နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

သာကေတမြို့နယ်နှင့် သန်လျင်မြို့တို့ကို ဆက်သွယ်ထားတဲ့ ပဲခူးမြစ်ကူးတံတား သန်လျင်တံတားအမှတ်-၃ ဖွင့်ပွဲအခမ်းအနား စစ်ခေါင်းဆောင်တက်ရောက်

++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဇွန်လ (၉) ရက်။

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်နဲ့ သန်လျင်မြို့တို့ကို ဆက်သွယ်ထားတဲ့ ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်-၃) ဖွင့်ပွဲ အခမ်းအနားကို မနေ့က ဇွန် ၈ ရက် မနက်ပိုင်းက ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီအခမ်းအနားကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ မန်းငြိမ်းမောင်၊ ခွန်စံလွင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ ဂျပန်တံတားတည်ဆောက်ရေးအင်ဂျင်နီယာအဖွဲ့ နီပွန်းကိုးအေး (Nippon Koei) ကုမ္ပဏီက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံရဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ တရားဝင် အကူအညီ (Official Development Assistance – ODA) စစ်တပ်က အာဏာသိမ်းပြီးကတည်းက စစ်တပ်ထိန်းချုပ်မှုအောက်ရမှာရှိတဲ့ မြန်မာနိုင်ငံမှာ တံတားတည်ဆောက်ပြီးစီးမှု အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့တယ်လို့ ဂျပန်အစိုးရသတင်းဌာန NHK မှာ ဒီနေ့ ဇွန်လ (၉) ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။ ဂျပန်အစိုးရအနေနဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ဒီစီမံကိန်းကို ဆက်လက်လုပ်ဆောင်နေတဲ့အတွက် ဒီမိုကရေစီအင်အားစုတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ဆန့်ကျင်နေကြတယ်လို့ NHK က ဆိုပါတယ်။

အရှည် (၄) ကီလိုမီတာခန့်ရှိ တံတားဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ရန်ကုန်အနီးမှာ တည်ဆောက်ပြီးစီးခဲ့ပြီး ဂျပန် ODA ချေးငွေနဲ့ တည်ဆောက်ခဲ့တာလို့ ဖော်ပြခဲ့ပါတယ်။ ဇွန်လ (၈) ရက်နေ့က ကျင်းပတဲ့တံတားဖွင့်ပွဲ အခမ်းအနားကို စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဂျပန် ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

“ ၂၀၂၁ ခုနှစ် နိုင်ငံရေးအခြေအနေကြောင့် ဆောက်လုပ်ရေးနဲ့ ဘဏ္ဍာငွေတွေ ရပ်တန့်သွားပေမယ့် ညှိနှိုင်းမှုတွေ ထပ်ခါတလဲလဲ လုပ်ခဲ့ပြီး တံတားတည်ဆောက်မှု ပြီးစီးသွားခဲ့တယ်လို့ စစ်ခေါင်းဆောင်က အလေးပေး ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ODA နဲ့ပတ်သက်ပြီး ဂျပန်အစိုးရဟာ အာဏာသိမ်းပြီးကတည်းက စီမံကိန်းအသစ်များကို ရပ်ဆိုင်းထားပေမယ့် ဒီတံတားစီမံကိန်းကိုတော့ အာဏာသိမ်းမှုမတိုင်မီ ၂၀၁၇ ခုနှစ်မှာ သဘောတူခဲ့ပြီး စီမံကိန်းကို ဆက်လက်လုပ်ဆောင်နေခဲ့ပါတယ်။

ဂျပန်နိုင်ငံရဲ့ ODA ရန်ပုံငွေတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြုလုပ်နေတဲ့ မြန်မာစစ်တပ်ဆီကို စီးဆင်းနေတယ်လို့ ဒီမိုကရက်တစ် အင်အားစုတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌကတော့ ၂၀၁၇ ခုနှစ်တွင် ဂျပန်နိုင်ငံနဲ့ ချေးငွေ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် စတင်ဆောင်လုပ်ခဲ့တာဖြစ်ပြီး၊ ၂၀၂၁ ခုနှစ်မှာ နိုင်ငံရေးအခြေအနေတွေကြောင့် တံတားတည်ဆောက်ရေး လုပ်ငန်းတွေ၊ ချေးငွေကိစ္စရပ်တွေ တုံ့ဆိုင်းသွားခဲ့ပြီး အကြိမ်ကြိမ်ညှိနှိုင်းချက်တွေအရ ပြန်လည်တည်ဆောက်နိုင်ခဲ့တာဖြစ်ပြီး ရန်ပုံငွေသုံးစွဲမှုမှာ လိုအပ်ချက်ဖြစ်ပေါ်လာတဲ့အတွက် မြန်မာနိုင်ငံဘက်က ကျပ် ၄၆ ဘီလျံကျော် ထည့်ဝင်ကျခံပြီး တံတားကြီး တည်ဆောက်ပြီးစီးရေး ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

သာကေတမြို့နယ်နဲ့ သန်လျင်မြို့တို့ကို ဆက်သွယ်ထားတဲ့ အရှည် ၈၆၃၈ ပေရှိတဲ့ သန်လျင်တံတား အမှတ်- ၃ လေးလမ်းသွား တံတားသစ်ကြီးကို ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) က သက်သာတဲ့ ချေးငွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာဖြစ်ပြီး အခြားတံတား ဒီဇိုင်းများနဲ့ မတူစေဘဲ ရန်ကုန်မြို့ရဲ့ အထင်ကရအမှတ်အသား (Landmark) ဖြစ်စေဖို့အတွက် သံမဏိကြိုးဆိုင်းတံတား (Cable Stayed Bridge) တည်ဆောက်ခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက တံတားဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

သံလျင်တံတားသစ်ဟာ တံတားအရှည်အနေနဲ့ မြစ်ကူးတံတားအပိုင်း ၆၆၆၃ ပေ၊ ကုန်းကျော်တံတားအပိုင်း ၁၉၇၅ ပေ၊ စုစုပေါင်း ၈၆၃၈ ပေ ရှိပြီး တံတားအကျယ် ၇၅ ပေဖြစ်တယ်လို့ သိရပါတယ်။

သန်လျင်တံတား အမှတ်- ၃ ဟာ လေးလမ်းသွားတံတားဖြစ်ပြီး တစ်ဖက်စီမှာ Safe Zone ငါးပေစီ ပါရှိပြီး တံတားရဲ့ ရေလမ်းကင်းလွတ်အမြင့်ဟာ ၄၃ ပေရှိပြီး ရေလမ်းကင်းလွတ်အကျယ် ၇၃၅ ပေ ရှိတယ်လို့ သိရပါတယ်။

သံမဏိကြိုးဆိုင်း (Cable Stayed Bridge)၊ Steel Box နဲ့ PC Box အမျိုးအစားဖြစ်ပြီး တံတားခံနိုင်ဝန်က ယာဉ်တစ်စီးချင်း ၇၅ တန် ဖြစ်တယ်လို့ သိရပါတယ်။

အရင် တရုတ်အကူအညီနဲ့ ဆောက်ထားတဲ့ သန်လျင်တံတား အမှတ် (၁) ဟာ အမြဲတမ်း ယာဉ်ကြောပိတ်ဆို့နေပြီး အသွားတစ်လမ်းနဲ့ အပြန်တလမ်းသာရှိပြီး ကားပျက်သွားရင် ယာဉ်ကြောပိတ်ဆို့သွားတတ်သလို Safe Zone လည်း မရှိတဲ့အတွက် ခရီးသွားရတာ အဆင်မပြေဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီတံတားသစ်ကြီးက လေးလမ်းသွား ဖြစ်တဲ့အပြင် Safe Zone လည်းရှိတဲ့အတွက် အရင်တံတားထက် ခရီးသွားရတာ အများကြီး အဆင်ပြေလာမယ်ထင်ပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တောင်ငူခရိုင်ထဲ ရေကြီးတာကြောင့် ပြည်သူ (၇)ဦးသေဆုံးပြီး (၁၅၀၀၀၀)နီးပါး ရေဘေးသင့်ခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 22 ရက်
  • 4 Views
စက်တင်ဘာလ (၂၂)ရက်။ တောင်ငူခရိုင်ထဲ ရေကြီးရေလျှံတာကြောင့် ပြည်သူ (၇)ဦးသေဆုံးပြီး (၁၄၈၅၀၀)ဦး ရေဘေးသင့်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ရန်ကုန်မှာ တော်လှန်ရဲဘော် (၄)ဦး ဖမ်းဆီးခံရပြီး စစ်တပ်ရဲ့ ညှင်းပန်းနှိပ်စက်တာခံနေရ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 22 ရက်
  • 3 Views
စက်တင်ဘာလ (၂၂)ရက်။ ရန်ကုန်မှာ တော်လှန်ရေးရဲဘော် (၄)ဦး စစ်တပ်ရဲ့ ဖမ်းဆီးတာကိုခံရပြီးနောက် ညှင်းပန်းနှိပ်စက်ခံနေရတယ်လို့ တကသကျောင်းသားဟောင်းများအင်အားစုရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
1027 Operations မြန်မာသတင်း

လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၊ လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 22 ရက်
  • 8 Views
စက်တင်ဘာလ (၂၂)ရက်။ မနေ့က ညပိုင်းအချိန်မှာ လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး (၂)ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ MNDAA ရဲ့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၁၀)နာရီ (၁၅)မိနစ်နဲ့ (၁၇)မိနစ်တို့မှာ
မြန်မာသတင်း

စစ်အသုံးစရိတ် နှစ်စဉ် ဘီလီလျံချီသုံးနေတဲ့ စစ်ခေါင်းဆောင်က ငွေကို သုံးချင်တိုင်းသုံးမရဘူးလို့ဆို

  • 2024 ခုနှစ်၊ စက်တင်ဘာလ 22 ရက်
  • 8 Views
စက်တင်ဘာလ (၂၂)ရက်။ ပြည်တွင်းပဋိပက္ခတွေမှာ စစ်အသုံးစရိတ်ကို နှစ်စဉ် ဘီလီလျံနဲ့ချီပြီး သုံးနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ငွေကို သုံးချင်တိုင်း သုံးမရဘူးလို့ မနေ့က ရေဘေးအတွက် အလှူငွေတွေ လက်ခံတဲ့ အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “
မြန်မာသတင်း

မြန်မာမှာ ရုတ်တရက်ရေကြီးတာကြောင့် ရေဘေးသင့်သူ (၉)သိန်းနီးပါးရှိပြီး (၃၀၀)ကျော်သေဆုံးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 21 ရက်
  • 13 Views
စက်တင်ဘာလ (၂၁)ရက်။ မြန်မာနိုင်ငံထဲ ရုတ်တရက် ရေကြီးတာကြောင့် နေရပ်စွန့်ခွာသူတွေအပါအ၀င် ရေဘေးသင့်သူဦးရေ (၈၈၇၀၀၀)ခန့်ရှိပြီး (၃၀၀)ကျော်သေဆုံးခဲ့တယ်လို့ UNOCHA Myanmar ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရေကြီးတာဖြစ်ပွားခဲ့ပြီး (၁၀)ရက်အကြာမှာ ပဲခူး၊ ကယား၊ မကွေး၊
မြန်မာသတင်း

စစ်တပ်ဟာ နိုင်ငံတော်အာဏာကို အဓမ္မသိမ်းယူပြီး ငြိမ်းချမ်းရေးမျှော်လင့်ချက်တွေကို ရိုက်ချိုးပစ်တယ်လို့ KNU ထုတ်ပြန်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 21 ရက်
  • 14 Views
စက်တင်ဘာလ (၂၁)ရက်။ စစ်တပ်ဟာ နိုင်ငံတော်အာဏာကို အတင်းအဓမ္မ လုယူသိမ်းပိုက်ကာ ငြိမ်းချမ်းရေးမျှော်လင့်ချက်တွေကို ရိုက်ချိုးခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာကျရောက်တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့မှာပေးပို့တဲ့သ၀ဏ်လွှာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အာဏာရှင်တွေကြောင့် ဘေးဒုက္ခပေါင်းစုံကို ပြည်သူတွေက ခါးစည်းခံစားနေရကာ အရပ်သားတွေကို ပစ်ခတ်သတ်ဖြတ်တာနဲ့
1027 Operations မြန်မာသတင်း

နောင်ချိုမြို့ရှိ မြို့မဈေးအပါအ၀င် (၃)နေရာကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်၊ အရပ်သားတစ်ဦး ဒဏ်ရာရပြီး နေအိမ်နဲ့ ဆိုင်ခန်းအချို့ပျက်စီးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 21 ရက်
  • 11 Views
စက်တင်ဘာလ (၂၁)ရက်။ ဒီကနေ့ နံနက် (၇)နာရီခွဲအချိန်က နောင်ချိုမြို့နယ်ထဲရှိ နေရာ (၃)နေရာကို စစ်ကောင်စီက Y12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နောင်ချိုမြို့နယ်ထဲ စစ်ကောင်စီက လေကြောင်းကနေ
မြန်မာသတင်း

ဖားကန့်မြို့မှာ စစ်ရေးတင်းမာနေတာ‌ကြောင့် ဒေသခံအများအပြား မြို့ကိုစွန့်ခွာနေကြပြီး တိတ်ဆိတ်ခြောက်ကပ်နေ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 21 ရက်
  • 9 Views
စက်တင်ဘာလ (၂၁)ရက်။ အခုရက်ပိုင်းထဲ ဖားကန့်မြို့မှာ KIA/PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာနေတာကြောင့် ဒေသခံအများအပြား မြို့ကို စွန့်ခွာနေကြတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ မနေ့ကစပြီး မြို့နေလူထုက မြို့ကို စွန့်ခွာနေကြပါတယ်။ တချို့တော့