နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 31 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်မြို့မှာ ဆဲဗင်းဂျူလိုင် အရေးအခင်းအထိမ်းအမှတ် လှုပ်ရှား‌မှုတွေပြုလုပ်

ဇူလိုင်လ (၇)ရက်။

ဒီကနေ့ကျရောက်တဲ့ ဆဲဗင်းဂျူလိုင် (၆၂)နှစ်ပြည့် အရေးအခင်းအထိမ်းအမှတ်အနေနဲ့ ရန်ကုန်မြို့မှာ ဆန္ဒပြလှုပ်ရှားမှုတွေကို တော်လှန်လူငယ်တွေက ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဆဲဗင်းဇူလိုင်အထိမ်းအမှတ်အနေနဲ့ ရန်ကုန်မြို့က အထင်ကရနေရာတွေမှာ တော်လှန်လူငယ်တွေက “ အထွေထွေအကြပ်အတည်းဖြေရှင်းဖို့ ရဟန်းရှင်လူ ပုန်ကန်စို့” စာသားပါဘန်နာကို ချိတ်ဆွဲခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီလှုပ်ရှားမှုထဲ အထွေထွေအကြပ်အတည်း ဖြေရှင်းဖို့အပါအ၀င် စစ်အာဏာရှင်စနစ်(စစ်သုံးစစ်)ဆန့်ကျင်ဖို့ လှုံ့ဆော်တာတွေလဲ ပြုလုပ်ခဲ့ကြပါတယ်။

ဒါ့ပြင် ရန်ကုန်မြို့လယ်ခေါင်အပါအ၀င် လုံခြုံရေးတင်းကြပ်ထားတဲ့‌ နေရာတွေမှာ 7 July မမေ့ကြဖို့ကိုလဲ စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု(AJAY)က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

AJAY အနေနဲ့ ၁၉၆၂ခုနှစ် ဇူလိုင်လ (၇)ရက်နေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ကျောင်းသားများစွာကို ပစ်သတ်ပြီး သမဂ္ဂအဆောက်အအုံကို ဒိုင်းနမိုက်နဲ့ ရက်စက်စွာ ဖျက်ဆီးခဲ့တဲ့ စစ်အာဏာရှင်တွေရဲ့ ရက်စက်မှုနဲ့ သမိုင်းကို မမေ့ဖို့ ဓါတ်ပုံရိုက်လှုပ်ရှားမှု ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

စစ်အာဏာရှင်တို့ရဲ့ ဆိုးဝါးရက်စက်တာဟာ နိုင်ငံထဲ နှစ်ပေါင်းများစွာ ကြာမြင့်နေတာကို သတိပြုကြဖို့နဲ့ အဲ့ဒီစနစ်ဆိုးကို အခွင့်အခါကြုံခိုက် အမိအရ အမြစ်ဖြတ်ဖို့အတွက် တော်လှန်ရေးကို တတ်နိုင်တဲ့ဘက်က အားစိုက်ပါဝင်ဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ငလျင်ကြောင့် အခုရက်သတ္တပတ်ကို နိုင်ငံအဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ စစ်ကောင်စီသတ်မှတ်

  • 2025 ခုနှစ်၊ မတ်လ 31 ရက်
  • 1 Views
မတ်လ (၃၁)ရက်။ အင်အားပြင်းငလျင်ဖြစ်စဉ်ကြောင့် အခုရက်သတ္တပတ်ကို နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့အနေနဲ့ သတ်မှတ်လိုက်တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ
မြန်မာသတင်း

လူသားစာနာတဲ့အကူအညီတွေကို စစ်တပ်က အခွင့်ကောင်းယူပြီး နိုင်ငံရေးအမြတ်မထုတ်အောင် စောင့်ကြည့်ဖို့ KNU တိုက်တွန်း

  • 2025 ခုနှစ်၊ မတ်လ 31 ရက်
  • 1 Views
မတ်လ (၃၁)ရက်။ ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် ပေးအပ်တဲ့ လူသားစာနာတဲ့အကူအညီတွေကို စစ်တပ်က အခွင့်ကောင်းယူပြီး နိုင်ငံရေးအမြတ်မထု‌တ်အောင် စောင့်ကြည့်ဖို့ KNU ရဲ့
မြန်မာသတင်း အရှေ့တောင်အာရှ

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အထူးအရေးပေါ်အစည်းအဝေးမှာ ဝိုင်းဝန်းကူညီပေးဖို့ စစ်ကောင်စီ မေတ္တာရပ်ခံ

