နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

နွေဦးတော်လှန်ရေးကာလ အသက်ပေးလှူခဲ့ကြတဲ့ တပ်ဖွဲ့၀င်တွေကို “ အသက်စွန့်အာဇာနည်ဆုတံဆိပ်” တွေ ပေးအပ်

ဇူလိုင်လ (၂၀)ရက်။

နွေဦးတော်လှန်ရေးကာလထဲ အသက်ပေးလှူသွားကြတဲ့ တပ်ဖွဲ့၀င်ရဲဘော်တွေကို “ အသက်စွန့်အာဇာနည်ဆုတံဆိပ်” တွေ ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

မနေ့က အာဇာနည်နေ့မှာ နွေဦးတော်လှန်ရေး (၃)နှစ်တာကာလထဲ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းဖို့နဲ့ တိုင်းပြည်နဲ့ ပြည်သူအတွက် အသက်ပေးလှူသွားခဲ့ကြတဲ့ ရဲဘော်တွေကို ဆုတံဆိပ်တွေ ပေးအပ်ခဲ့တာလို့ ဆိုပါတယ်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)မှာ တိုက်ပွဲ၀င်ရင်း အသက်ပေးဆပ်ခဲ့ကြရတဲ့ အာဇာနည်သူရဲကောင်း (၁၈)ဦးရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အထက်ပါအာဇာနည်ရဲဘော် (၁၈)ဦးဟာ ရန်ကုန်မြို့ပြစစ်ဆင်ရေးထဲ ကျဆုံးခဲ့ရသူ (၄)ဦးနဲ့ ကျေးလက်စစ်ဆင်ရေး စခန်းသိမ်းတိုက်ပွဲတွေထဲ ကျဆုံးခဲ့သူ (၁၄)ဦးတို့ဖြစ်တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် SOF အနေနဲ့ ကျဆုံးခဲ့တဲ့ SOF အာဇာနည်သူရဲကောင်းတွေကို ထာ၀ရအမှတ်ရ လေးစားပြီး (၇၇)နှစ်မြောက် အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် ကျဆုံးခဲ့တဲ့ အာဇာနည်ပုဂ္ဂိုလ်ကြီးတွေနဲ့အတူ အထူးဦးညွှတ်အလေးပြုတယ်လို့ ပြောဆိုထားပါတယ်။

မနေ့က အာဇာနည်နေ့မှာ တောင်ပိုင်းစစ်ဒေသရဲ့ အထူးလက်ရုံးတပ်ဖွဲ့ဖြစ်တဲ့ SOF(P29999/အထူးတပ်ဖွဲ့)ရဲ့ တပ်ရင်းစခန်းမှာ အာဇာနည်နေ့အခမ်းအနားကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တလထဲ တအာင်းပြည်မှာ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ (၅၀)နီးပါး သေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 1 ရက်
  • 18 Views
နိုဝင်ဘာလ (၁)ရက်။ အောက်တိုဘာလထဲ တအာင်းပြည်မှာ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ပြည်သူ (၄၉)ဦး သေဆုံးခဲ့ရတယ်လို့ TNLA ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ ဖမ်းဆီးခံထားရသူ (၈၈)ဦးအထိရှိလာ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 1 ရက်
  • 23 Views
ရွေးကောက်ပွဲ နှောင့်ယှက်သူတွေကို ဆက်လက်ဖမ်းဆီးဖို့ စစ်ကော်မရှင်ညွှန်ကြားထား ‌နိုဝင်ဘာလ (၁)ရက်။ အောက်တိုဘာလ (၂၉)ရက်နေ့အထိ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ ဖမ်းဆီးခံရသူ (၈၈)ဦးအထိရှိပြီလို့
မြန်မာသတင်း

တိုင်းနဲ့ပြည်နယ်တွေက မြို့နယ်တွေကို စစ်တပ်က အရေးပေါ်အခြေအနေနဲ့ စစ်အုပ်ချုပ်ရေးအမိန့် ဆက်လက်ကြေညာ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 1 ရက်
  • 21 Views
‌နိုဝင်ဘာလ (၁)ရက်။ တိုင်းနဲ့ပြည်နယ်တွေက မြို့နယ်တွေကို အရေးပေါ်အခြေအနေ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆက်လက်ကြေညာထားတယ်လို့ မနေ့က ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ တိုင်းနဲ့ပြည်နယ်တွေက မြို့နယ်တွေကို အရေးပေါ်အခြေအနေ ကြေညာတဲ့အမိန့်ကို မနေ့ကစပြီး ရက်ပေါင်း (၉၀)အထိ
မြန်မာသတင်း

