နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တားဆီးဖို့ တားမြစ်ချက်တွေပါဝင်တဲ့ လုပ်ထုံးလုပ်နည်း ချင်းပြည်ကောင်စီ ထုတ်ပြန်

နိုဝင်ဘာလ (၆)ရက်။

စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တားဆီးဖို့နဲ့ ပြည်သူ့အခွင့်အရေးကာကွယ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းကို ချင်းပြည်ကောင်စီ(Chinland Council)က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

အဲ့ဒီလုပ်ထုံးလုပ်နည်းထဲ တားမြစ်ချက်တွေအပါအဝင် အပိုင်း (၆)ပိုင်း ပါဝင်ပြီး ချင်းပြည် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၂၃)ရဲ့ လုပ်ပိုင်ခွင့်အရ အမိန့်ကြေညာချက် ထုတ်ပြန်တာလို့ ဆိုပါတယ်။

ချင်းပြည်ကောင်စီက ထုတ်ပြန်ခဲ့တဲ့ လုပ်ထုံးလုပ်နည်းဟာ ဥပဒေကဲ့သို့တည်တဲ့ လုပ်ထုံးလုပ်နည်းဖြစ်ကာ ချင်းပြည်ထဲနဲ့ ချင်းပြည်ပြင်ပရှိ ချင်းလူထုရဲ့ ဒီမိုကရေစီအခွင့်အရေးနဲ့ လွတ်လပ်မှုကို ကာကွယ်ဖို့ ရည်ရွယ်တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး စစ်ကော်မရှင်ရဲ့ ‌အတုအယောင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တာနဲ့ ပူးပေါင်းပါဝင်သူတွေကို အရေးယူဖို့အပါအဝင် လုပ်ငန်းဆောင်ရွက်ရာမှာ အရပ်သားတွေ မထိခိုက်စေဖို့နဲ့ အရေးယူခံရသူတွေကို လုပ်ထုံးလုပ်နည်းအတိုင်း ကိုင်တွယ်ဆောင်ရွက်ဖို့ ရေးသားထားပါတယ်။

ဒါ့အပြင် ချင်းပြည်ထဲ အတုအယောင်ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်တာ၊ ပါတီရုံးခန်းဖွင့်တာ မလုပ်ဖို့အပြင် လူမှုကွန်ရက်အပါအဝင် မဲဆွယ်စည်းရုံးတာနဲ့ အရပ်သားတွေကို ဆန္ဒမဲပေးဖို့ ခြိမ်းခြောက်တာတွေ မပြုလုပ်ဖို့ တားမြစ်ထားပါတယ်။

အဲ့ဒီတားမြစ်ချက်တွေကို ဖောက်ဖျက်ကျူးလွန်ရင် ပိုင်ဆိုင်မှုအားလုံးကို ပြည်သူပိုင်အနေနဲ့ သိမ်းဆည်းဖို့၊ ထောင်ဒဏ် အနည်းဆုံး (၁)နှစ်ကနေ အများဆုံး (၅)နှစ်အထိ ချမှတ်တာ ဒါမှမဟုတ် ငွေဒဏ် အနည်းဆုံး (၅)သိန်းကနေ သိန်း(၂၀)အထိ ချမှတ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ချင်းပြည်ကောင်စီအနေနဲ့ စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲ အစီအစဉ်တွေ အထမမြောက်ဖို့ ဆန့်ကျင်တဲ့အဖွဲ့ကိုလဲ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် ချင်းပြည်အစိုးရရဲ့ ပြည်ထဲရေးနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့အနေနဲ့ သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေးအဖွဲ့နဲ့ ချင်းပြည်တရားလွှတ်တော်ချုပ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တာဝန်အပ်နှင်းထားပါတယ်။

တားမြစ်ချက်တွေကို ဖောက်ဖျက်ကျူးလွန်တဲ့သူတွေကို အရေးယူတဲ့အခါ လုပ်ထုံးလုပ်နည်း ကြေညာချက်ပါ အချက်တွေနဲ့ ကိုင်တွယ်ဖို့၊ နိုင်ငံတကာဥပဒေတွေ၊ စံချိန်စံနှုန်းအတိုင်း ဆောင်ရွက်ဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 40 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 40 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 38 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 41 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 33 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 41 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 42 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 33 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို