နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 1 ရက်

မြန်မာသတင်း

မြန်မာသတင်း

မင်းကင်းမြို့နယ်မှာ ပသုံးလုံးက ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်နဲ့ CDM ဆရာမကို ဖမ်းဆီးမင်းကင်းမြို့မှာ မြို့နယ်ပကဖက ကျေးရွာပကဖ ခန့်အပ်တဲ့ အစည်းအဝေးမှာ ရွာသားတွေကို သေနတ်ပြခြိမ်းခြောက်၊ အရင်ကျေးရွာပကဖတွေကို ကြိုးတုတ်ဖမ်းဆီးထားမင်းကင်းမြို့နယ်မှာ ပသုံးလုံးက ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်နဲ့ CDM ဆရာမကို ဖမ်းဆီး

ဇူလိုင်လ (၂၂) ရက်။

မင်းကင်းမြိုမှာ မြိုနယ်ပကဖရဲ့ ဒုတာ၀န်ခံ ဇော်မင်းက ကျေးရွာပကဖအစည်းအဝေးထဲ သေနတ်ပြ ခြိမ်းခြောက်တာတွေ ပြုလုပ်ခဲ့တယ်လို လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွာခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

“ အခုရက်ပိုင်းမှာပဲ ရွာက ပကဖတွေပြန်ရွေးတဲ့အစည်းအဝေးမှာ သူတိုခန့်တဲ့ ပကဖတွေကို လက်မခံဘူးလို့ ရွာသားတွေက ပြောတာကို မြို့နယ်ပကဖတာ၀န်ခံ ဇော်မင်းအဖွဲက သေနတ်နဲ့ ထုတ်ချိန်တာကြောင့် အဲ့ဒီအစည်းအဝေးက ပျက်သွားပါတယ်” လို သူက ဆိုပါတယ်။

အရင်က ကျေးရွာပကဖတွေကို ဖွဲစည်းခဲ့ရာမှာ အဖွဲ၀င် (၉)ဦးနဲ့ ဖွဲစည်းခဲ့ကာ အခု ပြန်လည်ဖွဲစည်းရာမှာတော့ (၅) ဦးနဲ့သာ ပြောင်းလဲဖွဲစည်းခဲ့သလို မဲစနစ်နဲ့ရွေးချယ်ခဲ့တယ်ဆိုပေမယ့် ရွာသားတွေရွေးချယ်ခွင့် မရခဲ့ဘူးလို သိရပါတယ်။

“ အခုသူတိုစိတ်ကြိုက်ခန့်ခဲ့တဲ့ ကျေးရွာပအဖ ဦးမြင့်စိန်က ရွာမှာဘာမှလုပ်တာမရှိဘူး၊ တော်လှန်ရေးထဲလဲ ထဲထဲဝင်ဝင်ပါတာမရှိဘူး၊ နောက်ပြီးတော့ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးမှာလဲ ထဲထဲ၀င်၀င်မပါဘူး” လို ဆက်ပြောပါတယ်။

ဒါ့အပြင် မြိုနယ်ပကဖဒုတာ၀န်ခံ ကိုဇော်မင်းနဲ့အဖွဲ၀င်တွေဟာ ဒီကနေ့ နံနက်ပိုင်းမှာ ကျေးရွာထဲ အလှူခံဂိတ်ဖွင့်လိုဆိုပြီး CDM ဆရာမတစ်ဦး၊ အရင်ပကဖခေါင်းဆောင်နဲ့ တိုက်နယ်ပကဖခေါင်းဆောင်တိုအပါအ၀င် ရဲဘော် (၁၀)ဦးခန့်ကို ကြိုးတုတ်ဖမ်းဆီးခဲ့တယ်လို သိရပါတယ်။

“ ကိုဇော်မင်းတို့က ရွာအလှူခံဂိတ်ဖွင့်လိုဆိုပြီး CDM ကျောင်းတာ၀န်ခံဆရာမနဲ့ အရင်ပကဖခေါင်းဆောင်ရယ် ပြီးတော့ တိုက်နယ်ပကဖခေါင်းဆောင်ရယ်နဲ့ အခြားတော်လှန်ရေးအဖွဲ၀င် (၁၀)ဦးလောက်ကို ကြိုးတုတ်ပြီး ဖမ်းသွားတယ်၊ အခုညနေအထိပြန်မလွှတ်သေးဘူး” လို သူက ထပ်မံပြောပါတယ်။

အခုလို ဖမ်းဆီးတာတွေဟာ ကျေးရွာပကဖတွေ ပြန်လည်ရွေးချယ်ဖိုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ဖြစ်ခဲ့တာတွေကို မကျေနပ်တာကြောင့် ကိုဇော်မင်းနဲ့အဖွဲက ပြုလုပ်တာဖြစ်တယ်လို ရွာခံတွေက ပြောဆိုနေကြပါတယ်။

ပကဖဒုတာ၀န်ခံ ကိုဇော်မင်းဟာ ကျောင်းတာ၀န်ခံ CDM ဆရာမ ဒေါ်ဖြိုးပပမွန်နဲ့ ပကဖခေါင်းဆောင်တွေအပါအ၀င် ရဲဘော်တွေကို စစ်ဆေးမယ်ဆိုပြီး ခေါ်ဆောင်သွားခဲ့ကာ ညနေပိုင်းအချိန်အထိ ပြန်လည်လွတ်မြောက်လာတာမရှိသေးပါဘူး။

