ဇူလိုင်လ (၂၉)ရက်။
လားရှိုးထောင်ကနေ လွတ်မြောက်သွားတဲ့ ဦးထွန်းထွန်းဟိန်အပါအ၀င် နိုင်ငံရေးအကျဉ်းသား (၂၀၀)ကျော်ကို ကောင်းမွန်စွာ စောင့်ရှောက်ထားတဲ့ MOD တာ၀န်ရှိသူတစ်ဦးရဲ့ ပြောဆိုချက်အရ သိရပါတယ်။
“ ဆရာဦးထွန်းထွန်းဟိန်အပါအ၀င် နိုင်ကျဉ်း (၂၀၀)ကျော်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)လားရှိုးခရိုင်နဲ့တော်လှန်ရေးအင်အားစုများက ကောင်းမွန်စွာ စောင့်ရှောက်ထားပါတယ်” လို့ ဦးမောင်မောင်ဆွေက ဆိုပါတယ်။
လားရှိုးအကျဉ်းထောင်ကနေ လွတ်မြောက်သွားသူတွေဟာ အခုအချိန်အထိတော့ မိသားစု၀င်တွေနဲ့ တွေ့ဆုံဆက်သွယ်ခွင့်မရရှိသေးပေမယ့် တော်လှန်ရေးအင်အာစုတွေက စောင့်ရှောက်တယ်ဆိုတာကို အသိပေးထားပါတယ်။
အခုအခါ လားရှိုးမြို့ကို ကိုးကန့်တပ်(MNDAA)က ထိန်းချုပ်ထားနိုင်ခဲ့တာဖြစ်ပြီး မနေ့က နံနက်ပိုင်းအချိန် အကျဉ်းထောင်အနီး MNDAA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ရာက ထောင်ပွင့်သွားခဲ့ပါ။
လားရှိုးမြို့အကျဉ်းထောင်မှာ စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်တာကြောင့် စစ်ကောင်စီရဲ့ ဖမ်းဆီးတာခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စိစစ်ပြီး နေရပ်ပြန်ပို့သွားမယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြထားပါတယ်။
လားရှိုးထောင်တိုက်ပွဲနဲ့ပတ်သက်ပြီး ကိုးကန့်တပ်(MNDAA)ဘက်က တရား၀င် သတင်းထုတ်ပြန်ထားတာမရှိသေးသလို စစ်ကောင်စီဘက်ကလဲ တစုံတရာ ပြောဆိုထားတာမရှိသေးဘူးလို့ သိရပါတယ်။