နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

၂၀၂၃-၂၄ ဘဏ္ဍာနှစ်ထဲ စစ်ကောင်စီက စစ်အသုံးစရိတ်ကို စံချိန်တင်အသုံးပြုခဲ့တယ်လို့ NUG ပြော

ဇွန်လ (၄)ရက်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ထဲ စစ်ကောင်စီဟာ စစ်အသုံးစရိတ်ကို ငွေကျပ် (၅၆၀၀)ဘီလီယံကျော်အထိ စံချိန်တင်အသုံးပြုခဲ့တယ်လို့ NUG စီမံ/ဘဏ္ဍာနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်ရဲ့ ပြောဆိုချက်အရ သိရပါတယ်။

“ အာဏာရှင်တွေက သူတို့အာဏာတည်မြဲဖို့ကလွဲပြီး တိုင်းပြည်ဘာဖြစ်ဖြစ်ဆိုတဲ့သဘောနဲ့ ဖျက်ဆီးနေတာပါ။ နှစ်စဉ်အလိုက်မှာလဲ တွက်ချက်ကြည့်မယ်ဆိုရင် ပြည်သူတွေကို သတ်ဖြတ်ဖို့ စစ်အသုံးစရိတ် တိုးမြှင့်သုံးစွဲနေတယ်” လို့ သူက ဆိုပါတယ်။

စစ်ကောင်စီဟာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ စစ်အသုံးစရိတ်ကို ငွေကျပ် (၃၇၀၀)ဘီလီယံအထိ အသုံးပြုခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာတော့ စံချိန်တင် တိုးမြှင့်အသုံးပြုလာတာလို့ သိရပါတယ်။

စစ်ကောင်စီအသုံးပြုခဲ့တဲ့ ပမာဏဟာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်နဲ့ နှိုင်းယှဉ်ကြည့်ပါက ငွေကျပ် (၂၂၅၀)ဘီလီယံ ပိုများခဲ့ကာ အဲ့ဒီဘဏ္ဍာနှစ်က စစ်အသုံးစရိတ်ဟာ ကျပ် (၃၃၈၅)ဘီလီယံရှိခဲ့တယ်လို့ ဝန်ကြီးက ဆက်ပြောပါတယ်။

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ အသုံးပြုမယ့် စစ်အသုံးစရိတ်ကို စစ်ကောင်စီက ထုတ်ပြန်တာမျိုးမရှိသလို ပြည်သူကို အသိမခံနိုင်တော့ဘဲ ရည်ရွယ်ချက်ရှိရှိ ထိန်ချန်ထားတာလို့ သိရပါတယ်။

အခုနှစ်ထဲ စစ်ကောင်စီဘက်က စစ်ရေး၊ နိုင်ငံရေးနဲ့ ဘဏ္ဍာရေး အဖက်ဖက်ကနေ ရှုံးနိမ့်နေပြီး ကာကွယ်ရေးနဲ့ စစ်ရေးအသုံးစရိတ်ကို ထင်တိုင်းအသုံးပြုချင်တာကြောင့် အခုလို ထိန်ချန်တာလို့ ဝန်ကြီးက ပြောဆိုထားပါတယ်။

အခုအခါ စစ်ကောင်စီဟာ စစ်အသုံးစရိတ်ကို ထင်တိုင်းကြဲ တိုးမြှင့်အသုံးပြုနေပေမယ့် လက်လွှတ်ဆုံးရှုံးနေရတဲ့ ဒေသတွေ ပိုမိုများပြားလာကာ နိုင်ငံတဝန်း စစ်ကောင်စီစခန်းပေါင်း (၂၀၀၀)ကျော်ကို ဆုံးရှုံးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပခုက္ကူမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး (၃)ဦးသေ

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 22 Views
မတ်လ (၃)ရက်။ မနေ့က ပခုက္ကူမြို့ ကိုးပင်ရွာအနီး ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ Earthquake PDF ရဲ့
မြန်မာသတင်း

စက်သုံးဆီချွေတာနိုင်ဖို့ဆိုပြီး ပုဂ္ဂလိကပိုင်ကားတွေကို ရက်ခွဲပြီး မောင်းနှင်ဖို့ စစ်ကော်မရှင်ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 16 Views
မတ်လ (၃)ရက်။ စက်သုံးဆီချွေတာဖို့ဆိုပြီး ပုဂ္ဂလိကပိုင်ကားတွေကို ရက်ခွဲပြီး မောင်းနှင်အသုံးပြုဖို့ စစ်ကော်မရှင်က ဒီကနေ့ ညပိုင်းမှာ ကြေညာထားတယ်လို့ သိရပါတယ်။ အခု
မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက်နေ့အထိ နောက်ဆုံးရရှိထားသော အချက်အလက်များအရ အမေရိကန်နှင့် အီရန်နိုင်ငံတို့အကြား ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခ (Operation Epic Fury) ဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အကျဉ်းချုပ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 15 Views
နိုင်ငံခြားသတင်း- ၂၀၂၆ခုနှစ်၊ မတ်လ (၃)ရက် လက်ရှိ စစ်ရေးအခြေအနေနှင့် အဓိကဖြစ်ရပ်များ အဓိကတိုက်ခိုက်မှု စတင်ခြင်း (ဖေဖော်ဝါရီ ၂၈ရက်) အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်းပြီး အီရန်နိုင်ငံအတွင်းရှိ နျူကလီးယားစက်ရုံများ၊ ဒုံးကျည်စခန်းများနှင့် အစိုးရခေါင်းဆောင်ပိုင်းများကို ပစ်မှတ်ထားကာ လေကြောင်းမှ
မြန်မာသတင်း

ဖောင်းပြင်မြို့မှာ စစ်ကော်မရှင်စခန်းက တပ်ကြပ်တဦး မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းထံ အလင်းဝင်

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 17 Views
မတ်လ (၃)ရက်။ ဖောင်းပြင်မြို့ အင်းဝိုင်းလမ်းဆုံရှိ စစ်ကော်မရှင်စခန်းက တပ်ကြပ်အဆင့်ရှိသူတဦး အလင်းဝင်လာခဲ့တယ်လို့ မော်လိုက်ခရိုင် အမှတ်(၃)တပ်ရင်းရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ၂၈ရက်နေ့က ခရိုင်အမှတ်(၃)တပ်ရင်းရဲ့ ရှေ့တန်းစခန်းနဲ့ အနီးကပ်စစ်ဆိုင်ထားတဲ့ အင်းဝိုင်းလမ်းဆုံက စကမစခန်းက တပ်ကြပ်အဆင့်တဦး
မြန်မာသတင်း

စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူကို သွေးခွဲဖို့ ဆိုရှယ်မီဒီယာကို ဒုတိယစစ်မျက်နှာအနေနဲ့ အသုံးပြုနေ

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 19 Views
‌မတ်လ (၃)ရက်။ စစ်ကောင်စီတပ်ဟာ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူကို သွေးခွဲသပ်လျှိုဖို့ ဆိုရှယ်မီဒီယာကို ဒုတိယစစ်မျက်နှာအနေနဲ့ အသုံးပြုနေတယ်လို့ MDSI ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလို စစ်ကောင်စီတပ်ဟာ ဆိုရှယ်မီဒီယာကို ဒုတိယစစ်မျက်နှာအနေနဲ့ အသုံးချပြီး သတင်းတု၊
မြန်မာသတင်း

အကျဉ်းသား/သူ (၂၉)ဦးကို KNU လွတ်ငြိမ်းခွင့်ပြုခဲ့

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 25 Views
‌မတ်လ (၂)ရက်။ ခလယ်လွီထူခရိုင်ထောင်က အကျဉ်းသူ (၅)ဦးနဲ့ အကျဉ်းသား (၂၄)ဦးကို KNU က လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့တယ်လို မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ခလယ်လွီထူခရိုင် ထောင်က KNU ဥက္ကဋ္ဌရဲ့ အမိန့်နဲ့ ကော်သူးလေ
မြန်မာသတင်း

ြည်သူယုံကြည်မှု ပျက်ယွင်းရင် တော်လှန်ရေးဆက်လုပ်လို မလွယ်ဘူးလို NUG ယာယီသမ္မတပြော

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 28 Views
မတ်လ (၂)ရက်။ ပြည်သူယုံကြည်မှု ပျက်ယွင်းရင် တေယ်လှန်ရေးဆက်လုပ်လို မလွယ်ကူနိုင်ဘူးလို NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့ (၇၇)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့မှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ “ ကျွန်တော်တိုအနေနဲ့ လူထုယုံကြည်မှု/ပြည်သူ့ယုံကြည်မှုဟာ အသက်ဖြစ်ပါတယ်။ ပြည်သူ့ယုံကြည်မှု ပျက်ယွင်းသွားရင်၊
မြန်မာသတင်း

အကြမ်းဖက်ပုဒ်မနဲ့ ပြစ်ဒဏ်ခံရတဲ့ အကျဉ်းသား/သူ (၇၀၀၀)ကျော်ကို စစ်ကော်မရှင် ပြန်လွှတ်ပေး

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 27 Views
မတ်လ (၁)ရက်။ အကြမ်းဖက်ပုဒ်မနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား/သူ (၇၃၃၇)ဦးကို စစ်ကော်မရှင်က လွတ်ငြိမ်းအမိန့်နဲ့ ပြန်လွှတ်ပေးခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်က လွတ်ငြိမ်းမိန့်နဲ့ ပြန်လွှတ်ပေးတဲ့သူတွေဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)နဲ့ ၅၂(က)တိုနဲ့ အကျဉ်းထောင်၊ အချုပ်ထောင်နဲ့