ကျေးရွာထဲဖွင့်လှစ်ထားတဲ့ အလှူခံဂိတ်ဟာ ပညာရေး၊ ကျန်းမာရေးနဲ့ ကာကွယ်ရေးတိုအတွက် ရည်ရွယ်ကာ NUG မြိုနယ်ပညာရေးမှူးရုံးတိုရဲ့ ခွင့်ပြုချက်နဲ့ ဖွင့်လှစ်ထားတာပြီး ဦးဆောင်ဖွင့်လှစ်ထားတဲ့ ကျောင်းတာ၀န်ခံ CDM ဒေါ်ဖြိုးပပမွန်ကို နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လိုလဲ သိရပါတယ်။

ဓာတ်ပုံ။

ကျေးရွာပသုံးလုံးအဖွဲ့ဝင်တွေ ပြန်လည်ဖွဲ့စည်းဖို့ မြို့နယ်ပကဖဒုတာဝန်ခံနဲ့ ဒေသခံများကို တွေ့ရစဉ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရေးမြိုမှာ DKBA ခေါင်းဆောင်တဦးကို ရေးဘီလူးတပ်ရင်း ဝင်ရောက်ပစ်ခတ်၊ လက်နက်ခဲယမ်းအချို သိမ်းဆည်းရမိခဲ့တယ်လိုဆို

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 23 Views
ဧပြီလ (၃၀)ရက်။ ရေးမြိုနယ်မှာ စစ်တပ်နဲ့ပူးပေါင်းတဲ့ DKBA ခေါင်းဆောင် ထွန်းရီဆိုသူကို ပစ်ခတ်ခဲ့တယ်လို ရေးဘီလူးတပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ကဆုန်လပြည့်ဗုဒ္ဓနေ့ အကျဉ်းသား (၁၅၀၀)ကျော်ကို ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင် လွတ်ငြိမ်းခွင့်ပေး

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 20 Views
ဧပြီလ (၃၀)ရက်။ ဒီကနေ့မှာကျရောက်တဲ့ ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အနေနဲ့ အကျဉ်းသား (၁၅၀၈)ဦးကို ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်က လွတ်ငြိမ်းခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်က
မြန်မာသတင်း

ပုလဲနယ်ထဲ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က အထိအခိုက်အကျအဆုံး များပြားခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 23 Views
ဧပြီလ (၃၀)ရက်။ ဖေဖော်ဝါရီလ (၂၂ရက်နေ့ကစပြီး ပုလဲနယ် ချင်ပစ်-မုံသွင်ဘက်မှာ အင်အား (၄၀၀)ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ယင်းမာပင်ခရိုင်ပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေအကြား (၁)လကျော်ကြာ
မြန်မာသတင်း

မြိုင်မြို့ရှိ စစ်ကော်မရှင်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 32 Views
ဧပြီလ (၂၉)ရက်။ ဒီကနေ့ မြိုင်မြို့နယ်အရှေ့မြောက်ရှိ စစ်ကော်မရှင်ဂိတ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကော်မရှင်ဂိတ်စခန်းကို ပခုက္ကူခရိုင် အမှတ်(၂၊၆၊၇)တပ်ရင်းတွေ၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်တော်(MGY) အညာမြေတပ်ပေါင်းစုနဲ့ မြိုင်(ပ.က.ဖ)တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ နှစ်ဖက်တိုက်ပွဲဟာ (၁)နာရီနီးပါး ကြာမြင့်ခဲ့ပြီး အဲ့ဒီဂိတ်နေရာမှာ
မြန်မာသတင်း

“ The Low-Class Intellectuals”

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 28 Views
By U Tin Nyunt (April 16, 2026) Note: The Author was arrested after he published the article and his whereabout
မြန်မာသတင်း

ရေးမြို့ ဖားအင်အခြေစိုက် စစ်တပ်ရဲ့ စကခ(၁၉)ရှိ လက်နက်ခဲယမ်းတိုက် ဖောက်ခွဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 36 Views
စစ်တပ်ဘက်က လက်နက်မျိုးစုံ (၂၀၀)ခန့် ပျက်စီးခဲ့ပြီး (၄)ဦးသေဆုံးခဲ့ ဧပြီလ (၂၉)ရက်။ ဧပြီလ (၁၉)ရက်နေ့ နေ့လယ် (၃)နာရီအချိန်က ရေးမြို့ ဖားအင်အခြေစိုက် စစ်တပ်ရဲ့ စကခ(၁၉)ရှိ လက်နက်ခဲယမ်းတိုက်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ နည်းဗျူဟာ(၃၃)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

အရောတော်မှာ စစ်တပ်ရဲ့ ဗုံးကြဲတာကြောင့် ဒဏ်ရာရတဲ့ ပျူစောထီးမိသားစုကို ပကဖက ကယ်ဆယ်စောင့်ရှောက်ထား

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 26 Views
ဧပြီလ (၂၉)ရက်။ အရာတော်ဒေသမှာ ဒဏ်ရာရတဲ့ စစ်တပ်ဒေါက်တိုင် ပျူစောထီးမိသားစုကို မြို့နယ်ပကဖက တိုက်ပွဲကနေ ကယ်ဆယ်စောင့်ရှောက်ထားတယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သလဲဘာရွာ ပြည်သူ့စစ်ရဲဘော် ငလင်းရဲ့ ဇနီးနဲ့ ကလေးငယ်တဦးဟာ အရာတော်ဒေသ တိုက်ပွဲထဲ စစ်တပ်ရဲ့
မြန်မာသတင်း

နွားထိုးကြီးနယ် ထိတွေ့တိုက်ပွဲထဲ စစ်တပ်ဘက်က (၂၀)ဦးခန့် ‌သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 38 Views
ဧပြီလ (၂၉)ရက်။ နွားထိုးကြီးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့အကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ နွားထိုးကြီး PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဧပြီလ (၂၄)ရက်နေ့ နံနက် (၆)နာရီခွဲအချိန်က နွားထိုးကြီးမြို့ ခံစပ်ကုန်း(န)ရွာကနေ အင်အား