ရန်ကုန်ရှိ စစ်တပ်ရဲ့ ရွှေပေါက္ကံနယ်မြေရဲစခန်း ဗုံးပစ်တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 1 ရက်
  • 19 Views
နိုဝင်ဘာလ (၁)ရက်။ မနေ့က ည (၁၀)နာရီကျော်အချိန် ရန်ကုန် မြောက်ဥက္ကလာပမြို့ရှိ ‌စစ်တပ်လက်အောက်ခံ ရွှေပေါက္ကံနယ်မြေရဲစခန်းကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army(YA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က ည (၁၀)နာရီ (၁၇)မိနစ်အချိန်မှာ
မြန်မာသတင်း

ညောင်ဦးမြို့ ငါ့သရောက်ရဲစခန်းကထွက်လာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၈)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 1 ရက်
  • 11 Views
အောက်တိုဘာလ (၃၁)ရက်။ အောက်တိုဘာလ (၂၉)ရက်နေ့ နံနက် (၈)နာရီခန့်က ညောင်ဦးမြို့ ငါ့သရောက်ရဲစခန်းကနေ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အင်အား (၁၀၀)ကျော်နဲ့ ငါ့သရောက်ရဲစခန်းကနေ အိုရင်းရွာဘက်ကို
မြန်မာသတင်း

ရခိုင်ရှိ မြို့နယ်တွေကို စစ်တပ်ရဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် ပြည်သူ (၁၂)ဦးသေဆုံးပြီး (၃၂)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 31 ရက်
  • 53 Views
အောက်တိုဘာလ (၃၁)ရက်။ ရခိုင်ရှိ စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်ဖြူ၊ ပေါက်တောနဲ့ ဇင်ချောင်းတိုက်နယ်ရှိ ကုန်ဘွေရွာကို စစ်တပ်က လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးအပြင် ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မိုးကုတ်မြို့ကို ခွေးတိုးပေါက်ကဝင်လာတဲ့ စစ်ကော်မရှင်ကို ‌တိုက်ထုတ်မယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 31 ရက်
  • 44 Views
အောက်တိုဘာလ (၃၁)ရက်။ မိုးကုတ်မြို့ကို ဆက်လက်ကာကွယ်ဖို့ အကြောင်းအမျိုးမျိုးကြောင့် တော်လှန်ရေးတာဝန်ကနေ အနားယူထားတဲ့ တော်လှန်ရေးရဲဘော်တွေကို မြို့နယ်ပကဖက မနေ့က ပြန်လည်ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။ မိုးကုတ်မြို့ရဲ့ လက်ရှိ စစ်ရေးအခြေအနေကြောင့် စစ်ကော်မရှင်ကို ပြန်လည်ခုခံတွန်းလှန်ဖို့ တော်လှန်ရေးရဲဘော်ဟောင်းတွေကို ပူးပေါင်းတိုက်ခိုက်နိုင်ဖို့အတွက် ဖိတ်ခေါ်တာလို့
မြန်မာသတင်း

အနုပညာရှင်တွေရဲ့ ပြည်ပထွက်ခွာခွင့် စစ်တပ် ကန့်သတ်ပိတ်ပင်ထား

  • 2025 ခုနှစ်၊ အောက်တိုဘာလ 31 ရက်
  • 37 Views
အောက်တိုဘာလ (၃၁)ရက်။ ပြည်တွင်းရှိ အနုပညာရှင်တွေရဲ့ ပြည်ပထွက်ခွာခွင့်ကို စစ်တပ်က ကန့်သတ်ပိတ်ပင်ထားတယ်လို့ စစ်တပ်ထောက်ခံတဲ့ ယုန်လေးက မနေ့က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ “ အနုပညာရှင်တွေ နိုင်ငံရပ်ခြားထွက်ရင် ကြိုအကြောင်းကြားပြီးမှ သွားလို့ရပါတော့မယ်။ ဒီနေ့တဖွဲ့ လှည့်ပြန်လာခဲ့ရပါတယ်။