နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဆရာတော်ရဲ့ကားကို စစ်ကောင်စီရဲ့ဖောကားပေါ်ကနေ သေနတ်နဲ့ဝိုင်းပစ်

ဆရာတော်ရဲ့ကားကို စစ်ကောင်စီရဲ့ဖောကားပေါ်ကနေ သေနတ်နဲ့ဝိုင်းပစ်

ပဲခူးတိုင်း ဝင်းနိမ္မိတာရုံကျောင်းတိုက် နာယကဆရာတော် အရှင်မုနိန္ဒာဘိဝံသဟာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ကွယ်လွန်သွားရတာဖြစ်တယ်လို့ ဆရာတော်နဲ့အတူ ကားထဲမှာ အတူပါလာတဲ့ မျက်မြင်သက်သေ ဆရာတော်က ဒီနေ့မှာ ထုတ်ဖော်ရှင်းလင်းပြောကြားလိုက်ပါတယ်။ “ ဖောကားနဲ့တွေ့တယ်။ ဖောကားပေါ်မှာ ဘယ်သူပါတယ်ဆိုတာတော့ ဘုရားတပည့်တော်တို့ မသိပါဘူး။ ဘုရားတပည့်တော်တို့ကားဆရာက လမ်းဘေးချပြီး အတင်းမောင်းပါတယ်။ အဲ့ဒီလို အတင်းမောင်းတဲ့အခါ ဖောကားပေါ်ကနေ သေနတ်နဲ့ ဝိုင်းပစ်ပါတယ်။ ကားမှာ ခုနစ်ချက်၊ ရှစ်ချက်လောက် မှန်ပါတယ်။ အဲ့ဒီလို ပစ်တဲ့အခါမှာ ဘုရားတပည့်တော်လည်း မှန်မှန်းမသိ သူ့လည်း မှန်မှန်းမသိ။ တခါးပဖွင့်ကြည့်လိုက်တဲ့အခါ ဘုရားတပည့်တော်ရဲ့ သင်္ကန်းတွေမှာ သွေးတွေ အလိပ်လိပ်ကပ်နေတယ်။ ကားထဲကြည့်လိုက်တဲ့အခါကြတော့ ဝင်းနိမ္မိကာရုံဆရာတော်ကတော့ ခေါင်းငိုက်စိုက်ကြပြီး အသက်မရှိတော့ပါဘူး။ တပည့်တော်ကတော့ ခေါင်းမှာ ကားရဲ့မှန်စထိပါတယ်ဘုရား။ တပည့်တော်အပြင်ဘက်ရောက်တဲ့အခါ ခင်ဗျားတို့ ရက်စက်လှချည်လားဗျာ။ ဘုန်းကြီးတွေ ဒီလောက်ရက်စက်ရသလားလို့ ဖောကားပေါ်မှာပါတဲ့ – ရှင်းရှင်းပြောရရင် စစ်ဗိုလ်၊ စစ်သားတွေ၊ ရက်စက်လှချည်လားဆိုတော့ အရှင်ဘုရားတို့က ဘုန်းကြီးမှန်း မသိလို့ပါတဲ့။ ကားတံခါးလည်းပိတ်ထားတော့ ရန်သူကားထင်လို့ တပည့်တော်တို့ ပစ်ပါတယ်ဘုရားတဲ့။ သူတို့ကိုယ်တိုင် ဝန်ခံပါတယ်။ အဲ့ဒီတော့ ဝင်းနိမ္မိကာရုံဆရာတော်က ကားထဲမှာ ဘုရားတပည့်တော်က အပြင်ဘက်မှာ။ ဆရာတော်တဲ့ ကားနားကို မကပ်ပါနဲ့၊ ဆရာတော် ဝေးဝေးနေပါတော့။ ကားဆရာက လက်ပဲထိမှန်တယ်။ လက်သုံးချောင်းလည်း ပြက်သွားတယ်။ ဘုန်းကြီးကတော့ မှန်စလေးပဲ မှန်တာပေါ့။ အရှင်ဘုရားတို့ ကားနားမကပ်ပါနဲ့တဲ့။ ဘယ်မှလည်းဖုန်းမဆက်ပါနဲ့တဲ့။ အဲ့ဒီနေရာမှာ နှစ်နာရီလောက် ကြာပါတယ်။ ဘုရားတပည့်တော်တို့ ဆွမ်းလည်းမဘုန်းပေးရပါဘူး။ အဲ့ဒီလို နှစ်နာရီလောက်ကြာပြီးမှာ ဒကာတို့ ဒီအတိုင်းနေလို့တော့မဖြစ်ဘူး။ ပျံလွန်တော်မူတဲ့ပုဂ္ဂိုလ်ကက ပျံလွန်တော်မူသွားပြီ၊ ဘုန်းကြီးက အသက်ရှိသေးတယ်။ ဘုန်းကြီးက ကုရဦးမှာ။ ရွာကို ပြန်ခွင့်ပြုပါဆိုတော့ တော်တော်နဲ့ မပြုပါဘူး။ နောက်ကျမှ ရွာကြွပါဘုရား။ အရှင်ဘုရားရဲ့ ဖုန်းတွေတော့ထားခဲ့ပါဘူရား။ ဖြစ်တာက ၁၀ နာရီခွဲကျော်ကျော်က ဖြစ်ပါတယ်။ ၄ နာရီ၊ ၅ နာရီကြာမှ သူတို့က ဒီဆရာတော်တွေဟာ သာမည ဆရာတော်တွေ မဟုတ်ဘူး။ ရွှေကျင်ဂိုဏ်းကြီးရဲ့ ဗဟိုအလုပ်အမှုဆောင်ဆရာတော်တွေ ဖြစ်တယ်ဆိုပြီးတော့ အဲ့ဒီကျမှ သူတို့က ပြာပြာသလဲနဲ့ ဘုန်းကြီးတို့ကားနားကပ်လာပါတယ်။ အဲ့ကျမှ သူတို့လုပ်စရာရှိတာတွေလုပ်ပါတယ်။ တံတားဦးထိအောင် တပည့်တော်တို့ ကားနဲ့လိုက်ပို့ပါမယ်ဘုရားလို့ ပြောတော့ ကိစ္စမရှိဘူး ဒကာကြီးတို့ ဘုန်းကြီးတို့ မန္တလေးမှာ အကုန်စီစဉ်ပြီးသား။ မန္တလေးက ဗဟိုဌာနက ဆရာတော်တွေကလည်း အကုန်လုံး ပူနေပါတယ်။ မန္တလေးက ကုသိုလ်တော်ကားနဲ့ ဘုန်းကြီးတို့ စီစဉ်ပါတယ်။ အဲ့လို ဘုန်းကြီးတို့မှာ ဒုက္ခအမျိုးမျိုး ရောက်ရပါတယ်။ ဘုန်းကြီးတော့ ဒုက္ခကို ဒုက္ခမှန်းမသိဘူး။ ဘုန်းကြီးရဲ့ အလွန်အင်မတန်မှ စာတော်တဲ့၊ သာသနာမှာ အင်မတန်မှ အားကိုးရတဲ့ ဝင်းနိမ္မကာရုံ ဆရာတော်အတွက် ဆုံးရှုံးရတဲ့ ဘုန်းကြီးဟာ (ယူကျုံးမရဖြစ်ရပါတယ်) ၃ ခါ ” ငါးနာရီလောက်မှာ ဘုန်းကြီးတို့ ရွာက ဘုန်းကြီးဒကာကားနဲ့ တံတားဦးလာပါတယ်။ ခုနက ကုသိုလ်တော်ကားကလည်းပဲ ရောက်လာပါတယ်။ တံတားဦးဆေးရုံကိုမောင်းပါတယ်။ ဒီက ညွှန်ကြားတာက ဆေးလည်းမထိုးပါနဲ့ဘုရား။ ဘာမှမလုပ်ပါနဲ့ဘုရား။ တပည့်တော်တို့ လာယူပါမယ်ဆို‌တော့၊ ဆေးလည်းမထိုးဘူး။ ဘာမှလည်းမလုပ်ဘူး။ နောက်ကျမှ မဟာဝိသုဒ္ဓါရုံတိုက်က ရွှေကျင်ဆရာတော်က၊ ဆရာတော် မထိုးလို့တော့မဖြစ်ဘူး။ ကြာကြာခံမှာမဟုတ်ဘူး။ ထိုးရမယ် မန္တလေးက ခေါ်ခဲ့မယ်ဘုရားဆိုပြီး မန္တလေးက ဆရာဝန်ခေါ်ခဲ့တယ်။ တံတားဦးဆေးရုံပေါ်မှာ။ တံတားဦးဆေးရုံဆိုတာ အရင်တုန်းကမြို့နယ်ဆေးရုံပါ။ အခုတော့ ခရိုင်ဆေးရုံပေါ့၊ မပြည့်စုံပါဘူး။ ဘုန်းကြီးတို့ အဲ့ဒီမှာ တော်တော်ကြာပါတယ်။ ကြာတဲ့အခါမှာ ဘုန်းကြီးတို့ကို သိပ်မကူညီပါဘူး။ ဘယ်ဘက်ရယ်မှ မဆိုလိုဘူးနော်။ ပီဒီအက်ဖ်တွေလို့ မဆိုလိုဘူး။ အစိုးရလို့လည်း