နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပြည်သူတွေညီတာကြောင့် စစ်ကောင်စီရဲ့ Myspace Myanmar App ကို Play Store မှာ မတွေ့ရတော့

ဇွန်လ (၄)ရက်။

Facebook ကိုအစားထိုးဖို့ အတင်းအဓမ္မကြိုးစားတဲ့ စစ်ကောင်စီရဲ့ Myspace Myanmar အက်ပ်ပလီကေးရှင်းကို Play Store မှာ ဒီကနေ့ နေ့လယ်ပိုင်းကစပြီး မတွေ့ရတော့ဘူးလို့ လူမှုကွန်ရက်အသုံးပြုသူတွေထံကနေ သိရပါတယ်။

“ Facebook ကိုပိတ်ဖို့ကြိုးစားပြီး Myspace Myanmar နဲ့ အဓမ္မအစားထိုးဖို့ကြိုးစားတဲ့ စစ်ကောင်စီရဲ့အကြံက ပြည်သူတွေညီတော့ အခု Play Store မှာ မတွေ့ရတော့ဘူး၊ အကုန်လုံးက report ဝိုင်းလုပ်ကြတော့ ပြုတ်သွားပြီ” လို့ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီဟာ Facebook လူမှုကွန်ရက်စာမျက်နှာကို ပိတ်ပြီး Myspace Myanmar အက်ပလီကေးရှင်းနဲ့ အစားထိုးဖို့ ကြိုးစားနေတာကြောင့် တော်လှန်ရေးအင်အားစုတွေက အသုံးမပြုဖို့ အခုရက်ပိုင်းထဲမှာပဲ ဝိုင်းဝန်းအသိပေးနှိုးဆော်ခဲ့ကြတာပါ။

“ အဲ့ဒီ Myspace Myanmar application က သုံးစွဲသူတိုင်းရဲ့ အချက်အလက်တွေကို တစ်ခုမကျန် ယူလို့ရအောင် လုပ်ထားတာတွေ့ရတယ်၊ နောက်ဆုံး background ကနေပါ အချက်အလက်ယူဖို့ ပြုလုပ်ထားတာပါ၊ ဒါ့ကြောင့် ဒီအက်ပလီကေးရှင်းကို အသုံးမပြုဖို့ report ဝိုင်းထုပြီး တွန်းလှန်ဖို့ နှိုးဆော်ရတာပါ” လို့ ရန်ကုန်မြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီပြုလုပ်တဲ့ Myspace Myanmar အက်ပလီကေးရှင်းဟာ တရုတ်နည်းပညာအဖွဲ့တွေနဲ့ ပူးပေါင်းစီစဉ်ထားတာဖြစ်ပြီး Play Store ကနေတစ်ဆင့် ဒေါင်းလုပ်ရယူဖို့ စီစဉ်ခဲ့ရာက ပြည်သူတွေက မှတ်ချက်ပေးကာ report ပြုလုပ်ကြတဲ့အတွက် Play Store မှာ မတွေ့ရှိရတော့တာပါ။

စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး ပြည်တွင်းမှာ Facebook လူမှုကွန်ရက်စာမျက်နှာကို လွတ်လပ်စွာအသုံးပြုခွင့် ပိတ်ပင်ခံထားရတာကြောင့် ပြည်သူတွေဟာ VPN နဲ့ တစ်ဆင့်ခံကာ ဆက်လက်အသုံးပြုနေကြရပါတယ်။

ဒီလို Facebook ကို (၄)နှစ်ကျော်ကြာတဲ့အထိ VPN နဲ့ တစ်ဆင့်ခံကာ အသုံးပြုနေရတာကို စစ်ကောင်စီဘက်က အခုမေလကုန်ပိုင်းကစပြီး VPN အသုံးမပြုနိုင်အောင် လုပ်ဆောင်နေတာကြောင့် ပြည်သူတွေ အခက်အခဲတွေ့နေကြရတယ်လို့ သိရပါတယ်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကော်သူးလေသမ္မတနိုင်ငံတော် တည်ထောင်တယ်လို့ KTLA ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 12 Views
ဇန်နဝါရီလ (၇)ရက်။ ကော်သူးလေသမ္မတနိုင်ငံတော်(Republic of Kawthoolei)ကို တည်ထောင်လိုက်တယ်လို့ ကော်သူးလေအစိုးရ(G.O.K)က ဇန်နဝါရီလ (၅)ရက်နေ့မှာ ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အခုအခါ
မြန်မာသတင်း

ရွေးကောက်ပွဲဥပဒေနဲ့ ဖမ်းဆီးထားသူ (၃၃၅)ဦးရှိတယ်လို့ စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 18 Views
ဇန်နဝါရီလ (၇)ရက်။ ရွေးကောက်ပွဲဥပဒေနဲ့ ဖမ်းဆီးထားသူ (၃၃၅)ဦးရှိတယ်လို့ မနေ့ကပြုလုပ်တဲ့ ရွေးကောက်ပွဲလုံခြုံရေးကော်မတီအစည်းအဝေးမှာ ပြည်ထဲရေးဝန်ကြီး ထွန်းထွန်းနောင်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီလ
မြန်မာသတင်း

