နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဆရာတော်ရဲ့ကားကို စစ်ကောင်စီရဲ့ဖောကားပေါ်ကနေ သေနတ်နဲ့ဝိုင်းပစ်

ဆရာတော်ရဲ့ကားကို စစ်ကောင်စီရဲ့ဖောကားပေါ်ကနေ သေနတ်နဲ့ဝိုင်းပစ်

ပဲခူးတိုင်း ဝင်းနိမ္မိတာရုံကျောင်းတိုက် နာယကဆရာတော် အရှင်မုနိန္ဒာဘိဝံသဟာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ကွယ်လွန်သွားရတာဖြစ်တယ်လို့ ဆရာတော်နဲ့အတူ ကားထဲမှာ အတူပါလာတဲ့ မျက်မြင်သက်သေ ဆရာတော်က ဒီနေ့မှာ ထုတ်ဖော်ရှင်းလင်းပြောကြားလိုက်ပါတယ်။ “ဖောကားနဲ့တွေ့တယ်။ ဖောကားပေါ်မှာ ဘယ်သူပါတယ်ဆိုတာတော့ ဘုရားတပည့်တော်တို့ မသိပါဘူး။ ဘုရားတပည့်တော်တို့ကားဆရာက လမ်းဘေးချပြီး အတင်းမောင်းပါတယ်။ အဲ့ဒီလို အတင်းမောင်းတဲ့အခါ ဖောကားပေါ်ကနေ သေနတ်နဲ့ ဝိုင်းပစ်ပါတယ်။ ကားမှာ ခုနစ်ချက်၊ ရှစ်ချက်လောက် မှန်ပါတယ်။ အဲ့ဒီလို ပစ်တဲ့အခါမှာ ဘုရားတပည့်တော်လည်း မှန်မှန်းမသိ သူ့လည်း မှန်မှန်းမသိ။ တခါးပဖွင့်ကြည့်လိုက်တဲ့အခါ ဘုရားတပည့်တော်ရဲ့ သင်္ကန်းတွေမှာ သွေးတွေ အလိပ်လိပ်ကပ်နေတယ်။ ကားထဲကြည့်လိုက်တဲ့အခါကြတော့ ဝင်းနိမ္မိကာရုံဆရာတော်ကတော့ ခေါင်းငိုက်စိုက်ကြပြီး အသက်မရှိတော့ပါဘူး။ တပည့်တော်ကတော့ ခေါင်းမှာ ကားရဲ့မှန်စထိပါတယ်ဘုရား။ တပည့်တော်အပြင်ဘက်ရောက်တဲ့အခါ ခင်ဗျားတို့ ရက်စက်လှချည်လားဗျာ။ ဘုန်းကြီးတွေ ဒီလောက်ရက်စက်ရသလားလို့ ဖောကားပေါ်မှာပါတဲ့ – ရှင်းရှင်းပြောရရင် စစ်ဗိုလ်၊ စစ်သားတွေ၊ ရက်စက်လှချည်လားဆိုတော့ အရှင်ဘုရားတို့က ဘုန်းကြီးမှန်း မသိလို့ပါတဲ့။ ကားတံခါးလည်းပိတ်ထားတော့ ရန်သူကားထင်လို့ တပည့်တော်တို့ ပစ်ပါတယ်ဘုရားတဲ့။ သူတို့ကိုယ်တိုင် ဝန်ခံပါတယ်။ အဲ့ဒီတော့ ဝင်းနိမ္မိကာရုံဆရာတော်က ကားထဲမှာ ဘုရားတပည့်တော်က အပြင်ဘက်မှာ။ ဆရာတော်တဲ့ ကားနားကို မကပ်ပါနဲ့၊ ဆရာတော် ဝေးဝေးနေပါတော့။ ကားဆရာက လက်ပဲထိမှန်တယ်။ လက်သုံးချောင်းလည်း ပြက်သွားတယ်။ ဘုန်းကြီးကတော့ မှန်စလေးပဲ မှန်တာပေါ့။ အရှင်ဘုရားတို့ ကားနားမကပ်ပါနဲ့တဲ့။ ဘယ်မှလည်းဖုန်းမဆက်ပါနဲ့တဲ့။ အဲ့ဒီနေရာမှာ နှစ်နာရီလောက် ကြာပါတယ်။ ဘုရားတပည့်တော်တို့ ဆွမ်းလည်းမဘုန်းပေးရပါဘူး။ အဲ့ဒီလို နှစ်နာရီလောက်ကြာပြီးမှာ ဒကာတို့ ဒီအတိုင်းနေလို့တော့မဖြစ်ဘူး။ ပျံလွန်တော်မူတဲ့ပုဂ္ဂိုလ်ကက ပျံလွန်တော်မူသွားပြီ၊ ဘုန်းကြီးက အသက်ရှိသေးတယ်။ ဘုန်းကြီးက ကုရဦးမှာ။ ရွာကို ပြန်ခွင့်ပြုပါဆိုတော့ တော်တော်နဲ့ မပြုပါဘူး။ နောက်ကျမှ ရွာကြွပါဘုရား။ အရှင်ဘုရားရဲ့ ဖုန်းတွေတော့ထားခဲ့ပါဘူရား။ ဖြစ်တာက ၁၀ နာရီခွဲကျော်ကျော်က ဖြစ်ပါတယ်။ ၄ နာရီ၊ ၅ နာရီကြာမှ သူတို့က ဒီဆရာတော်တွေဟာ သာမည ဆရာတော်တွေ မဟုတ်ဘူး။ ရွှေကျင်ဂိုဏ်းကြီးရဲ့ ဗဟိုအလုပ်အမှုဆောင်ဆရာတော်တွေ ဖြစ်တယ်ဆိုပြီးတော့ အဲ့ဒီကျမှ သူတို့က ပြာပြာသလဲနဲ့ ဘုန်းကြီးတို့ကားနားကပ်လာပါတယ်။ အဲ့ကျမှ သူတို့လုပ်စရာရှိတာတွေလုပ်ပါတယ်။ တံတားဦးထိအောင် တပည့်တော်တို့ ကားနဲ့လိုက်ပို့ပါမယ်ဘုရားလို့ ပြောတော့ ကိစ္စမရှိဘူး ဒကာကြီးတို့ ဘုန်းကြီးတို့ မန္တလေးမှာ အကုန်စီစဉ်ပြီးသား။ မန္တလေးက ဗဟိုဌာနက ဆရာတော်တွေကလည်း အကုန်လုံး ပူနေပါတယ်။ မန္တလေးက ကုသိုလ်တော်ကားနဲ့ ဘုန်းကြီးတို့ စီစဉ်ပါတယ်။ အဲ့လို ဘုန်းကြီးတို့မှာ ဒုက္ခအမျိုးမျိုး ရောက်ရပါတယ်။ ဘုန်းကြီးတော့ ဒုက္ခကို ဒုက္ခမှန်းမသိဘူး။ ဘုန်းကြီးရဲ့ အလွန်အင်မတန်မှ စာတော်တဲ့၊ သာသနာမှာ အင်မတန်မှ အားကိုးရတဲ့ ဝင်းနိမ္မကာရုံ ဆရာတော်အတွက် ဆုံးရှုံးရတဲ့ ဘုန်းကြီးဟာ (ယူကျုံးမရဖြစ်ရပါတယ်) ၃ ခါ ” ငါးနာရီလောက်မှာ ဘုန်းကြီးတို့ ရွာက ဘုန်းကြီးဒကာကားနဲ့ တံတားဦးလာပါတယ်။ ခုနက ကုသိုလ်တော်ကားကလည်းပဲ ရောက်လာပါတယ်။ တံတားဦးဆေးရုံကိုမောင်းပါတယ်။ ဒီက ညွှန်ကြားတာက ဆေးလည်းမထိုးပါနဲ့ဘုရား။ ဘာမှမလုပ်ပါနဲ့ဘုရား။ တပည့်တော်တို့ လာယူပါမယ်ဆို‌တော့၊ ဆေးလည်းမထိုးဘူး။ ဘာမှလည်းမလုပ်ဘူး။ နောက်ကျမှ မဟာဝိသုဒ္ဓါရုံတိုက်က ရွှေကျင်ဆရာတော်က၊ ဆရာတော် မထိုးလို့တော့မဖြစ်ဘူး။ ကြာကြာခံမှာမဟုတ်ဘူး။ ထိုးရမယ် မန္တလေးက ခေါ်ခဲ့မယ်ဘုရားဆိုပြီး မန္တလေးက ဆရာဝန်ခေါ်ခဲ့တယ်။ တံတားဦးဆေးရုံပေါ်မှာ။ တံတားဦးဆေးရုံဆိုတာ အရင်တုန်းကမြို့နယ်ဆေးရုံပါ။ အခုတော့ ခရိုင်ဆေးရုံပေါ့၊ မပြည့်စုံပါဘူး။ ဘုန်းကြီးတို့ အဲ့ဒီမှာ တော်တော်ကြာပါတယ်။ ကြာတဲ့အခါမှာ ဘုန်းကြီးတို့ကို သိပ်မကူညီပါဘူး။ ဘယ်ဘက်ရယ်မှ မဆိုလိုဘူးနော်။ ပီဒီအက်ဖ်တွေလို့ မဆိုလိုဘူး။ အစိုးရလို့လည်း မဆိုလိုဘူး။ ဘုန်းကြီးတို့ကတော့ ဘယ်သူ့ကိုမှ မပြောလိုဘူး။ နာမည်မထုတ်လိုဘူး။ ဘုန်းကြီးတို့မှာတော့ ဆုံးရှုံးသွားပြီ။ အန္တရာယ်တွေ ဖြစ်သွားပြီ။ ဘုန်းကြီးမှာ ခဏခဏ လာစစ်တယ်။ သူတို့လိုချင်တဲ့ စကားလုံးရအောင် ဘုန်းကြီးကို ခနခနလာစစ်တယ်။ ဘုန်းကြီးကလည်း အမှန်အတိုင်းပြောတယ်။ ဖော်ကားပေါ်ကနေ သေနတ်နဲ့ ခုနစ်ချက် ရှစ်ချက်ပစ်တယ်။ ဘယ်သူပစ်တယ်လို့ ဘုန်းကြီးတို့မဆိုလိုဘူး။ တောဘက်ကလည်းဖြစ်ချင်ဖြစ်မယ်။ မြို့ဘက်ကလည်းဖြစ်ချင်ဖြစ်မယ်။ ဘုန်းကြီးတို့မပြောလိုဘူး။ သူတို့လိုချင်တဲ့စကားလုံး မရဘူး။ ဘုန်းကြီးကို တံတားဦးဆေးရုံမှာ သုံးလေးခါလောက်လာစစ်တယ်။ အဲ့ဒီမှာ တံတားဦးဆေးရုံကနေပြီမှာ ဆရာတော်ဘုရားကြီးဘုရား နန်းတွင်းကြွပေးပါဦး၊ ဆရာတော်ဘုရားကြီးရဲ့ ဖြစ်နေတဲ့ ထိရှတဲ့ဟာလည်းပဲ တပည့်တော်တို့ ဆေးကုပေးပါမယ်ဘုရားတဲ့။ တိုင်းမှူးက မေးစရာရှိတာတွေလည်း မေးပါဦးမယ်ဘုရား။ ဘုန်းကြီးတို့ နန်းတွင်းထဲသွားပါတယ်။ ဘုန်းကြီးတို့ ဝိသုဒ္ဓါရုံ စည်ရှင်ကျောင်းက ကားနဲ့သွားပါတယ်။ သူတို့မေးချင်တာ မေးတာပါပဲ။ မေးပြီးတော့ ဘုန်းကြီးရဲ့ ခေါင်းကို မှန်စလေးကို ထုတ်ပေးပါတယ်။ ၃ ချက် ချုပ်ပါတယ်။ ပတ်တီးစည်းပေးလိုက်ပါတယ်။ ၉ နာရီထိအောင် နန်းတွင်းထဲမှာ မပြန်ရသေးပါဘူး။ စစ်ဆေးနေတာပါပဲ။ ဘုန်းကြီးကို နန်းတွင်း(အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်)ထဲကျတော့ ငါးခါလောက် စစ်ဆေးပါတယ်။ ဒါပေမယ့် ဘုန်းကြီးကတော့ ရှေ့ကပြောပြီးသားစကားကို နောက်စကားနဲ့တူညီအောင် ဘုန်းကြီးထွက်ဆိုပါတယ်။ ၁၀ နာရီခွဲကျမှ ဘုရားတပည့်တော့ စည်ရှင်ကျောင်း၊ မဟာဝိသုဒ္ဓါရုံတိုက်ကို ရောက်ပါတယ်။ မနက် ၄ နာရီခွဲကျော်ကျော် အာရုံရောက်တော့ ဆွမ်းကပ်ပါတယ်။ ဆွမ်းဘုန်းပေးခဲ့ပါတယ်။ ညက ဝင်းနိမ္မိကာရုံ ဆရာတော်ရဲ့ ရုပ်ကလာပ်ကို သယ်သွားကြပါတယ်။ ၄ နာရီရောက်တယ်လို့၊ ဖုန်းဆက်ပါတယ်။ အဖြစ်အပျက်ကတော့ ခရီးသွားလို့မဟုတ်ပါဘူး။ ရွှေကျင်ဂိုဏ်းရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးသွားခြင်းသာဖြစ်ပါတယ်။ ဘုန်းကြီးတို့က ရန်သူလည်းမဟုတ်ပါဘူး။ ဒါပေမယ့် ဆုံးရှုံးမှုတော့ ကြီးမားသွားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 135 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 108 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 102 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 88 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို