နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပြည်သူတွေညီတာကြောင့် စစ်ကောင်စီရဲ့ Myspace Myanmar App ကို Play Store မှာ မတွေ့ရတော့

ဇွန်လ (၄)ရက်။

Facebook ကိုအစားထိုးဖို့ အတင်းအဓမ္မကြိုးစားတဲ့ စစ်ကောင်စီရဲ့ Myspace Myanmar အက်ပ်ပလီကေးရှင်းကို Play Store မှာ ဒီကနေ့ နေ့လယ်ပိုင်းကစပြီး မတွေ့ရတော့ဘူးလို့ လူမှုကွန်ရက်အသုံးပြုသူတွေထံကနေ သိရပါတယ်။

“Facebook ကိုပိတ်ဖို့ကြိုးစားပြီး Myspace Myanmar နဲ့ အဓမ္မအစားထိုးဖို့ကြိုးစားတဲ့ စစ်ကောင်စီရဲ့အကြံက ပြည်သူတွေညီတော့ အခု Play Store မှာ မတွေ့ရတော့ဘူး၊ အကုန်လုံးက report ဝိုင်းလုပ်ကြတော့ ပြုတ်သွားပြီ”လို့ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီဟာ Facebook လူမှုကွန်ရက်စာမျက်နှာကို ပိတ်ပြီး Myspace Myanmar အက်ပလီကေးရှင်းနဲ့ အစားထိုးဖို့ ကြိုးစားနေတာကြောင့် တော်လှန်ရေးအင်အားစုတွေက အသုံးမပြုဖို့ အခုရက်ပိုင်းထဲမှာပဲ ဝိုင်းဝန်းအသိပေးနှိုးဆော်ခဲ့ကြတာပါ။

“အဲ့ဒီ Myspace Myanmar application က သုံးစွဲသူတိုင်းရဲ့ အချက်အလက်တွေကို တစ်ခုမကျန် ယူလို့ရအောင် လုပ်ထားတာတွေ့ရတယ်၊ နောက်ဆုံး background ကနေပါ အချက်အလက်ယူဖို့ ပြုလုပ်ထားတာပါ၊ ဒါ့ကြောင့် ဒီအက်ပလီကေးရှင်းကို အသုံးမပြုဖို့ report ဝိုင်းထုပြီး တွန်းလှန်ဖို့ နှိုးဆော်ရတာပါ”လို့ ရန်ကုန်မြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီပြုလုပ်တဲ့ Myspace Myanmar အက်ပလီကေးရှင်းဟာ တရုတ်နည်းပညာအဖွဲ့တွေနဲ့ ပူးပေါင်းစီစဉ်ထားတာဖြစ်ပြီး Play Store ကနေတစ်ဆင့် ဒေါင်းလုပ်ရယူဖို့ စီစဉ်ခဲ့ရာက ပြည်သူတွေက မှတ်ချက်ပေးကာ report ပြုလုပ်ကြတဲ့အတွက် Play Store မှာ မတွေ့ရှိရတော့တာပါ။

စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး ပြည်တွင်းမှာ Facebook လူမှုကွန်ရက်စာမျက်နှာကို လွတ်လပ်စွာအသုံးပြုခွင့် ပိတ်ပင်ခံထားရတာကြောင့် ပြည်သူတွေဟာ VPN နဲ့ တစ်ဆင့်ခံကာ ဆက်လက်အသုံးပြုနေကြရပါတယ်။

ဒီလို Facebook ကို (၄)နှစ်ကျော်ကြာတဲ့အထိ VPN နဲ့ တစ်ဆင့်ခံကာ အသုံးပြုနေရတာကို စစ်ကောင်စီဘက်က အခုမေလကုန်ပိုင်းကစပြီး VPN အသုံးမပြုနိုင်အောင် လုပ်ဆောင်နေတာကြောင့် ပြည်သူတွေ အခက်အခဲတွေ့နေကြရတယ်လို့ သိရပါတယ်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 134 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 107 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 98 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 86 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို