ဇူလိုင်လ (၂)ရက်။
မနေ့က ညနေပိုင်းအချိန်မှာ ကျောက်မဲမြို့ထဲ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး ထပ်မံသေဆုံးခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ကျောက်မဲမြို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်တာကြောင့် ရပ်ကွက်(၈)ထဲ ကျရောက်ခဲ့ပြီး အမျိုးသား (၂)ဦးနဲ့ အမျိူသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
မနေ့က ညနေ(၆)နာရီခွဲအချိန်ကလဲ သီပေါမြို့နယ်၊ စံဖိတ်ကွက်သစ်ထဲ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲ (၆)ရက်တာကာလထဲ စစ်ကောင်စီက အင်အားပြင်းလက်နက်ဖြစ်တဲ့ ပေါင်(၅၀၀)ဗုံးအပါအ၀င် လေကြေညင်းနဲ့ လက်နက်ကြီးတွေ ပစ်ခတ်တာကြောင့် အရပ်သား (၂၅)ဦးသေဆုံးကာ (၃၇)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
စစ်ကောင်စီပစ်ခတ်တာတွေကြောင့် အရပ်သားနေအိမ် စုစုပေါင်း (၅၀)နီးပါး ပျက်စီးခဲ့ကာ ဇွန်လ (၃၀)ရက်နေ့က ကျောက်မဲမြို့ကို ပေါင်(၅၀၀)ဗုံးနဲ့ ကြဲချခဲ့တဲ့အတွက် One Love ဟိုတယ်နဲ့ ဘုန်းကြီးကျောင်းဆောင်အပါအ၀င် နေအိမ် (၂၀)လုံး ပျက်စီးခဲ့ရပါတယ်။
ကျောက်မဲမြို့ရှိ One Love ဟိုတယ်ကို စစ်ကောင်စီတပ်က TNLA တပ်ဖွဲ့၀င်တွေရှိတာကြောင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာဆိုပြီး စစ်လော်ဘီတွေရဲ့ မနေ့က ရေးသားထားချက်တွေအရ သိရပါတယ်။