  • 2025 ခုနှစ်၊ မတ်လ 31 ရက်
  • 1 Views
ငလျင်ကြောင့် စစ်ကောင်းစီဝန်ကြီး ရုံးခန်းပျောက်ပြီး အဆောက်အဦအပြင်ကနေ အစည်းအဝေးတက်ခဲ့ရ မတ်လ (၃၁)ရက်။ မနေ့က ဗီဒီယိုကွန်ဖရန့်စနစ်နဲ့ပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အထူးအရေးပေါ်အစည်းအဝေးကို စစ်ကောင်စီဘက်က နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အထူးအရေးပေါ်အစည်းအဝေးမှာ မြန်မာနဲ့ ထိုင်းတို့မှာ
မြန်မာသတင်း

Sky Villa ကွန်ဒို ရှာဖွေကယ်ဆယ်တာ ရပ်နားပေမယ့် မြောက်ဘက်ခြမ်းမှာ ဆက်လုပ်နေ

  • 2025 ခုနှစ်၊ မတ်လ 31 ရက်
  • 2 Views
မတ်လ (၃၁)ရက်။ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ မန္တလေးရှိ Sky Villa ကွန်ဒိုမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ရပ်နားလိုက်ပြီလို့ ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ “ ကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်လိုက်တာက တောင်ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းတွေမှာပါ။ အဲ့ဒီဘက်တွေမှာ
မြန်မာသတင်း

နေပြည်တော်မှာ ပိတ်မိနေသူတစ်ဦးကို မြန်မာနဲ့ စင်ကာပူ ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ထုတ်ပေးခဲ့

  • 2025 ခုနှစ်၊ မတ်လ 30 ရက်
  • 10 Views
မတ်လ (၃၀) ရက်။ ငလျင်ကြောင့် နေပြည်တော်မှာ ပိတ်မိနေသူတွေကို မြန်မာနိုင်ငံက ကယ်ဆယ်ရေးအဖွဲ့နဲ့ နိုင်ငံတကာက ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေကယ်တင်နေရာ နေပြည်တော် သပြေကုန်းရုပ်ရှင်ရုံ သစ္စာလမ်းရှိ နေအိမ်အတွင်း နာရီ လေးဆယ်ကျော်ကြာ ပိတ်မိနေတဲ့ အမျိုးသားတစ်ဦးကို မနေ့ည
မြန်မာသတင်း

နေပြည်တော်တွင် အပျက်အစီးများကြား နာရီ ၄၀ နီးပါးကြာ ပိတ်မိနေသူတစ်ဦးကို တရုတ်ကယ်ဆယ်ရေးအဖွဲ့က ကယ်ထုတ်နိုင်ခဲ့

  • 2025 ခုနှစ်၊ မတ်လ 30 ရက်
  • 11 Views
မတ်လ (၃၀) ရက်။ မြန်မာနိုင်ငံ၊ နေပြည်တော်မှာ မြန်မာနိုင်ငံက ကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ ကယ်ဆယ်ရေး ဆောင်ရွက်လျက်ရှိတဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့က မတ် ၃၀ ရက် မနက် ၅ နာရီမှာ သက်ကြီးရွယ်အိုအမျိုးသားတစ်ဦးအား ကယ်တင်နိုင်ခဲ့တယ်လို့
မြန်မာသတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ မျက်မမြင်ကျောင်း၊ သီလရှင်ကျောင်း အပါအဝင် စစ်ကိုင်းမြိုက ပြိုကျအဆောက်အုံတွေမှာ ပိတ်မိနေတဲ့ ၃၆ ဦးကို ကယ်ထုတ်နိုင်ခဲ့

  • 2025 ခုနှစ်၊ မတ်လ 30 ရက်
  • 9 Views
မတ်လ (၃၀) ရက်။ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ မျက်မမြင်ကျောင်း၊ သီလရှင်ကျောင်း၊ လူနေအိမ်တွေ၊ ရင်ခွင်သစ် KTV၊ ပိုးတန်းရပ်ကွက်ရှိ ပညာရေးကောလိပ်၊ (အ.ထ.က) (၁) စာသင်ကျောင်း၊ စွယ်တော်နန်းတည်းခိုခန်း၊ တိုးတက်ဝေကွန်ပျူတာဆိုင်၊ ချင်းစုရပ်ကွက်ရှိ မြတ်ကိုယ်ပိုင်ကျောင်း၊
မြန်မာသတင်း

ရှမ်းပြည်နယ် အောင်ပန်းဟိုတယ် ပြိုကျမှုမှ (၂၀) ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်

  • 2025 ခုနှစ်၊ မတ်လ 30 ရက်
  • 9 Views
မတ်လ (၃၀) ရက်။ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အောင်ပန်းမြို့၊ အမှတ်(၄) ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးရှိ “ အောင်ပန်းဟိုတယ်” မှာ ပြိုကျပျက်စီးသွားပြီး လူများ ပိတ်မိနေခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ လူမှုကူညီရေးအသင်းဝင်တွေက ရှာဖွေကယ်ဆယ်ရေးတွေ ပြုလုပ်လျက်ရှိရာ ဒီနေ့ မတ်