နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ပအိုဝ်းဒေသထဲ ပြည်သူ့စစ်သင်တန်းတက်ဖို့ ဖိအားပေး

ဇွန်လ (၂၇)ရက်။

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ပအိုဝ်း‌ဒေသထဲ ပြည်သူ့စစ်သင်တန်းတက်ဖို့ ဇွန်လ (၁၆)ရက်နေ့မှာ စာထုတ်ဖိအားပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

PNO ဟာ ပြည်သူ့စစ်သင်တန်း ပထမအသုတ်ကို ဇွန်လ (၂၂)ရက်နေ့က ထီဖောင်ဘုရားတောင်မှာ ပြုလုပ်မှာဖြစ်ပြီး သင်တန်းကာလအနေနဲ့ (၅)ရက်သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

PNO က သင်တန်းပေးတဲ့ ပြည်သူ့စစ်သင်တန်းပြီးပါက အလှည့်ကျ ရှေ့တန်းထွက်ရမှာဖြစ်ပြီး ပြည်သူ့စစ်တပ်ဖွဲ့ထဲမဝင်သူတွေကို အရေးယူကာ စစ်ကောင်စီတပ်ဆီ ပို့မယ်ဆိုပြီး ခြိမ်းခြောက်ထားပါတယ်။

“ PNO ရဲ့လုပ်ရပ်က လူမျိုးစုတစ်ခုလုံးကို စစ်ကျွန်ဇာတ်သွင်းနေတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ကျွန်မဖြစ်လိုသူတွေ ရုန်းထွက်ကြပါ” လို့ PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောဆိုထားပါတယ်။

ပြည်သူ့စစ်သင်တန်းတက်မယ့်သူတွေအနေနဲ့ ကိုယ့်စာရိတ် ကိုယ်စီစဉ်ရမှာဖြစ်ပြီး သင်တန်းစရိတ်အနေနဲ့ တအိမ်ကို ငွေကျပ်(၁၀၀၀၀)နှုန်းထည့်ဖို့နဲ့ ဇွန်လ (၂၆)ရက်နေ့ နောက်ဆုံးပို့ဖို့ ဖော်ပြထားပါတယ်။

ဒါ့ပြင် ပြည်သူ့စစ်သင်တန်းတက်တဲ့သူတွေကို အသက်(၁၈)နှစ်ကနေ (၃၅)နှစ်ကြား သတ်မှတ်ထားကာ ပြည်ပရောက်နေသူတွေအတွက် တစ်ယောက်ကို ငွေကျပ် (၃)သိန်းခွဲထည့်ရမယ်လို့ ရေးသားထားပါတယ်။

လာမယ့် ဒုတိယအကြိမ် ပြည်သူ့စစ်သင်တန်းကို နားဘောင်ဘောလုံးကွင်းမှာ ဖွင့်မယ်လို့ PNO ပြည်သူ့စစ်သင်တန်းဖြစ်မြောက်ရေးကော်မတီရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

သက်ငယ်မုဒိန်းမှုအပါအဝင် ဗိုလ်နဂါးနဲ့ တပ်ဖွဲ့ဝင်တွေရဲ့ ရာဇဝတ်မှုကျူးလွန်တာတွေကို NUG ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 18 ရက်
  • 17 Views
BNRA တပ်ဖွဲ့ဝင် (၁၅၀)ခန့် အဖမ်းခံတာ၊ ပူးပေါင်းတာနဲ့ လက်နက်အပ်တာတွေရှိတယ်လို့ဆို ဖေဖော်ဝါရီလ (၁၈)ရက်။ BNRA အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးအပါအဝင် တပ်ဖွဲ့ဝင်တွေရဲ့
မြန်မာသတင်း

ရေစကြိုမှာ စစ်တပ်ရဲ့ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးတာကြောင့် ပြည်သူပိုင်နေအိမ် (၃၄)လုံး ပြာကျခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 18 ရက်
  • 14 Views
ဖေဖော်ဝါရီလ (၁၈)ရက်။ ဖေဖော်ဝါရီလ (၁၅)ရက်နေ့ နံနက်ပိုင်းအချိန်က ရေစကြိုမြို့နယ် သမန္တပို့ရွာကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

ခင်ဦးနယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား (၃)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 18 ရက်
  • 18 Views
ဖေဖော်ဝါရီလ (၁၈)ရက်။ မနေ့က ည (၁၀)နာရီကျော်အချိန်မှာ ခင်ဦးနယ်အနောက်တောင်ဘက်ခြမ်းရှိ ညောင်ပင်ကြီးစုရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ People’s Defense Comrade ထံက သိရပါတယ်။ “ ခင်ဦးနယ်အနောက်တောင်ဘက်ခြမ်းက ညောင်ပင်ကြီးစုရွာ စာသင်ကျောင်းနဲ့ ရွာထဲကို Yak-130
မြန်မာသတင်း

NUG နဲ့ BNRA တိုက်ပွဲဖြစ်ပွားတဲ့နေရာကို စစ်တပ် ဗုံးကြဲ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 18 ရက်
  • 17 Views
ဖေဖော်ဝါရီလ (၁၈)ရက်။ မနေ့က ပုလဲနယ်မှာ NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ တပ်ရင်းတွေနဲ့ BNRA တို့ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာကို စစ်တပ်က ဗုံးလာကြဲသွားတယ်လို့ ဗိုလ်နဂါးရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ ခရိုင်ရင်းတွေ လာတိုက်သွားတဲ့ ပုပ္ပါးဂိတ်ကိုပဲ စစ်တပ်က
မြန်မာသတင်း

ထားဝယ်မှာ စစ်တပ်စခန်းနဲ့ စစ်ဆေးရေးဂိတ် တပြိုင်ထဲ တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအပါအဝင် (၁၉)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 22 Views
ဖေဖော်ဝါရီလ (၁၇)ရက်။ မနေ့က နံနက် (၆)နာရီအချိန်ခန့်က ထားဝယ်မြို့ မောင်မယ်ရှောင်ရွာရှိ (GTC) စစ်တပ်စခန်းနဲ့ ဘုရားမဲစစ်ဆေးရေးဂိတ်တို့ကို တပြိုင်ထဲ တိုက်ခိုက်ခဲ့တယ်လို့ DNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလိုတိုက်ခိုက်ခဲ့ရာမှာ အပြန်အလှန်ပစ်ခတ်တာ (၄)နာရီကြာမြင့်ခဲ့ပြီး
မြန်မာသတင်း

တိုက်ပွဲပြင်းထန်နေတဲ့ ဖားဆောင်းမြို့က သံလွင်တံတား မိုင်းခွဲခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 31 Views
ဖေဖော်ဝါရီလ (၁၇)ရက်။ တိုက်ပွဲပြင်းထန်နေတဲ့ ဖားဆောင်းမြို့အနီးရှိ သံလွင်တံတား(ဖားဆောင်း) ဒီကနေ့ နံနက်ပိုင်းအချိန်က မိုင်းခွဲဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ သံလွင်တံတား ဖျက်ဆီးခံရတာ ဟုတ်ပါတယ်။ ဒါပေမယ့် ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာတော့ သေချာမသိရဘူး။ အခုဖျက်ဆီးခံရတာက ဖားဆောင်းဘက်အခြမ်းမှာဖြစ်တာ” လို့
မြန်မာသတင်း

ရွှေဘိုခရိုင်ထဲ PDF နဲ့ ပကဖတွေရဲ့ ဂိတ်တွေအားလုံး ပိတ်သိမ်းဖို့ ညွှန်ကြားထား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 29 Views
ဖေဖော်ဝါရီလ (၁၇)ရက်။ ရွှေဘိုခရိုင်စစ်ဌာန နယ်မြေထဲက PDF တွေ၊ Local PDF တွေနဲ့ ပကဖတွေ ဖွင့်လှစ်ထားတဲ့ ဂိတ်တွေအားလုံးကို ‌ပိတ်သိမ်းဖို့ ခရိုင်ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အမှတ်(၁)ရွှေဘိုခရိုင်စစ်ဌာနနဲ့ ခရိုင်ပကဖတွေ ပါဝင်တဲ့ ခရိုင်ကွပ်ကဲရေးအဖွဲ့ရဲ့
မြန်မာသတင်း

ပုလဲနယ်ထဲရှိ BNRA ဂိတ်စခန်းတွေကို MOD တပ်ရင်းတွေ တိုက်ခိုက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 27 Views
ဖေဖော်ဝါရီလ (၁၇)ရက်။ ဒီကနေ့ နံနက် (၇)နာရီခွဲအချိန်ကစပြီး ပုလဲနယ်ထဲရှိ BNRA ဂိတ်စခန်းတွေကို MOD တပ်ရင်းတွေ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်နဂါးရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ NUG ရဲ့ MOD တပ်ရင်းတွေဟာ ဒီကနေ့