အာဆီယံအထူးကိုယ်စားလှယ်နဲ့ စစ်ခေါင်းဆောင်တို့ နေပြည်တော်မှာ တွေ့ဆုံ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 18 Views
တွေ့ဆုံပွဲသတင်းထဲ ရွေးကောက်ပွဲပထမပိုင်းကျင်းပခဲ့တဲ့ နေ့ရက်ကို စစ်တပ်က မှားယွင်းထုတ်ပြန် ဇန်နဝါရီလ (၇)ရက်။ မနေ့က နေ့လည်ပိုင်းအချိန်က နေပြည်တော်မှာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ ‌တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲမှာ မြန်မာနိုင်ငံအနေနဲ့
မြန်မာသတင်း

‌စစ်တပ်ရဲ့ ရွေးကောက်ပွဲကော်မရှင်တွေပါတဲ့ယာဉ်တန်း တိုက်ခိုက်ခံရပြီး မြို့နယ်ရဲမှူးအပါအဝင် (၈)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 18 Views
ဇန်နဝါရီလ (၇)ရက်။ မနေ့က နေ့လယ် (၁)နာရီခွဲအချိန်က မြို့သစ်မြို့ ရွှေပန်းရွာအနီးမှာ စစ်တပ်ရဲ့ ရွေးကောက်ပွဲကော်မရှင်ယာဉ်တန်းကို တိုက်ခိုက်ခဲ့တယ်လို့ Naypyitaw-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရွှေပန်းရွာအနီး ကန်ပြားလမ်းပိုင်းတနေရာမှာ စစ်တပ်ရဲ့ ကား(၄)စီးပါယာဉ်တန်းကို
မြန်မာသတင်း

ဝက်လက်နယ်ထဲ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် (၂)လသားအရွယ်အပါအဝင် (၃)ဦးသေဆုံး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 34 Views
ဇန်နဝါရီလ (၆)ရက်။ ဒီကနေ့ နံနက် (၉)နာရီခွဲကျော်အချိန်က ဝက်လက်နယ်တောင်ခြမ်း ပေါက်ကန်ဘူတာရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ပေါက်ကန်ဘူတာရွာကို တံတားဦးတက်ကနေ ဂျက်ဖိုက်တာ (၂)စီးနဲ့ (၉)နာရီ (၄၇)မိနစ်မှာ တကြိမ်၊
မြန်မာသတင်း

ဧရာဝတီမြစ်ကြီး ထာဝရစီးဆင်းနိုင်ဖို့ အစွမ်းကုန်ဆောင်ရွက်သွားမယ်လို့ NUG ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 28 Views
ဇန်နဝါရီလ (၆)ရက်။ ဧရာဝတီမြစ်ကြီး ထာဝရစီးဆင်းနိုင်ဖို့ တော်လှန်ရေးမဟာမိတ်တွေနဲ့ ပူးပေါင်းကာ အစွမ်းကုန်ဆောင်ရွက်သွားမယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့ Press Briefing မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ စစ်အုပ်စုက မြစ်ဆုံစီမံကိန်းကို
မြန်မာသတင်း

ခင်ဦးနယ်မှာ စစ်ဘေးရှောင်တွေနေတဲ့ စာသင်ကျောင်း ဗုံးကြဲခံရပြီး (၅)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 31 Views
ဇန်နဝါရီလ (၆)ရက်။ မနေ့က ည (၈)နာရီခွဲခန့်က ခင်ဦးနယ်အရှေ့ခြမ်း ကုန်းကြီးရွာရှိ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်သတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။ “ ခင်ဦးနယ်အရှေ့ခြမ်း လမ်းဆုံအရှေ့ဘက်က ကုန်းကြီးရွာစာသင်ကျောင်းကို လေကြောင်းကနေ ဗုံးလာကြဲသွားတာ။ အဲ့ဒီစာသင်ကျောင်းမှာက မန္တလေး
မြန်မာသတင်း

ဝန်းသိုမြို့နေပြည်သူတွေ အခုရက်ပိုင်းထဲ မြို့ထဲကနေ ထွက်ခွာပေးကြဖို့ WPDF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 28 Views
ဇန်နဝါရီလ (၆)ရက်။ ဝန်းသိုမြို့ရှိ စစ်တပ်ကို ထိုးစစ်ဆင် တိုက်ခိုက်မှာဖြစ်တာကြောင့် မြို့နေပြည်သူတွေ ထွက်ခွာပေးကြဖို့ ဝန်းသို-PDF က မနေ့က ထုတ်ပြန်အသိပေးထားတယ်လို့ သိရပါတယ်။ ဝန်းသိုမြို့ထဲ နေထိုင်နေတဲ့ ပြည်သူတွေကို ကောလင်းခရိုင်အမှတ်(၄)တပ်ရင်း-WPDF က ဇန်နဝါရီလ (၉)ရက်နေ့