မဆိုလိုဘူး။ ဘုန်းကြီးတို့ကတော့ ဘယ်သူ့ကိုမှ မပြောလိုဘူး။ နာမည်မထုတ်လိုဘူး။ ဘုန်းကြီးတို့မှာတော့ ဆုံးရှုံးသွားပြီ။ အန္တရာယ်တွေ ဖြစ်သွားပြီ။ ဘုန်းကြီးမှာ ခဏခဏ လာစစ်တယ်။ သူတို့လိုချင်တဲ့ စကားလုံးရအောင် ဘုန်းကြီးကို ခနခနလာစစ်တယ်။ ဘုန်းကြီးကလည်း အမှန်အတိုင်းပြောတယ်။ ဖော်ကားပေါ်ကနေ သေနတ်နဲ့ ခုနစ်ချက် ရှစ်ချက်ပစ်တယ်။ ဘယ်သူပစ်တယ်လို့ ဘုန်းကြီးတို့မဆိုလိုဘူး။ တောဘက်ကလည်းဖြစ်ချင်ဖြစ်မယ်။ မြို့ဘက်ကလည်းဖြစ်ချင်ဖြစ်မယ်။ ဘုန်းကြီးတို့မပြောလိုဘူး။ သူတို့လိုချင်တဲ့စကားလုံး မရဘူး။ ဘုန်းကြီးကို တံတားဦးဆေးရုံမှာ သုံးလေးခါလောက်လာစစ်တယ်။ အဲ့ဒီမှာ တံတားဦးဆေးရုံကနေပြီမှာ ဆရာတော်ဘုရားကြီးဘုရား နန်းတွင်းကြွပေးပါဦး၊ ဆရာတော်ဘုရားကြီးရဲ့ ဖြစ်နေတဲ့ ထိရှတဲ့ဟာလည်းပဲ တပည့်တော်တို့ ဆေးကုပေးပါမယ်ဘုရားတဲ့။ တိုင်းမှူးက မေးစရာရှိတာတွေလည်း မေးပါဦးမယ်ဘုရား။ ဘုန်းကြီးတို့ နန်းတွင်းထဲသွားပါတယ်။ ဘုန်းကြီးတို့ ဝိသုဒ္ဓါရုံ စည်ရှင်ကျောင်းက ကားနဲ့သွားပါတယ်။ သူတို့မေးချင်တာ မေးတာပါပဲ။ မေးပြီးတော့ ဘုန်းကြီးရဲ့ ခေါင်းကို မှန်စလေးကို ထုတ်ပေးပါတယ်။ ၃ ချက် ချုပ်ပါတယ်။ ပတ်တီးစည်းပေးလိုက်ပါတယ်။ ၉ နာရီထိအောင် နန်းတွင်းထဲမှာ မပြန်ရသေးပါဘူး။ စစ်ဆေးနေတာပါပဲ။ ဘုန်းကြီးကို နန်းတွင်း(အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်)ထဲကျတော့ ငါးခါလောက် စစ်ဆေးပါတယ်။ ဒါပေမယ့် ဘုန်းကြီးကတော့ ရှေ့ကပြောပြီးသားစကားကို နောက်စကားနဲ့တူညီအောင် ဘုန်းကြီးထွက်ဆိုပါတယ်။ ၁၀ နာရီခွဲကျမှ ဘုရားတပည့်တော့ စည်ရှင်ကျောင်း၊ မဟာဝိသုဒ္ဓါရုံတိုက်ကို ရောက်ပါတယ်။ မနက် ၄ နာရီခွဲကျော်ကျော် အာရုံရောက်တော့ ဆွမ်းကပ်ပါတယ်။ ဆွမ်းဘုန်းပေးခဲ့ပါတယ်။ ညက ဝင်းနိမ္မိကာရုံ ဆရာတော်ရဲ့ ရုပ်ကလာပ်ကို သယ်သွားကြပါတယ်။ ၄ နာရီရောက်တယ်လို့၊ ဖုန်းဆက်ပါတယ်။ အဖြစ်အပျက်ကတော့ ခရီးသွားလို့မဟုတ်ပါဘူး။ ရွှေကျင်ဂိုဏ်းရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးသွားခြင်းသာဖြစ်ပါတယ်။ ဘုန်းကြီးတို့က ရန်သူလည်းမဟုတ်ပါဘူး။ ဒါပေမယ့် ဆုံးရှုံးမှုတော့ ကြီးမားသွားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

နေပြည်တော်ရဲ့ မြို့အကွက်ချပုံစံကို ပြန်လည်ရေးဆွဲမယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဧပြီလ 19 ရက်
  • 7 Views
ဧပြီလ (၁၉)ရက်။ နေပြည်တော်ရဲ့ မြို့အကွက်ချပုံစံကို ပြန်လည်တွက်ချက်ရေးဆွဲသွားဖို့ စီစဉ်နေတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

ရန်ကုန် ကမာရွတ်မြို့မရဲစခန်း လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဧပြီလ 19 ရက်
  • 6 Views
ဧပြီလ (၁၉)ရက်။ မနေ့က ည (၉)နာရီ (၅၇)မိနစ်အချိန်က ရန်ကုန်ရှိ စစ်ကောင်စီရဲ့ ကမာရွတ်မြို့မရဲစခန်းကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon
မြန်မာသတင်း

နေပြည်တော်ရှိ စစ်ကောင်စီရဲ့ အေလာလေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဧပြီလ 19 ရက်
  • 4 Views
ဧပြီလ (၁၉)ရက်။ မနေ့က ည (၈)နာရီခွဲကျော်အချိန်က နေပြည်တော်ရှိ စစ်ကောင်စီရဲ့ အေလာလေတပ်စခန်းကို (၁၀၇)မမ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က
မြန်မာသတင်း

ညောင်လေးပင်မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သားတစ်ဦး ထိမှန်သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 9 Views
ဧပြီလ (၁၈)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က ညောင်လေးပင်ခရိုင် ရေတွင်းကုန်းရွာကို စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တယ်လို့ အမှတ်(၂)စစ်ဒေသခွဲရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ရေတွင်းကုန်းရွာကို နံနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာ။ ပြီးတော့
မြန်မာသတင်း

ရေစကြိုမှာ စစ်ကောင်စီရဲ့ အကြောင်းမဲ့ လေကြောင်းဗုံးကြဲတာကြောင့် ဒေသခံ (၃)ဦး ထိခိုက်ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 8 Views
ဧပြီလ (၁၈)ရက်။ မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က ရေစကြိုမြို့ ဗလဘကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချင်တွေအရ သိရပါတယ်။ “ ညနေ (၄)နာရီ (၂၀)မိနစ်လောက်က ဗလဘကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်
နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

ဘင်္ဂလားဒေ့ရှ် တပ်မတော်ကအမေရိကန်ထောက်ခံမှုဖြင့် အာရက္ခတပ်တော်ကို အကူအညီ ပေးတော့မည်။

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 14 Views
+++++++++++++++++++++ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် အမေရိကန် ကျောထောက်နောက်ခံပြုထားသည့် လျှို့ဝှက်စစ်ဆင်ရေး၊များကို ဘင်္ဂလားဒေ့ရှ် တပ်မတော်က ဦးဆောင်မည်ဖြစ်သည်။ ထောက်ပံ့ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး ပံ့ပိုးမှုများအပြင် ဒရုန်းများကို အသုံးပြုခွင့်ပေးခြင်းအထိ ဘင်္ဂလားဒေ့ရှ် တပ်မတော်သည် ရခိုင်ပြည်နယ်ရှိ မြန်မာစစ်အုပ်စုအား ဆန့်ကျင်တိုက်ခိုက်နေသည့် အာရက္ခတပ်တော်
နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံဝန်ကြီးချုပ် စစ်ကောင်စီဥက္ကဋ္ဌနှင့် ဘန်ကောက်တွင် တွေ့ဆုံ

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 14 Views
ဧပြီလ (၁၇) ရက်။ မြန်မာနိုင်ငံတွင် ငလျင်ဒဏ်နှင့်ပတ်သက်ပြီး ဆွေးနွေးရန်အတွက် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် မလေးရှားဝန်ကြီးချုပ်သည် မြန်မာစစ်အစိုးရခေါင်းဆောင်နှင့် ပုံမှန်မဟုတ်သော တွေ့ဆုံမှုတစ်ခု ပြုလုပ်ခဲ့သည်။ မလေးရှားဝန်ကြီးချုပ် အန်ဝါသည် စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ၁၇ ရက်နေ့က
1027 Operations မြန်မာသတင်း

လာရှိုးမြို့ကို စစ်ကောင်စီတပ်တွေ စတင်ဝင်ရောက်၊ လုံခြုံရေးကြောင့် လမ်းပိုင်းအချို့ကို MNDAA ပိတ်ထား

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 21 Views
ဧပြီလ (၁၈)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး လားရှိုးမြို့ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်လာနေတယ်လို့ ဒေသထဲသတင်းအရင်းအမြစ်တွေရဲ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ စကစတပ်တွေက လားရှိုးမြို့ထဲကို နမ်ပေါင်ဘက်ကနေ စဝင်လာနေပြီလို့ပြောတယ်။ ဘယ်လိုအဖွဲ့တွေပါတယ်ဆိုတာတော့ မသိသေးဘူး။ MNDAA ဘက်ကလဲ လမ်းပိုင်းအချို့