ဇွန်လ (၂၄)ရက်။
ဒီကနေ့ နံနက်(၉)နာရီ (၂၀)မိနစ်အချိန်က မုံရွာ-ချောင်းဦး ကားလမ်းပေါ်မှာ စစ်ကောင်စီတပ်တွေကို မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Aera 71 PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီလမ်းပိုင်းမှာ စစ်ကောင်စီတပ်တွေက ချောင်းဦးမြပုလဲဂိတ်က ခရီးသည်တင်ကားတွေနဲ့ လိုက်ပါလာတဲ့ ခရီးသွားပြည်သူတွေကို မိုင်းရှာဖွေတာနဲ့ မိုင်းရှင်းခိုင်းနေတာလို့ ဆိုပါတယ်။
ပြည်သူတွေကိုမိုင်းရှာခိုင်းနေတဲ့ စစ်ကောင်စီတပ်တွေကို Aera 71 PDF Monywa အဖွဲ့က အချိန်ယူစောင့်ကြည့်ပြီး ပြည်သူတွေ မိုင်းနေရာနဲ့ လွတ်ကင်းတဲ့အချိန် ကျန်နေခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်(၂)ဦးကို ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
ဖောက်ခွဲတိုက်ခိုက်တဲ့အချိန် အခြားနေရာကနေ ကင်းပုံးဝတ်နေတဲ့ စစ်ကောင်စီတပ်တွေက ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို တွေ့သွားပြီး လိုက်လံပစ်ခတ်ခဲ့တယ်လို့ ရေးသားထားပါတယ်။
စစ်ကောင်စီတပ်တွေ လိုက်လံပစ်ခတ်ခဲ့တာကြောင့် နောက်ထပ်ကျန်တဲ့ မိုင်းကို ဖောက်ခွဲချိန်မရခဲ့ဘဲ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ လိုက်လံပစ်ခတ်တာတွေကြောင့် လွတ်အောင်ထွက်ပြေးခဲ့ရတဲ့အတွက် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ ရုပ်သံမှတ်တမ်းကို မယူနိုင်ခဲ့ဘူးလို့ ထုတ်ပြန်ထားပါတယ်။
ကနဦးဖောက်ခွဲတိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦးကတော့ နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ Aera 71 PDF Monywa ရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။