန်ကြားရေးမှူးချုပ် အလက်ဆီ လစ်ဟာချက်ဗ် (Alexey Likhachev) နဲ့ စစ်ကောင်စီဘက်က သိပ္ပံနဲ့ နည်းပညာဝန်ကြီး ဦးမျိုးသိန်းကျော်နဲ့ စစ်ခေါင်းဆောင်တို့ကို တွေ့ရစဉ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 134 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 107 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 98 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 86 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို