နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

သာကေတမြို့နယ်နှင့် သန်လျင်မြို့တို့ကို ဆက်သွယ်ထားတဲ့ ပဲခူးမြစ်ကူးတံတား သန်လျင်တံတားအမှတ်-၃ ဖွင့်ပွဲအခမ်းအနား စစ်ခေါင်းဆောင်တက်ရောက်

++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဇွန်လ (၉) ရက်။

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်နဲ့ သန်လျင်မြို့တို့ကို ဆက်သွယ်ထားတဲ့ ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်-၃) ဖွင့်ပွဲ အခမ်းအနားကို မနေ့က ဇွန် ၈ ရက် မနက်ပိုင်းက ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီအခမ်းအနားကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ မန်းငြိမ်းမောင်၊ ခွန်စံလွင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ ဂျပန်တံတားတည်ဆောက်ရေးအင်ဂျင်နီယာအဖွဲ့ နီပွန်းကိုးအေး (Nippon Koei) ကုမ္ပဏီက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံရဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ တရားဝင် အကူအညီ (Official Development Assistance – ODA) စစ်တပ်က အာဏာသိမ်းပြီးကတည်းက စစ်တပ်ထိန်းချုပ်မှုအောက်ရမှာရှိတဲ့ မြန်မာနိုင်ငံမှာ တံတားတည်ဆောက်ပြီးစီးမှု အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့တယ်လို့ ဂျပန်အစိုးရသတင်းဌာန NHK မှာ ဒီနေ့ ဇွန်လ (၉) ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။ ဂျပန်အစိုးရအနေနဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ဒီစီမံကိန်းကို ဆက်လက်လုပ်ဆောင်နေတဲ့အတွက် ဒီမိုကရေစီအင်အားစုတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ဆန့်ကျင်နေကြတယ်လို့ NHK က ဆိုပါတယ်။

အရှည် (၄) ကီလိုမီတာခန့်ရှိ တံတားဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ရန်ကုန်အနီးမှာ တည်ဆောက်ပြီးစီးခဲ့ပြီး ဂျပန် ODA ချေးငွေနဲ့ တည်ဆောက်ခဲ့တာလို့ ဖော်ပြခဲ့ပါတယ်။ ဇွန်လ (၈) ရက်နေ့က ကျင်းပတဲ့တံတားဖွင့်ပွဲ အခမ်းအနားကို စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဂျပန် ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

“၂၀၂၁ ခုနှစ် နိုင်ငံရေးအခြေအနေကြောင့် ဆောက်လုပ်ရေးနဲ့ ဘဏ္ဍာငွေတွေ ရပ်တန့်သွားပေမယ့် ညှိနှိုင်းမှုတွေ ထပ်ခါတလဲလဲ လုပ်ခဲ့ပြီး တံတားတည်ဆောက်မှု ပြီးစီးသွားခဲ့တယ်လို့ စစ်ခေါင်းဆောင်က အလေးပေး ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ODA နဲ့ပတ်သက်ပြီး ဂျပန်အစိုးရဟာ အာဏာသိမ်းပြီးကတည်းက စီမံကိန်းအသစ်များကို ရပ်ဆိုင်းထားပေမယ့် ဒီတံတားစီမံကိန်းကိုတော့ အာဏာသိမ်းမှုမတိုင်မီ ၂၀၁၇ ခုနှစ်မှာ သဘောတူခဲ့ပြီး စီမံကိန်းကို ဆက်လက်လုပ်ဆောင်နေခဲ့ပါတယ်။

ဂျပန်နိုင်ငံရဲ့ ODA ရန်ပုံငွေတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြုလုပ်နေတဲ့ မြန်မာစစ်တပ်ဆီကို စီးဆင်းနေတယ်လို့ ဒီမိုကရက်တစ် အင်အားစုတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌကတော့ ၂၀၁၇ ခုနှစ်တွင် ဂျပန်နိုင်ငံနဲ့ ချေးငွေ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် စတင်ဆောင်လုပ်ခဲ့တာဖြစ်ပြီး၊ ၂၀၂၁ ခုနှစ်မှာ နိုင်ငံရေးအခြေအနေတွေကြောင့် တံတားတည်ဆောက်ရေး လုပ်ငန်းတွေ၊ ချေးငွေကိစ္စရပ်တွေ တုံ့ဆိုင်းသွားခဲ့ပြီး အကြိမ်ကြိမ်ညှိနှိုင်းချက်တွေအရ ပြန်လည်တည်ဆောက်နိုင်ခဲ့တာဖြစ်ပြီး ရန်ပုံငွေသုံးစွဲမှုမှာ လိုအပ်ချက်ဖြစ်ပေါ်လာတဲ့အတွက် မြန်မာနိုင်ငံဘက်က ကျပ် ၄၆ ဘီလျံကျော် ထည့်ဝင်ကျခံပြီး တံတားကြီး တည်ဆောက်ပြီးစီးရေး ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

သာကေတမြို့နယ်နဲ့ သန်လျင်မြို့တို့ကို ဆက်သွယ်ထားတဲ့ အရှည် ၈၆၃၈ ပေရှိတဲ့ သန်လျင်တံတား အမှတ်- ၃ လေးလမ်းသွား တံတားသစ်ကြီးကို ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) က သက်သာတဲ့ ချေးငွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာဖြစ်ပြီး အခြားတံတား ဒီဇိုင်းများနဲ့ မတူစေဘဲ ရန်ကုန်မြို့ရဲ့ အထင်ကရအမှတ်အသား (Landmark) ဖြစ်စေဖို့အတွက် သံမဏိကြိုးဆိုင်းတံတား (Cable Stayed Bridge) တည်ဆောက်ခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက တံတားဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

သံလျင်တံတားသစ်ဟာ တံတားအရှည်အနေနဲ့ မြစ်ကူးတံတားအပိုင်း ၆၆၆၃ ပေ၊ ကုန်းကျော်တံတားအပိုင်း ၁၉၇၅ ပေ၊ စုစုပေါင်း ၈၆၃၈ ပေ ရှိပြီး တံတားအကျယ် ၇၅ ပေဖြစ်တယ်လို့ သိရပါတယ်။

သန်လျင်တံတား အမှတ်- ၃ ဟာ လေးလမ်းသွားတံတားဖြစ်ပြီး တစ်ဖက်စီမှာ Safe Zone ငါးပေစီ ပါရှိပြီး တံတားရဲ့ ရေလမ်းကင်းလွတ်အမြင့်ဟာ ၄၃ ပေရှိပြီး ရေလမ်းကင်းလွတ်အကျယ် ၇၃၅ ပေ ရှိတယ်လို့ သိရပါတယ်။

သံမဏိကြိုးဆိုင်း (Cable Stayed Bridge)၊ Steel Box နဲ့ PC Box အမျိုးအစားဖြစ်ပြီး တံတားခံနိုင်ဝန်က ယာဉ်တစ်စီးချင်း ၇၅ တန် ဖြစ်တယ်လို့ သိရပါတယ်။

အရင် တရုတ်အကူအညီနဲ့ ဆောက်ထားတဲ့ သန်လျင်တံတား အမှတ် (၁) ဟာ အမြဲတမ်း ယာဉ်ကြောပိတ်ဆို့နေပြီး အသွားတစ်လမ်းနဲ့ အပြန်တလမ်းသာရှိပြီး ကားပျက်သွားရင် ယာဉ်ကြောပိတ်ဆို့သွားတတ်သလို Safe Zone လည်း မရှိတဲ့အတွက် ခရီးသွားရတာ အဆင်မပြေဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီတံတားသစ်ကြီးက လေးလမ်းသွား ဖြစ်တဲ့အပြင် Safe Zone လည်းရှိတဲ့အတွက် အရင်တံတားထက် ခရီးသွားရတာ အများကြီး အဆင်ပြေလာမယ်ထင်ပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့လုပ်ရပ် ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 24 Views
ဇွန်လ (၂၇)ရက်။ အင်အားကြီးသူက အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့ လုပ်ရပ်တွေကို ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေအကြား
မြန်မာသတင်း

တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး မင်းအောင်လှိုင် ထပ်ဖိတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 36 Views
ဇွန်လ (၂၇)ရက်။ တိုင်းရင်းသားလက်နက်ကိုင်ဘယ်အဖွဲကိုမဆို ကြိုတင်ကန့်သတ်တာမရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖိုဆိုပြီး မင်းအောင်လှိုင်က မနေ့က နယ်စပ်ဒေသအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ အစည်းအဝေးထဲ မင်းအောင်လှိုင်က (၅)နှစ်ထဲ တိုင်းပြည်ငြိမ်းချမ်းအောင် ကြိုးစားမယ်ဆိုတာနဲ့ ရက်ပေါင်း(၁၀၀)စီမံချက်ထဲ ငြိမ်းချမ်းရေး‌အတွက် ဆွေးနွေးကြဖို ပြောဆိုခဲ့ပါတယ်။ “ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး
မြန်မာသတင်း

ရေကြည်နဲ့ သာပေါင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ခံစစ်ပြင်ဆင်နေရ

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 34 Views
ဇွန်လ (၂၇)ရက်။ ‌ရခိုင်ရိုးမခြေရင်းရှိ ရေကြည်မြိုနဲ့ သာပေါင်းမြိုတိုမှာ စစ်ကောင်စီတပ်နဲ့ AA ပူးပေါင်းတပ်တိုအကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ “တိုက်ပွဲက နေ့တိုင်း ပြင်းထန်နေတာ၊ စစ်ကောင်စီဘက်ကလဲ စစ်ကူတွေ ဆက်တိုက်ပိုနေတာ၊ တချိုရွာတွေမှာဆို ခံစစ်ပြင်တဲ့အနေနဲ့
မြန်မာသတင်း

အာဆီယံရဲ့ ဘုံသဘောတူညီချက်(၅)ရပ်ကို ပြန်သုံးသပ်ဖိုအဆို စစ်တပ်လွှတ်တော်မှာ တင်သွင်း

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 34 Views
ဇွန်လ (၂၇)ရက်။ မနေ့ကပြုလုပ်တဲ့ စစ်တပ်ရဲ့ အတုအယောင်ပြည်ထောင်စုလွှတ်တော်မှာ အာဆီယံ ဘုံသဘောတူညီချက် (၅)ရပ်ကို ပြန်သုံးသပ်ဖိုဆိုတဲ့ တိုက်တွန်းတဲ့အဆိုတခုကို တင်သွင်းခဲ့ကြတယ်လို သိရပါတယ်။ အဲ့ဒီအဆိုကို ကြံ့ခိုင်ရေးပါတီရဲ့ ကလောမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့်က တင်သွင်းခဲ့တာလို ဆိုပါတယ်။ သူက
မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 27 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော် ငဖြိုးက တပ်ရင်းမှူးဖြစ်သူ ရဲဘော် ပုလဲမောင်ကို ပစ္စတိုနဲ့ ပစ်ခတ်ခဲ့ရာ
မြန်မာသတင်း

မြန်မာနိုင်ငံရှိ ကျားဖြန့်ဂိုဏ်းစခန်းများတွင် လူပေါင်း ၅,၃၀၀ ကျော် ဆက်လက်ပိတ်မိ နေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့ ပြောကြားအဆိုပါ ဝင်းများအတွင်း ပိတ်မိနေသူများထဲတွင် တရုတ်၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ မလေးရှားနှင့် ဘရာဇီးနိုင်ငံသားများ ပါဝင်သည်။

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 28 Views
အယ်လ်ဂျာဇီးယား – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် လွန်ခဲ့သည့်နှစ်က ဒေသတွင်း၌ နိုင်ငံစုံပူးပေါင်း နှိမ်နင်းမှုများ ပြုလုပ်ခဲ့သော်လည်း ထိုင်းနယ်စပ်အနီးရှိ မြန်မာနိုင်ငံတွင်းမှ အွန်လိုင်းငွေလိမ်ဂိုဏ်းစခန်းများတွင် လူပေါင်း ၅,၃၀၀ ကျော် ဆက်လက်ပိတ်မိနေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ခုက
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 21 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို