နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

သာကေတမြို့နယ်နှင့် သန်လျင်မြို့တို့ကို ဆက်သွယ်ထားတဲ့ ပဲခူးမြစ်ကူးတံတား သန်လျင်တံတားအမှတ်-၃ ဖွင့်ပွဲအခမ်းအနား စစ်ခေါင်းဆောင်တက်ရောက်

++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဇွန်လ (၉) ရက်။

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်နဲ့ သန်လျင်မြို့တို့ကို ဆက်သွယ်ထားတဲ့ ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်-၃) ဖွင့်ပွဲ အခမ်းအနားကို မနေ့က ဇွန် ၈ ရက် မနက်ပိုင်းက ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီအခမ်းအနားကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ မန်းငြိမ်းမောင်၊ ခွန်စံလွင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ ဂျပန်တံတားတည်ဆောက်ရေးအင်ဂျင်နီယာအဖွဲ့ နီပွန်းကိုးအေး (Nippon Koei) ကုမ္ပဏီက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံရဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ တရားဝင် အကူအညီ (Official Development Assistance – ODA) စစ်တပ်က အာဏာသိမ်းပြီးကတည်းက စစ်တပ်ထိန်းချုပ်မှုအောက်ရမှာရှိတဲ့ မြန်မာနိုင်ငံမှာ တံတားတည်ဆောက်ပြီးစီးမှု အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့တယ်လို့ ဂျပန်အစိုးရသတင်းဌာန NHK မှာ ဒီနေ့ ဇွန်လ (၉) ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။ ဂျပန်အစိုးရအနေနဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ဒီစီမံကိန်းကို ဆက်လက်လုပ်ဆောင်နေတဲ့အတွက် ဒီမိုကရေစီအင်အားစုတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ဆန့်ကျင်နေကြတယ်လို့ NHK က ဆိုပါတယ်။

အရှည် (၄) ကီလိုမီတာခန့်ရှိ တံတားဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ရန်ကုန်အနီးမှာ တည်ဆောက်ပြီးစီးခဲ့ပြီး ဂျပန် ODA ချေးငွေနဲ့ တည်ဆောက်ခဲ့တာလို့ ဖော်ပြခဲ့ပါတယ်။ ဇွန်လ (၈) ရက်နေ့က ကျင်းပတဲ့တံတားဖွင့်ပွဲ အခမ်းအနားကို စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဂျပန် ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

“ ၂၀၂၁ ခုနှစ် နိုင်ငံရေးအခြေအနေကြောင့် ဆောက်လုပ်ရေးနဲ့ ဘဏ္ဍာငွေတွေ ရပ်တန့်သွားပေမယ့် ညှိနှိုင်းမှုတွေ ထပ်ခါတလဲလဲ လုပ်ခဲ့ပြီး တံတားတည်ဆောက်မှု ပြီးစီးသွားခဲ့တယ်လို့ စစ်ခေါင်းဆောင်က အလေးပေး ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ODA နဲ့ပတ်သက်ပြီး ဂျပန်အစိုးရဟာ အာဏာသိမ်းပြီးကတည်းက စီမံကိန်းအသစ်များကို ရပ်ဆိုင်းထားပေမယ့် ဒီတံတားစီမံကိန်းကိုတော့ အာဏာသိမ်းမှုမတိုင်မီ ၂၀၁၇ ခုနှစ်မှာ သဘောတူခဲ့ပြီး စီမံကိန်းကို ဆက်လက်လုပ်ဆောင်နေခဲ့ပါတယ်။

ဂျပန်နိုင်ငံရဲ့ ODA ရန်ပုံငွေတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြုလုပ်နေတဲ့ မြန်မာစစ်တပ်ဆီကို စီးဆင်းနေတယ်လို့ ဒီမိုကရက်တစ် အင်အားစုတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌကတော့ ၂၀၁၇ ခုနှစ်တွင် ဂျပန်နိုင်ငံနဲ့ ချေးငွေ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် စတင်ဆောင်လုပ်ခဲ့တာဖြစ်ပြီး၊ ၂၀၂၁ ခုနှစ်မှာ နိုင်ငံရေးအခြေအနေတွေကြောင့် တံတားတည်ဆောက်ရေး လုပ်ငန်းတွေ၊ ချေးငွေကိစ္စရပ်တွေ တုံ့ဆိုင်းသွားခဲ့ပြီး အကြိမ်ကြိမ်ညှိနှိုင်းချက်တွေအရ ပြန်လည်တည်ဆောက်နိုင်ခဲ့တာဖြစ်ပြီး ရန်ပုံငွေသုံးစွဲမှုမှာ လိုအပ်ချက်ဖြစ်ပေါ်လာတဲ့အတွက် မြန်မာနိုင်ငံဘက်က ကျပ် ၄၆ ဘီလျံကျော် ထည့်ဝင်ကျခံပြီး တံတားကြီး တည်ဆောက်ပြီးစီးရေး ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

သာကေတမြို့နယ်နဲ့ သန်လျင်မြို့တို့ကို ဆက်သွယ်ထားတဲ့ အရှည် ၈၆၃၈ ပေရှိတဲ့ သန်လျင်တံတား အမှတ်- ၃ လေးလမ်းသွား တံတားသစ်ကြီးကို ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) က သက်သာတဲ့ ချေးငွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာဖြစ်ပြီး အခြားတံတား ဒီဇိုင်းများနဲ့ မတူစေဘဲ ရန်ကုန်မြို့ရဲ့ အထင်ကရအမှတ်အသား (Landmark) ဖြစ်စေဖို့အတွက် သံမဏိကြိုးဆိုင်းတံတား (Cable Stayed Bridge) တည်ဆောက်ခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက တံတားဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

သံလျင်တံတားသစ်ဟာ တံတားအရှည်အနေနဲ့ မြစ်ကူးတံတားအပိုင်း ၆၆၆၃ ပေ၊ ကုန်းကျော်တံတားအပိုင်း ၁၉၇၅ ပေ၊ စုစုပေါင်း ၈၆၃၈ ပေ ရှိပြီး တံတားအကျယ် ၇၅ ပေဖြစ်တယ်လို့ သိရပါတယ်။

သန်လျင်တံတား အမှတ်- ၃ ဟာ လေးလမ်းသွားတံတားဖြစ်ပြီး တစ်ဖက်စီမှာ Safe Zone ငါးပေစီ ပါရှိပြီး တံတားရဲ့ ရေလမ်းကင်းလွတ်အမြင့်ဟာ ၄၃ ပေရှိပြီး ရေလမ်းကင်းလွတ်အကျယ် ၇၃၅ ပေ ရှိတယ်လို့ သိရပါတယ်။

သံမဏိကြိုးဆိုင်း (Cable Stayed Bridge)၊ Steel Box နဲ့ PC Box အမျိုးအစားဖြစ်ပြီး တံတားခံနိုင်ဝန်က ယာဉ်တစ်စီးချင်း ၇၅ တန် ဖြစ်တယ်လို့ သိရပါတယ်။

အရင် တရုတ်အကူအညီနဲ့ ဆောက်ထားတဲ့ သန်လျင်တံတား အမှတ် (၁) ဟာ အမြဲတမ်း ယာဉ်ကြောပိတ်ဆို့နေပြီး အသွားတစ်လမ်းနဲ့ အပြန်တလမ်းသာရှိပြီး ကားပျက်သွားရင် ယာဉ်ကြောပိတ်ဆို့သွားတတ်သလို Safe Zone လည်း မရှိတဲ့အတွက် ခရီးသွားရတာ အဆင်မပြေဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီတံတားသစ်ကြီးက လေးလမ်းသွား ဖြစ်တဲ့အပြင် Safe Zone လည်းရှိတဲ့အတွက် အရင်တံတားထက် ခရီးသွားရတာ အများကြီး အဆင်ပြေလာမယ်ထင်ပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကဗျာရွတ်ဖတ်ခဲ့တဲ့ နိုင်/ကျဉ်းတွေ ရိုက်နှက်တိုက်ပိတ်ခံရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 21 Views
ဇူလိုင်လ (၂)ရက်။ ဇွန်လ (၁၉)ရက်နေ့က မြင်းခြံထောင်မှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ နိုင်ငံရေးအကျဉ်းသား‌တွေက ကဗျာရွတ်ဖတ်ခဲ့ကြတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

လှိုင်သာယာမှာ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးထားသူကို ကယ်ထုတ်သွားတဲ့သူတွေကို ဖမ်းမိတယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 15 Views
ဇူလိုင်လ (၂)ရက်။ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်မှာ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးခံရတဲ့အမျိုးသမီးကို စစ်ကောင်စီရဲတွေဆီကနေ ကယ်ထုတ်သွားသူတွေကို ပြန်ဖမ်းမိတယ်လို့ စစ်ကောင်စီချန်နယ်တွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်မကင်းဖြစ်မိတယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 20 Views
ဇူလိုင်လ (၂)ရက်။ မတရားဖမ်းဆီးခံထားရတဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ ‌အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်မကင်းဖြစ်မိတယ်လို့ မနေ့ကပြုလုပ်တဲ့ Press Briefing အစီအစဉ်မှာ NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ သမ္မတ
မြန်မာသတင်း

လှိုင်သာယာမှာ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးခံထားရသူကို လူတစုက စစ်ကောင်စီလက်က ကယ်ထုတ်

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 17 Views
ဇူလိုင်လ (၂)ရက်။ မနေ့က ည (၇)နာရီခွဲအချိန် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးခံထရတဲ့ အမျိုးသမီးတစ်ဦးကို လူတစုက စစ်ကောင်စီလက်ကနေ ကယ်ထုတ်သွားတယ်လို့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စကစရဲ့ လှိုင်သာယာအရှေ့ပိုင်းရဲစခန်းမှာ ပုဒ်မ-၅၀(ည)နဲ့ ဖမ်းခံထားရတဲ့
မြန်မာသတင်း

နောင်ချိုမြို့မှာ စစ်ကောင်စီက တရက်ထဲ ဗုံး (၁၁)လုံးကြဲချတိုက်ခိုက်၊ ပြည်သူ (၃)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 30 Views
ဇူလိုင်လ (၁)ရက်။ ဒီကနေ့ နေ့လယ် (၃)နာရီကျော်အချိန်က နောင်ချိုမြို့ရှိ သုံးဆယ်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး (၁၁)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သုံးဆယ်ရွာကို နေ့လယ် (၃)နာရီ
မြန်မာသတင်း

အိုးဘိုထောင်မှာ နိုင်/ကျဉ်းတွေ ရိုက်နှက်ခံရချိန် ကိုဝေမိုးနိုင် သွေးထွက်လွန်ပြီး သတိမေ့မျောခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 24 Views
ဇူလိုင်လ (၁)ရက်။ မုံရွာထောင်ကနေ မန္တလေးအိုးဘိုထောင်ကို ပြောင်းရွှေ့ရောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး PPNM က ဒီကနေ့မှာ နောက်ဆက်တွဲ ထပ်မံထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ ဇွန်လ (၁၂)ရက်နေ့က မုံရွာထောင်ကနေ အိုးဘိုထောင်ကို နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား
မြန်မာသတင်း

စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၅၀၀)ကျော်အထိ သေဆုံးခဲ့တယ်လို့ AAPP ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 33 Views
ဇူလိုင်လ (၁)ရက်။ ၂၀၂၁ခုနှစ် အာဏာသိမ်းချိန်ကစပြီး အခုနှစ် ဇွန်လ (၃၀)ရက်နေ့အထိ နိုင်ငံတဝန်းမှာ စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၅၀၅)ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုရဲ့ အာဏာသိမ်း (၅)နှစ်တာထဲ
မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က တရက်ထဲ ဗုံး (၈)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 36 Views
ဇွန်လ (၃၀)ရက်။ မနေ့က ကျောက်မဲမြို့ရှိ ရပ်ကွက်တွေကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၂၅၀)ဗုံးအပါအဝင် စုစုပေါင်း ဗုံး (၈)လုံးအထိ ကြဲချခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က